ပြည်တွင်း စားအုန်းဆီစျေး တစ်ပိဿာ ၇၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြည်တွင်းထွက် မြေပဲဆီစျေးနူန်းလည်း မြင့်တက်လာခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

ယခင်က စားအုန်းဆီ တစ်ပိဿာကို ၁၈၀၀ ကျပ်ထိသာရှိရာက အခု ၇၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာတာဖြစ်ပြီး မြေပဲဆုံဆီအစစ်ကလည်း အခုရက်ပိုင်းမှာ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိမြင့်တက်လာကာ နေကြာဆီစျေးကလည်း တစ်ပိဿာ ၉၀၀၀ ကျော်အထိမြင့်တက်လာသလို၊ဟင်းသီးဟင်းရွက်ဆီစျေးနူန်းလည်းမြင့်တက်လာတာဖြစ်ပါတယ်။

ယခု ဆီစျေးမြင့်တက်မှုဟာ အခြေခံလူတန်းစားတွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်ပြီး အခက်အခဲဖြစ်နေရတယ်လို့ စားသုံးသူများက ဆိုပါတယ်။

စားအုန်းဆီစျေးနူန်းကိုထိန်းဖို့အတွက် အစိုးရ တာဝန်ရှိသူတွေက ပြည်သူတွေလက်ထဲအရောက် ဆီရောင်းချပေးတာတွေရှိနေပေမယ့်လည်း လောက်ငှအောင် မရောင်းချနိုင်တာကြောင့် စားအုန်းဆီစျေးက ကျဆင်းလာတာမျိုးမရှိဘဲ ၈၀၀၀ ကျပ်နီးပါးအထိ မြင့်တက်လာနေဆဲဖြစ်တယ်လို့ သ်ိရပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ ပြည်တွင်းမှာသာ ဆီထွက်သီးနှံတွေကို တိုးချဲ့စိုက်ပျိုးပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ပြည့်မီ အောင် ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မှုအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း စတဲ့အကျိုးကျေးဇူးအားလုံးကို ရရှိနိုင်မှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။

#mhtnews

(Zawgyi)

“စားအုန်းဆီဈေး တစ်ပိဿာ ၇၇၀၀ အထိ စံချိန်တင် မြင့်တက်ပြီး ပြည်တွင်းထွက် မြေပဲဆီနဲ့ နေကြာဆီဈေးပါ မြင့်တက်”

ပြည်တွင်း စားအုန်းဆီဈေး တစ်ပိဿာ ၇၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြည်တွင်းထွက် မြေပဲဆီဈေးနူန်းလည်း မြင့်တက်လာခဲ့တယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။

ယခင်က စားအုန်းဆီ တစ်ပိဿာကို ၁၈၀၀ ကျပ်ထိသာရှိရာက အခု ၇၇၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်လာတာဖြစ်ပြီး မြေပဲဆုံဆီအစစ်ကလည်း အခုရက်ပိုင်းမှာ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိမြင့်တက်လာကာ နေကြာဆီဈေးကလည်း တစ်ပိဿာ ၉၀၀၀ ကျော်အထိမြင့်တက်လာသလို၊ဟင်းသီးဟင်းရွက်ဆီဈေးနူန်းလည်းမြင့်တက်လာတာဖြစ်ပါတယ်။

ယခု ဆီဈေးမြင့်တက်မှုဟာ အခြေခံလူတန်းစားတွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်ပြီး အခက်အခဲဖြစ်နေရတယ်လို့ စားသုံးသူများက ဆိုပါတယ်။

စားအုန်းဆီဈေးနူန်းကိုထိန်းဖို့အတွက် အစိုးရ တာဝန်ရှိသူတွေက ပြည်သူတွေလက်ထဲအရောက် ဆီရောင်းချပေးတာတွေရှိနေပေမယ့်လည်း လောက်ငှအောင် မရောင်းချနိုင်တာကြောင့် စားအုန်းဆီဈေးက ကျဆင်းလာတာမျိုးမရှိဘဲ ၈၀၀၀ ကျပ်နီးပါးအထိ မြင့်တက်လာနေဆဲဖြစ်တယ်လို့ သျိရပါတယျ။


#mhtnews