အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ မတ် ၂၇ ရက်နံနက် ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၆)ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမား (စိစစ်ဆဲ)တို့က စီးပွားရေးတက္ကသိုလ်၏ အရှေ့ဘက်ကိုက် ၃၀၀ ခန့်အကွာမှ လက်လုပ်စိန်ပြောင်းဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ နှင်းဆီအဆောင် အခန်းအမှတ်(၃) လူနေအိမ် အဆောက်အဦ၏ အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သုခမိန်လမ်းပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သမားအမျိုးသား ၂ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့်ပစ်ပေါက်ထွက် ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ မြို့နယ်ပညာရေးမှူးရုံးအရှေ့ခြံစည်းရိုးအပြင် ပလက်ဖောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ နိုင်ငံ့ ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်း ခြောက်ခြင်းနှင့် ပညာရေးဆိုင်ရာအဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)

“စာသင္ေက်ာင္းမ်ားဖြင့္လွစ္သင္ၾကားေပးလ်က္ရွိသည္ကိုမလိုလားသည့္အၾကမ္းဖက္သမားမ်ားကပညာေရးဆိုင္ရာအေဆာက္အဦမ်ားအားမိုင္းေထာင္ေဖာက္ခြဲပစ္ခတ္ျခင္းမ်ားျပဳလုပ္”

အနာဂတ္လူငယ္၊ လူ႐ြယ္မ်ား ပညာရည္ျမင့္မားေရးအတြက္ စာသင္ေက်ာင္းမ်ားဖြင့္လွစ္၍ စာေပသင္ၾကားေပးလ်က္ရွိသည္ကို လိုလားမႈမရွိသည့္ နိုင္ငံေရးအစြန္းေရာက္ အၾကမ္းဖက္သမား မ်ားအေနျဖင့္ ဆရာ၊ ဆရာမမ်ားအား ၿခိမ္းေျခာက္ျခင္း၊ ရက္စက္စြာသတ္ျဖတ္ျခင္း၊ ပညာေရး ဆိုင္ရာ႐ုံးဌာနမ်ားႏွင့္ စာသင္ေက်ာင္းမ်ားကို မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ား ျပဳလုပ္လ်က္ရွိသည္ကို ေတြ႕ရွိလာရပါသည္။

ထိုသို႔ အၾကမ္းဖက္လုပ္ရပ္မ်ား ျပဳလုပ္လ်က္ရွိရာ မတ္ ၂၇ ရက္နံနက္ ၃ နာရီ ၁၅ မိနစ္တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ နႏၵဝန္ရပ္ကြက္၊ နယ္ေျမ (၆)ရွိ မုံ႐ြာစီးပြားေရးတကၠသိုလ္အား PDF အမည္ခံအၾကမ္းဖက္သမား (စိစစ္ဆဲ)တို႔က စီးပြားေရးတကၠသိုလ္၏ အေရွ႕ဘက္ကိုက္ ၃၀၀ ခန႔္အကြာမွ လက္လုပ္စိန္ေျပာင္းျဖင့္ ၃ ခ်က္ပစ္ခတ္ခဲ့ရာ ႏွင္းဆီအေဆာင္ အခန္းအမွတ္(၃) လူေနအိမ္ အေဆာက္အဦ၏ အမိုးႏွင့္မ်က္ႏွာက်က္တို႔ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း သိရွိရသည္။

အလားတူ မတ္လ ၂၇ ရက္ ညေန ၅ နာရီ ၂၀ မိနစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (ဆ)ရပ္ကြက္၊ သုခမိန္လမ္းေပၚရွိ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးအား ဆိုင္ကယ္ စီးနင္းလာသည့္ အၾကမ္းဖက္သမားအမ်ိဳးသား ၂ ဦးက လက္လုပ္ဗုံးတစ္လုံးျဖင့္ပစ္ေပါက္ထြက္ ေျပးခဲ့ရာ လက္လုပ္ဗုံးမွာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးအေရွ႕ၿခံစည္းရိုးအျပင္ ပလက္ေဖာင္းအနီး က်ေရာက္ ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦ ထိခိုက္ပ်က္စီးမႈမရွိေၾကာင္း သိရသည္။

ထိုကဲ့သို႔ ကေလးသူငယ္မ်ား ေအးခ်မ္းစြာပညာသင္ၾကားလ်က္ရွိသည္ကို မလိုလားဘဲ နိုင္ငံ့ ဝန္ထမ္းပီသစြာ စာေပသင္ၾကားေပးလ်က္ရွိသည့္ ဆရာ၊ ဆရာမမ်ားအား အၾကမ္းဖက္ၿခိမ္း ေျခာက္ျခင္းႏွင့္ ပညာေရးဆိုင္ရာအေဆာက္အဦမ်ားကို ေဖာက္ခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေအးခ်မ္းစြာ ပညာသင္ၾကားနိုင္ေရးတို႔အတြက္ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္း ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။