စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းရမည်ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယမန်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့် ရခိုင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အသစ်ပြန်လည် ဖွဲ့စည်းအတည်ပြုခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းရမည် ဖြစ်ကြောင်း၊ စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်ရသည့်အတွက် အရောင်အသွေးမရှိရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောက်ရွက်ခြင်းများသာမက အဓိကကျသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်ချက်များပါ တိုင်းပြည်၏အနာဂါတ်သည် လူငယ်များပင် ဖြစ်ကြောင်း၊ လူငယ်များ ပညာတတ်ဖို့လိုအပ်ပြီး ပညာရေးကို ဦးစားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

#mhtnews

(Zawgyi)

“စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ားသည္ ပါတီစြဲ၊ ပုဂၢိုလ္စြဲ ကင္းရွင္းရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးေစာထြန္းေအာင္ျမင့္ေျပာ”

စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ားသည္ ပါတီစြဲ၊ ပုဂၢိုလ္စြဲ ကင္းရွင္းရမည္ျဖစ္ေၾကာင္း တိုင္းရင္းသား လူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေစာထြန္းေအာင္ျမင့္က ယမန္ေန႕တြင္ က်င္းပသည့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ကရင္ႏွင့္ ရခိုင္ စာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ား အသစ္ျပန္လည္ ဖြဲ႕စည္းအတည္ျပဳျခင္း အခမ္းအနား၌ ေျပာၾကားခဲ့သည္။

ျပည္ေထာင္စုဝန္ႀကီးက စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ားသည္ ပါတီစြဲ၊ ပုဂၢိုလ္စြဲ ကင္းရွင္းရမည္ ျဖစ္ေၾကာင္း၊ စာေပႏွင့္ယဥ္ေက်းမႈကိစၥရပ္မ်ား ေဆာင္႐ြက္ရသည့္အတြက္ အေရာင္အေသြးမရွိရန္ လိုအပ္ေၾကာင္း၊ မိမိတို႔ဝန္ႀကီးဌာနသည္ တိုင္းရင္းသားမ်ား၏ စာေပ၊ ယဥ္ေက်းမႈ၊ အႏုပညာမ်ား ထိန္းသိမ္းေစာင့္ေရွာက္ျခင္း၊ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာက္႐ြက္ျခင္းမ်ားသာမက အဓိကက်သည့္ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးႏွင့္ တိုင္းျပည္ၿငိမ္းခ်မ္းသာယာေရးအတြက္ ပံ့ပိုးကူညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ နိုင္ငံေတာ္အႀကီးအကဲ၏ လမ္းၫြန္ခ်က္မ်ားပါ တိုင္းျပည္၏အနာဂါတ္သည္ လူငယ္မ်ားပင္ ျဖစ္ေၾကာင္း၊ လူငယ္မ်ား ပညာတတ္ဖို႔လိုအပ္ၿပီး ပညာေရးကို ဦးစားေပးရမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရပါသည္။

#mhtnews