စဉ်ဆက်မပြတ် တိုးတက်ဖို့ ကျား၊ မ တန်းတူ ညီမျှစို့ ဆောင်ပုဒ်ဖြင့် ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါက်တာ မာလာအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါ်သန်းသန်းလင်းနှင့် ဦးအောင်ထွန်းခိုင်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်ခင်ချိုအုန်း၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် အဖွင့်မိန့်ခွန်း video message ကို ပြသသည်။

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဖွင့်မိန့်ခွန်း video message ကို သီးခြားဖော်ပြပါမည်။)

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

#mhtnews

(Zawgyi)

“စဥ္ဆက္မျပတ္ တိုးတက္ဖို႔ က်ား၊ မ တန္းတူ ညီမွ်စို႔ ေဆာင္ပုဒ္ျဖင့္ ၂၀၂၂ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အခမ္းအနားက်င္းပ”

စဥ္ဆက္မျပတ္ တိုးတက္ဖို႔ က်ား၊ မ တန္းတူ ညီမွ်စို႔ ေဆာင္ပုဒ္ျဖင့္ ၂၀၂၂ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အခမ္းအနားကို မတ္လ ၈ ရက္ နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန စုေပါင္းခန္းမ၌ က်င္းပသည္။

အခမ္းအနားသို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ေဒၚေအးႏုစိန္၊ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သက္သက္ခိုင္၊ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီး ေဒၚခင္ေမရီ၊ နိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးအဖြဲ႕ဝင္ ေဒါက္တာ မာလာေအာင္၊ ဒုတိယဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ေဒၚသန္းသန္းလင္းႏွင့္ ဦးေအာင္ထြန္းခိုင္၊ ျမန္မာနိုင္ငံအမ်ိဳးသား လူ႕အခြင့္အေရး ေကာ္မရွင္ ဒုတိယဥကၠ႒ ေဒါက္တာနႏၵာမႊန္း၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ အဖြဲ႕ဝင္ ေဒၚခင္ခ်ိဳအုန္း၊ ေနျပည္ေတာ္ ေကာင္စီဝင္ ဦးျမင့္စိုး၊ အၿမဲတမ္းအတြင္းဝန္မ်ား၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိ သူမ်ားတက္ေရာက္ၾကၿပီး ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အမ်ိဳးသမီးေကာ္မတီ ဥကၠ႒မ်ား၊ ျမန္မာနိုင္ငံလုံးဆိုင္ရာ အမ်ိဳးသမီးေကာ္မတီဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ားက ဗီဒီယို ကြန္ဖရင့္ျဖင့္ တက္ေရာက္ၾကသည္။

ဦးစြာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ထံမွ ၂၀၂၂ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အထိမ္းအမွတ္ အခမ္းအနားသို႔ ေပးပို႔သည့္ အဖြင့္မိန႔္ခြန္း video message ကို ျပသသည္။

(နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ၏ အဖြင့္မိန႔္ခြန္း video message ကို သီးျခားေဖာ္ျပပါမည္။)

ထို႔ေနာက္ ျမန္မာနိုင္ငံလုံးဆိုင္ရာ အမ်ိဳးသမီးေကာ္မတီဥကၠ႒၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ က အမ်ိဳးသမီးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ေနမႈမ်ားကို ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ လူမႈဝန္ထမ္းဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာစန္းစန္းေအး က ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ထံမွ ၂၀၂၂ခုႏွစ္ အျပည္ျပည္ဆိုင္ရာ အမ်ိဳးသမီးမ်ားေန႕ အထိမ္းအမွတ္ အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္လႊာကို ဖတ္ၾကားၿပီး အခမ္းအနားကို ႐ုပ္သိမ္းလိုက္ေၾကာင္း သတင္းရရွိသည္။

#mhtnews