ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ (12th AMOM) ဥက္ကဋ္ဌဖြစ်သူ အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ် Major General Pen Sokrethvithyea ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham ၊ ဘူရူးနိုင်းနိုင်ငံမှ Col. Saifulrizal bin Abdul Latif တို့ နှင့် သီးခြားစီ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲများတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ် များ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(Zawgyi)
“စစ္ဦးစီးအရာရွိခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း(၁၂)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝး တက္ေရာက္လာၾကသည့္ အာဆီယံနိုင္ငံမ်ားမွ တပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ားႏွင့္ နိုင္ငံအလိုက္သီးျခားစီေတြ႕ဆုံ”
ကေမၻာဒီးယားနိုင္ငံ၌ က်င္းပျပဳလုပ္သည့္ (၁၂)ႀကိမ္ေျမာက္ အာဆီယံ တပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ား အစည္းအေဝး 12thASEAN Military Operation Meeting (12thAMOM) သို႔ တက္ေရာက္ခဲ့သည့္ ျမန္မာ့တပ္မေတာ္မွ စစ္ဦးစီး အရာရွိခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းသည္ မတ္ ၁၄ ရက္ ႏွင့္ ၁၅ ရက္တို႔တြင္ အိမ္ရွင္ကေမၻာဒီးယားနိုင္ငံမွ (12thAMOM) ဥကၠ႒ျဖစ္သူ အာဆီယံ တပ္မေတာ္စစ္ဆင္ေရးမႉးခ်ဳပ္ Major General Pen Sokrethvithyea ၊ ထိုင္းနိုင္ငံမွ Lieutenant General Chitchanok Nujjaya ၊ ဖိလစ္ပိုင္နိုင္ငံမွ Major General Alex S Rillera Pa ၊ လာအိုနိုင္ငံမွ Brigadier General Sonethong Keolokham ၊ ဘူ႐ူးနိုင္းနိုင္ငံမွ Col. Saifulrizal bin Abdul Latif တို႔ ႏွင့္ သီးျခားစီ ေတြ႕ဆုံသည္။
အဆိုပါေတြ႕ဆုံပြဲမ်ားတြင္ လက္ရွိျမန္မာနိုင္ငံ၏ နိုင္ငံေရးအေျခအေနႏွင့္ အစိုးရ၏ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ ႏွစ္နိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္မႈဆိုင္ရာ ကိစၥရပ္ မ်ား၊ေဒသတြင္းလုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ား ႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြေးခဲ့ၾကေၾကာင္း သတင္းရရွိသည္။
Recent Comments