(၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး(19th ASEAN Military Intelligence Meeting-AMIM-19)တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မတ်လ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Le Hona Son ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ Lieutenant General Datuk Ahmad Norihan Bin Jalal ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Colonel Phimmachanh VONGPANNA ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင်တို့နှင့် သီးခြားစီတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 တွေ့ဆုံပွဲများအပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များသည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။

(Zawgyi)

“စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး(၁၉)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ားအစည္းအေဝးတက္ေရာက္ၾက သည့္အာဆီယံနိုင္ငံမ်ားမွ တပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္ မ်ားႏွင့္နိုင္ငံအလိုက္သီးျခားစီေတြ႕ဆုံ”

(၁၉)ႀကိမ္ေျမာက္အာဆီယံ တပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အစည္းအေဝး(19thASEAN Military Intelligence Meeting-AMIM-19)တက္ေရာက္ရန္ ကေမၻာဒီးယားနိုင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာ့တပ္မေတာ္မွ တပ္မေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦးသည္ မတ္လ၁၄ ရက္ေန႕တြင္ ကေမၻာဒီးယားနိုင္ငံမွ Lieutenant General Hun Manith ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အားလည္းေကာင္း၊ မတ္လ ၁၅ ရက္ေန႕တြင္ ထိုင္းနိုင္ငံမွ Lieutenant General Natee Wongissares ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ ဗီယက္နမ္နိုင္ငံမွ Lieutenant General Le Hona Son ဦးေဆာင္ေသာကိုယ္စားလွယ္ အဖြဲ႕ဝင္မ်ား၊ မေလးရွားနိုင္ငံမွ Lieutenant General Datuk Ahmad Norihan Bin Jalal ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ဝင္မ်ား၊ လာအိုနိုင္ငံမွ Colonel Phimmachanh VONGPANNA ဦးေဆာင္ေသာ ကိုယ္စား လွယ္အဖြဲ႕ဝင္တို႔ႏွင့္ သီးျခားစီေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ လက္ရွိျမန္မာနိုင္ငံ၏ နိုင္ငံေရးအေျခအေနႏွင့္ အစိုးရ၏ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ ႏွစ္နိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္မႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ေဒသတြင္း လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ား ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြေးခဲ့ၾကသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး ႏွင့္ အာဆီယံနိုင္ငံမ်ားမွ တပ္မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ားသည္ အမွတ္တရ လက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကေၾကာင္းသတင္းရရွိသည္။