စစ်ကိုင်း၊ မတ်လ ၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ ဒီပဲယင်းကွဲကျေးရွာ၌ မတ်လ ၃ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ပစ်ခံရပြီး စစ်ကိုင်းပြည်သူ့ဆေးရုံသို ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဒီပဲယင်းကွဲကျေးရွာနေ တေဇာအောင်(ခ) ရှိးလေး ၃၆ နှစ်ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် တစ်ရွာတည်းနေ သူငယ်ချင်ဖြစ်သူ ဒီမို၏နေအိမ်သို အလည်သွားရင်း ဒီမို၏ဇနီးဖြစ်သူနှင့် အိမ်ရှေ့၌ စကားထိုင်ပြောနေစဥ် အကြမ်းဖက်သမားနှစ်ဦးမှ နေအိမ်အတွင်းသို ဝင်ရောက်လာကာ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပစ်ခတ်မှုကြောင့် တေဇာအောင်တွင် နှဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံသို တင်ပိုခဲ့ရာမှ ယခုအခါ နေပြည်တော်သို လွှပြောင်းတင်ပိုပြီး ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်က အကြောင်းမဲ့ လုပ်ကြံပစ်ခတ်

စစ်ကိုင်း၊ မတ်လ ၄ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာ၌ မတ်လ ၃ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ပစ်ခံရပြီး စစ်ကိုင်းပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဒီပဲယင်းကွဲကျေးရွာနေ တေဇာအောင်(ခ) ရှိးလေး ၃၆ နှစ်ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းသည် တစ်ရွာတည်းနေ သူငယ်ချင်ဖြစ်သူ ဒီမို၏နေအိမ်သို့ အလည်သွားရင်း ဒီမို၏ဇနီးဖြစ်သူနှင့် အိမ်ရှေ့၌ စကားထိုင်ပြောနေစဉ် အကြမ်းဖက်သမားနှစ်ဦးမှ နေအိမ်အတွင်းသို့ ဝင်ရောက်လာကာ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပစ်ခတ်မှုကြောင့် တေဇာအောင်တွင် နှဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာမှ ယခုအခါ နေပြည်တော်သို့ လွှဲပြောင်းတင်ပို့ပြီး ကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
#mhtnews