စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်တို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရသဖြင့် အွန်လိုင်းစျေးသည်အများစု အခက်အခဲဖြစ်ပေါ်နေသည်မှာ မှန်ကန်သော်လည်း အကြမ်းဖက်မှုများ သိသိသာသာလျော့ကျလာပြီး အကြမ်းဖက်နှိမ်နင်းမှု ဆောင်ရွက်ရာတွင်လည်း အဆင်ပြေကြောင်း ဒေသခံတစ်ဦးက MHT ကိုပြောသည်။

“အင်တာနက်လိုင်းတွေဖြတ်လိုက်လို့ လိုင်းပေါ်ကနေဈေးရောင်းတဲ့သူတွေ အခက်အခဲဖြစ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းပြောမယ်ဆိုရင် အဲဒီလို လိုင်းပေါ်က ဈေးရောင်းတဲ့လူအများစုဟာ မုံရွာမြို့ပေါ်က CDM လုပ်နေကြတဲ့ ဆက်သွယ်ရေးကုမ္မဏီဝန်ထမ်းတွေ၊ ဘဏ်လုပ်ငန်း ဝန်ထမ်းတွေ၊ သစ်စက်ကုမ္မဏီ ဝန်ထမ်းတွေဖြစ်ကြပါတယ်။ အဲဒီလူတွေဟာ များသောအားဖြင့် စားဝတ်နေရေးအကြောင်းပြ အွန်လိုင်းပေါ်မှာ ဈေးရောင်နေပေမယ့် တကယ်က အကြမ်းဖက်သမားတွေအထောက်အပံ့တွေပေးနေတာက များတယ်။” ဟု မုံရွာဒေသခံ ဦးအောင်ကျော်ထူး ကပြောသည်။

ဆက်လက်၍လည်း အဆိုပါ ဒေသခံ ဦးအောင်ကျော်ထူးက ယခုကဲ့သို့ ဒုက္ခခံစားရမှုများ ပပျောက်သွားစေရန် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်သင့်ကြောင်းလည်း ဆက်လက်ပြောဆိုသည်။

“အရင်ကဆိုရင် အင်တာနက်ကလေးနဲ့ အွန်လိုင်းလေးသုံးပြီး အကြမ်းဖက်လှုံ့ဆော်တာတွေ၊ တပ်ရဲ့သတင်းတွေကို အကြမ်းဖက်သမားတွေဆီ ပေးပို့တာတွေ၊ အခုပြောတဲ့ အထောက်အပံ့ပေးတာတွေလုပ်နေကြတာလေ။ အခုကြတော့ တပ်လှုပ်ရှားမှုသတင်းတွေ ပေးမယ့်သူနည်းသွားတော့ ဖမ်းမိတာတွေလည်းမနည်းဘူး။ မိုင်းထောင်ဖောက်ခွဲမှုတွေလည်း သိသိသာသာနည်းလာပြီ။ အဲ့တော့ဗျာ အခုလို အင်တာနက်ဖြတ်ထားလို့ ဒုက္ခရောက်သလိုမျိုး ဒုက္ခတွေမရောက်ချင်ဘူးဆိုရင် အကြမ်းဖက်မှုတွေကိုအားမပေးဘဲ အကြမ်းဖက်မှုတွေကို နှိမ်နင်းပေးနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်သင့်တယ်လို့ပဲ ပြောချင်ပါတယ်။” ဟု ပြောဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် နယ်မြေကျယ်ဝန်းပြီး လမ်းခရီးအခက်အခဲများကြောင့် PDF အကြမ်းဖက်သမားများ ခိုအောင်းစုဝေးရာ ဒေသတစ်ခုဖြစ်လာခဲ့ပြီး ရဲစခန်းများအပြင် လုံခြုံရေးဆိုင်ရာ နေရာအချို့တို့ကိုပါ တိုက်ခိုက်ခံလာရသည်အထိ အကြမ်းဖက်မှုအားကောင်းသောဒေသတစ်ခုဖြစ်လာခဲ့သည်။

#mhtnews

(Zawgyi)

“စစ္ကိုင္းတိုင္းေဒသအခ်ိဳ႕၌ အင္တာနက္လိုင္းျဖတ္ေတာက္ထားမႈေၾကာင့္ အြန္လိုင္းေစ်းသည္မ်ား အခက္အခဲျဖစ္ေနသည္မွာ မွန္ကန္ေသာ္လည္း အၾကမ္းဖက္မႈမ်ား သိသိသာသာေလ်ာ့နည္းလာေၾကာင္း ေဒသခံမ်ားေျပာဆို”

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ေပါင္း ၃၀ ေက်ာ္တို႔တြင္ အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ခံရသျဖင့္ အြန္လိုင္းေစ်းသည္အမ်ားစု အခက္အခဲျဖစ္ေပၚေနသည္မွာ မွန္ကန္ေသာ္လည္း အၾကမ္းဖက္မႈမ်ား သိသိသာသာေလ်ာ့က်လာၿပီး အၾကမ္းဖက္ႏွိမ္နင္းမႈ ေဆာင္႐ြက္ရာတြင္လည္း အဆင္ေျပေၾကာင္း ေဒသခံတစ္ဦးက MHT ကိုေျပာသည္။

“အင္တာနက္လိုင္းေတြျဖတ္လိုက္လို႔ လိုင္းေပၚကေနေဈးေရာင္းတဲ့သူေတြ အခက္အခဲျဖစ္ေနတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ တကယ္တမ္းေျပာမယ္ဆိုရင္ အဲဒီလို လိုင္းေပၚက ေဈးေရာင္းတဲ့လူအမ်ားစုဟာ မုံ႐ြာၿမိဳ႕ေပၚက CDM လုပ္ေနၾကတဲ့ ဆက္သြယ္ေရးကုမၼဏီဝန္ထမ္းေတြ၊ ဘဏ္လုပ္ငန္း ဝန္ထမ္းေတြ၊ သစ္စက္ကုမၼဏီ ဝန္ထမ္းေတြျဖစ္ၾကပါတယ္။ အဲဒီလူေတြဟာ မ်ားေသာအားျဖင့္ စားဝတ္ေနေရးအေၾကာင္းျပ အြန္လိုင္းေပၚမွာ ေဈးေရာင္ေနေပမယ့္ တကယ္က အၾကမ္းဖက္သမားေတြအေထာက္အပံ့ေတြေပးေနတာက မ်ားတယ္။” ဟု မုံ႐ြာေဒသခံ ဦးေအာင္ေက်ာ္ထူး ကေျပာသည္။

ဆက္လက္၍လည္း အဆိုပါ ေဒသခံ ဦးေအာင္ေက်ာ္ထူးက ယခုကဲ့သို႔ ဒုကၡခံစားရမႈမ်ား ပေပ်ာက္သြားေစရန္ ျပည္သူမ်ားအေနျဖင့္ ပူးေပါင္းပါဝင္သင့္ေၾကာင္းလည္း ဆက္လက္ေျပာဆိုသည္။

“အရင္ကဆိုရင္ အင္တာနက္ကေလးနဲ႕ အြန္လိုင္းေလးသုံးၿပီး အၾကမ္းဖက္လႈံ႕ေဆာ္တာေတြ၊ တပ္ရဲ႕သတင္းေတြကို အၾကမ္းဖက္သမားေတြဆီ ေပးပို႔တာေတြ၊ အခုေျပာတဲ့ အေထာက္အပံ့ေပးတာေတြလုပ္ေနၾကတာေလ။ အခုၾကေတာ့ တပ္လႈပ္ရွားမႈသတင္းေတြ ေပးမယ့္သူနည္းသြားေတာ့ ဖမ္းမိတာေတြလည္းမနည္းဘူး။ မိုင္းေထာင္ေဖာက္ခြဲမႈေတြလည္း သိသိသာသာနည္းလာၿပီ။ အဲ့ေတာ့ဗ်ာ အခုလို အင္တာနက္ျဖတ္ထားလို႔ ဒုကၡေရာက္သလိုမ်ိဳး ဒုကၡေတြမေရာက္ခ်င္ဘူးဆိုရင္ အၾကမ္းဖက္မႈေတြကိုအားမေပးဘဲ အၾကမ္းဖက္မႈေတြကို ႏွိမ္နင္းေပးေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႕ ပူးေပါင္းပါဝင္သင့္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။” ဟု ေျပာဆိုသည္။

စစ္ကိုင္းတိုင္းေဒသႀကီးသည္ နယ္ေျမက်ယ္ဝန္းၿပီး လမ္းခရီးအခက္အခဲမ်ားေၾကာင့္ PDF အၾကမ္းဖက္သမားမ်ား ခိုေအာင္းစုေဝးရာ ေဒသတစ္ခုျဖစ္လာခဲ့ၿပီး ရဲစခန္းမ်ားအျပင္ လုံၿခဳံေရးဆိုင္ရာ ေနရာအခ်ိဳ႕တို႔ကိုပါ တိုက္ခိုက္ခံလာရသည္အထိ အၾကမ္းဖက္မႈအားေကာင္းေသာေဒသတစ္ခုျဖစ္လာခဲ့သည္။

#mhtnews