စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ဧက ၃၄၀၀ ကို အကျိုးပြုမည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ၄ ခု အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ယခင်တည်ဆောက်ခဲ့ပြီးသည့် မြစ်ရေတင် ၃၇ ခုတို့မှ စိုက်ပျိုးမြေ ၆၁၈၂၄ ဧကကို အကျိုးပြုလျှက်ရှိသဖြင့် ယခုတည်ဆောက်လျှက်ရှိသည့် လျှပ်စစ် မြစ်ရေတင်စီမံကိန်း ၄ ခုမှ အကျိုးပြုမည့် စိုက်ပျိုး ဧက ၃၄၀၀ နှင့်ဆိုလျှင် မြစ်ရေတင်စီမံကိန် ၄၁ ခုတို့မှ စိုက်ပျိုးမြေ ၆၅၂၂၄ ဧကတို့ကို အကျိုးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မြေအောက်ရေတင် စက်ရေတွင်း ၁၁၆၁ တွင်းတို့က စိုက်ပျိုးရေများ ပေးဝေလျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်က မြစ်ရေတင်ဖြင့် မိုးသီးနှံ ၆၉၂၄ ဧကတို့ကို စိုက်ပျိုးရေပေးဝေခဲ့ကြောင်း သိရသည်။

ယခုတည်ဆောက်ဆဲ မြစ်ရေတင်စီမံကိန်း လေးခုသည် ဧက ၁၈၀၀ အကျိုးပြုမည့် စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် ထန်းတောဆိပ် (မူးမြစ်) လျှပ်စစ်မြစ်ရေတင်၊ ဧက ၅၀၀ အကျိုးပြုမည့် ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် (ကင်းတပ်လက်ဝဲမြောင်း) ညောင်ကိုင်း လျှပ်စစ် မြစ်ရေတင်၊ ဧက ၇၅၀ အကျိုးပြုမည့် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်(ကင်းတပ်လက်ဝဲမြောင်း) စောကြီးလျှပ်စစ်မြစ်ရေတင်နှင့် ဧက ၃၅၀ အကျိုးပြုမည့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် (ကင်းတပ်လက်ဝဲမြောင်း) ကတ-၁၁၆ လျှပ်စစ်မြစ်ရေတင်စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။

#mhtnews

========================

(Zawgyi)

“စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳး ဧက ၃၄၀၀ ကို အက်ိဳးျပဳမည့္ လွ်ပ္စစ္ျမစ္ေရတင္စီမံကိန္း ၄ ခု အေကာင္အထည္ေဖာ္ တည္ေဆာက္ေန”

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳး ဧက ၃၄၀၀ ကို အက်ိဳးျပဳမည့္ လွ်ပ္စစ္ျမစ္ေရတင္စီမံကိန္း ၄ ခု အေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း၌ ယခင္တည္ေဆာက္ခဲ့ၿပီးသည့္ ျမစ္ေရတင္ ၃၇ ခုတို႔မွ စိုက္ပ်ိဳးေျမ ၆၁၈၂၄ ဧကကို အက်ိဳးျပဳလွ်က္ရွိသျဖင့္ ယခုတည္ေဆာက္လွ်က္ရွိသည့္ လွ်ပ္စစ္ ျမစ္ေရတင္စီမံကိန္း ၄ ခုမွ အက်ိဳးျပဳမည့္ စိုက္ပ်ိဳး ဧက ၃၄၀၀ ႏွင့္ဆိုလွ်င္ ျမစ္ေရတင္စီမံကိန္ ၄၁ ခုတို႔မွ စိုက္ပ်ိဳးေျမ ၆၅၂၂၄ ဧကတို႔ကို အက်ိဳးျပဳနိုင္မည္ျဖစ္သည္။

ထို႔အျပင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း၌ ေျမေအာက္ေရတင္ စက္ေရတြင္း ၁၁၆၁ တြင္းတို႔က စိုက္ပ်ိဳးေရမ်ား ေပးေဝလ်က္ရွိရာ ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ခုႏွစ္က ျမစ္ေရတင္ျဖင့္ မိုးသီးႏွံ ၆၉၂၄ ဧကတို႔ကို စိုက္ပ်ိဳးေရေပးေဝခဲ့ေၾကာင္း သိရသည္။

ယခုတည္ေဆာက္ဆဲ ျမစ္ေရတင္စီမံကိန္း ေလးခုသည္ ဧက ၁၈၀၀ အက်ိဳးျပဳမည့္ စစ္ကိုင္းခရိုင္ စစ္ကိုင္းၿမိဳ႕နယ္ ထန္းေတာဆိပ္ (မူးျမစ္) လွ်ပ္စစ္ျမစ္ေရတင္၊ ဧက ၅၀၀ အက်ိဳးျပဳမည့္ ေ႐ႊဘိုခရိုင္ ေ႐ႊဘိုၿမိဳ႕နယ္ (ကင္းတပ္လက္ဝဲေျမာင္း) ေညာင္ကိုင္း လွ်ပ္စစ္ ျမစ္ေရတင္၊ ဧက ၇၅၀ အက်ိဳးျပဳမည့္ ေ႐ႊဘိုခရိုင္ ခင္ဦးၿမိဳ႕နယ္(ကင္းတပ္လက္ဝဲေျမာင္း) ေစာႀကီးလွ်ပ္စစ္ျမစ္ေရတင္ႏွင့္ ဧက ၃၅၀ အက်ိဳးျပဳမည့္ ကန႔္ဘလူခရိုင္ ကန႔္ဘလူၿမိဳ႕နယ္ (ကင္းတပ္လက္ဝဲေျမာင္း) ကတ-၁၁၆ လွ်ပ္စစ္ျမစ္ေရတင္စီမံကိန္းတို႔ ျဖစ္ေၾကာင္း သိရသည္။

#mhtnews