စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးအပြင် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးနေသူ ၄ ဦးတို့ကို ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများမှာ ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာတွင်နေထိုင်သည့် အောင်သော်ဖြိုးသိန်း ဆိုသူဖြစ်ပြီး ၎င်းအနေဖြင့် လက်လုပ်ဂတ်စ် သေနတ်များပြုလုပ်ရောင်းချပြီး PDF အကြမ်းဖက်များအား ငွေကြေးထောက်ပံ့သူဖြစ်ကာ ၎င်းကို ရွှေဘိုမြို့၊ စစ်ဆေးရေးဂိတ်၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အလားတူ မုံရွာမြို့နယ်၊ အလုံတပ်မြို့၌ မြိုင်မြို့နယ်၊ သရက်ရင်းကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ချမ်းငြိမ်း ဆိုသူနှင့် အောင်ကိုနိုင် တို့(၂)ဦးကိုလည်း ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပြီး ၎င်းတို့ ၂ ဦးမှာလည်း အကြမ်းဖက်အဖွဲ့အစည်းများထံ အထောက်အပံ့ပေးနေသူများဖြစ်ကြောင်း သိရသည်။
ထို့နောက် ဆားလင်းကြီးမြို့နယ်၌ ညောင်ပင်ကြီးကျေးရွာ၌ PDF အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်ဆက်နွယ်လျှက်ရှိသည့် ယင်းမာပင်မြို့နယ်၊ ဂွေးချောင်းကျေးရွာတွင်နေထိုင်သူ သန့်ဇင်အောင်(ခ)အငယ်လေး ဆိုသူကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့က သက်သေများနှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။
ထို့အပြင်လည်း ကလေးမြို့နယ်၊ ချောင်းခွကျေးရွာတွင်နေထိုင်သည့် PDF အကြမ်းဖက်အဖွဲ့ဝင် အောင်မျိုးသူ ဆိုသူကို ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး ည ၆ နာရီခန့်တွင် ကလေးမြို့၊ အင်ဒိုင်းကုန်းရပ်ကွက်၌ CNDF အကြမ်းဖက် အဖွဲ့ဝင် မင်းမင်းအောင်၊ ချောင်းခွကျေးရွာ၊ ကလေးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သဖြင့် ယမန်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ် ၄ မြို့နယ်တို့မှ PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးအပြင် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးနေသူ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
#mhtnews
(Zawgyi)
“စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွ PDF အၾကမ္းဖက္အဖြဲ႕ဝင္ ၂ ဦးအျပင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေထာက္ပံ့ေပးေနသူ ၄ ဦး ဖမ္းဆီးရမိ”
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္မွ PDF အၾကမ္းဖက္အဖြဲ႕ဝင္ ၂ ဦးအျပင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေထာက္ပံ့ေပးေနသူ ၄ ဦးတို႔ကို ယမန္ေန႕ (မတ္လ ၁၄ ရက္) တြင္ လုံၿခဳံေရးတပ္ဖြဲ႕မွ ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိသူမ်ားမွာ ေ႐ႊဘိုၿမိဳ႕နယ္၊ ေရေတာ္မူေက်း႐ြာတြင္ေနထိုင္သည့္ ေအာင္ေသာ္ၿဖိဳးသိန္း ဆိုသူျဖစ္ၿပီး ၎အေနျဖင့္ လက္လုပ္ဂတ္စ္ ေသနတ္မ်ားျပဳလုပ္ေရာင္းခ်ၿပီး PDF အၾကမ္းဖက္မ်ားအား ေငြေၾကးေထာက္ပံ့သူျဖစ္ကာ ၎ကို ေ႐ႊဘိုၿမိဳ႕၊ စစ္ေဆးေရးဂိတ္၌ ယမန္ေန႕ နံနက္ ၁၁ နာရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
အလားတူ မုံ႐ြာၿမိဳ႕နယ္၊ အလုံတပ္ၿမိဳ႕၌ ၿမိဳင္ၿမိဳ႕နယ္၊ သရက္ရင္းေက်း႐ြာတြင္ ေနထိုင္သူမ်ားျဖစ္သည့္ ခ်မ္းၿငိမ္း ဆိုသူႏွင့္ ေအာင္ကိုနိုင္ တို႔(၂)ဦးကိုလည္း ယမန္ေန႕ ညေန ၃ နာရီခြဲအခ်ိန္ခန့္တြင္ ဖမ္းဆီးရမိ ခဲ့ေၾကာင္း သိရၿပီး ၎တို႔ ၂ ဦးမွာလည္း အၾကမ္းဖက္အဖြဲ႕အစည္းမ်ားထံ အေထာက္အပံ့ေပးေနသူမ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆားလင္းႀကီးၿမိဳ႕နယ္၌ ေညာင္ပင္ႀကီးေက်း႐ြာ၌ PDF အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ပတ္သက္ဆက္ႏြယ္လွ်က္ရွိသည့္ ယင္းမာပင္ၿမိဳ႕နယ္၊ ေဂြးေခ်ာင္းေက်း႐ြာတြင္ေနထိုင္သူ သန႔္ဇင္ေအာင္(ခ)အငယ္ေလး ဆိုသူကို ယမန္ေန႕ ညေန ၄ နာရီအခ်ိန္ခန့္တြင္ လုံၿခဳံေရးတပ္ဖြဲ႕က သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေသးသည္။
ထို႔အျပင္လည္း ကေလးၿမိဳ႕နယ္၊ ေခ်ာင္းခြေက်း႐ြာတြင္ေနထိုင္သည့္ PDF အၾကမ္းဖက္အဖြဲ႕ဝင္ ေအာင္မ်ိဳးသူ ဆိုသူကို ကေလးၿမိဳ႕၊ ေတာင္ဇလပ္ရပ္ကြက္၌ ယမန္ေန႕ မြန္းတည့္ ၁၂ နာရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ည ၆ နာရီခန႔္တြင္ ကေလးၿမိဳ႕၊ အင္ဒိုင္းကုန္းရပ္ကြက္၌ CNDF အၾကမ္းဖက္ အဖြဲ႕ဝင္ မင္းမင္းေအာင္၊ ေခ်ာင္းခြေက်း႐ြာ၊ ကေလးၿမိဳ႕နယ္ေနသူအား ဖမ္းဆီးရမိခဲ့သျဖင့္ ယမန္ေန႕တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္တို႔မွ PDF အၾကမ္းဖက္အဖြဲ႕ဝင္ ၂ ဦးအျပင္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားအား ေထာက္ပံ့ေပးေနသူ ၄ ဦးတို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
#mhtnews
Recent Comments