စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်နှင့် ကလေးခရိုင် ကလေးဝနှင့် မင်းကင်းမြို့နယ် အတွင်းရှိ ဧက (၂၉၀၁၄၀ ဒသမ ၈၃၅၈) ရှိနယ်မြေကို မဟာမြိုင်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဘေးမဲ့တောအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းကိုဖြစ်စေ၊ ဓာတ်သတ္တုအညစ်အကြေးများကိုဖြစ်စေ စွန့်ပစ်ခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ထားသည့်အပြင် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအတွင်းအရှိ မည်သည့်တောရိုင်းတိရစ္ဆာန်ကိုမျှ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်းများ မပြလုပ်ရန်လည်း တားမြစ်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘေးမဲ့တောများအဖြစ် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့ကာ ကွယ်တော၊ ထမံသီ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿဖ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့ တော၊ စစ်ကိုင်းမင်းဝံတောင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ချပ်သင်းရွှေသမင် ဘေးမဲ့တောတို့ သတ်မှတ် ထားပြီးဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်နှင့် ကလေးခရိုင်အတွင်းရှိ ဧက နှစ်သိန်းကိုးသောင်းကျော်ကို မဟာမြိုင်တောရိုင်းတိရိစ်ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်”
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်နှင့် ကလေးခရိုင် ကလေးဝနှင့် မင်းကင်းမြို့နယ် အတွင်းရှိ ဧက (၂၉၀၁၄၀ ဒသမ ၈၃၅၈) ရှိနယ်မြေကို မဟာမြိုင်တောရိုင်းတိရိစ်ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ဘေးမဲ့တောအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းကိုဖြစ်စေ၊ ဓာတ်သတ္တုအညစ်အကြေးများကိုဖြစ်စေ စွန့်ပစ်ခြင်း၊ ရေတွင် အဆိပ်ခတ်ခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ထားသည့်အပြင် တောရိုင်းတိရိစ်ဆာန်ဘေးမဲ့တောအတွင်းအရှိ မည်သည့်တောရိုင်းတိရစ်ဆာန်ကိုမျှ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်းများ မပြလုပ်ရန်လည်း တားမြစ်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘေးမဲ့တောများအဖြစ် ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ်ဆာန် ဘေးမဲ့ကာ ကွယ်တော၊ ထမံသီ တောရိုင်းတိရိစ်ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿဖ တောရိုင်းတိရိစ်ဆာန် ဘေးမဲ့ တော၊ စစ်ကိုင်းမင်းဝံတောင် တောရိုင်းတိရိစ်ဆာန် ဘေးမဲ့တော၊ ချပ်သင်းရွှေသမင် ဘေးမဲ့တောတို့ သတ်မှတ် ထားပြီးဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments