စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ကားသမားများအနေဖြင့် အခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ခေါက်ကြေး နှစ်ဆနီးပါး တိုးရသော်လည်း PDF အကြမ်းဖက်သမားရန်ကြောင့် ကားဆက်မမောင်းရဲဘဲ အလုပ်လက်မဲ့ဘဝဖြင့်သာ နေနေရကြောင်း မုံရွာကုန်စည်ပို့ဆောင်ရေး ကားသမားအသိုင်းအဝိုင်းထံမှ သိရသည်။
ထို့အတွက် အဓိကတရားခံမှာ PDF အကြမ်းဖက်သမားများသာဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းမှုရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောကြားသည်။
” ကျွန်တော်တို့ မုံရွာ- ကလေး- တမူးလမ်းကြောင်းအတွက် ခေါက်ကြေးအနေနဲ့ တစ်ခေါက်ကို ၆ သောင်းနဲ့ ၈ သောင်း အကြားပေးတယ်။ ဒါနဲ့လည်း မောင်းမဲ့သူမရှိလို့ တစ်သိန်းဝန်းကျင်ပေးခေါ်တယ်။ ဒါပေမယ့် ကျွန်တော်တို့မမောင်းရဲဘူး။ မမောင်းရဲဘူးဆိုတာက စားဝတ်နေရေး ပြေလည်နေလို့မဟုတ်ဘူးခင်ဗျ။ အသက်သေမှာကြောက်လို့ ဒီအတိုင်းပဲ အလုပ်လက်မဲ့ဘဝနဲ့ နေနေရတယ်။ အဲဒီရဲ့အဓိကတရားခံဟာ PDF အကြမ်းဖက်သမားတွေကြောင့်လို့ ပြောချင်တယ်။ ဒါတွေကို နိုင်ငံတော်လူကြီးများသိရှိပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ” ဟု အမည်မဖော်လိုသူ ကုန်တင်ယာဥ်မောင်းတစ်ဦးက M. H. T ကိုပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းတွင် ခရီးသည်တင်ကား ၄ ကြိမ်၊ ကုန်တင်ကား ၆ ကြိမ်၊ မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းတွင် ခရီးသည်တင်ကား ၃ ကြိမ်၊ ကုန်တင်ကား ၅ ကြိမ်၊ မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝ ကားလမ်းတွင် လူနာတင်ကား ၄ ကြိမ်၊ ခရီးသည်တင်ကား ၅ ကြိမ်၊ ကုန်တင်ကား ၇ ကြိမ်၊ ကလေး-တမူးကားလမ်းတွင် ခရီးသည်တင်ကား ၂ ကြိမ်၊ ကုန်တင်ကား ၄ ကြိမ် ဌာနဆိုင်ရာကား ၃ ကြိမ် မိုင်းစထိမှန်ပြီး လူအချို့ သေဆုံး၊ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းအချက်အလက်များအရ သိရသည်။
#mhtnews
(Zawgyi)
“စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းမွ ကားသမားမ်ား ေခါက္ေၾကး ႏွစ္ဆရေသာ္လည္း မေမာင္းရဲဘဲ အလုပ္လက္မဲ့ဘဝျဖင့္သာ ေနေနရ၊ အဓိကတရားခံမွာ PDF အၾကမ္းဖက္မ်ားသာျဖစ္ေၾကာင္း ေဒသခံမ်ားေျပာ”
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕မွ ကားသမားမ်ားအေနျဖင့္ အခုႏွစ္ ႏွစ္ဆန္းပိုင္းမွစ၍ ေခါက္ေၾကး ႏွစ္ဆနီးပါး တိုးရေသာ္လည္း PDF အၾကမ္းဖက္သမားရန္ေၾကာင့္ ကားဆက္မေမာင္းရဲဘဲ အလုပ္လက္မဲ့ဘဝျဖင့္သာ ေနေနရေၾကာင္း မုံ႐ြာကုန္စည္ပို႔ေဆာင္ေရး ကားသမားအသိုင္းအဝိုင္းထံမွ သိရသည္။
ထို႔အတြက္ အဓိကတရားခံမွာ PDF အၾကမ္းဖက္သမားမ်ားသာျဖစ္ေၾကာင္းႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈရရွိေအာင္ အျမန္ဆုံးေဆာင္႐ြက္ေပးေစလိုေၾကာင္း ကုန္တင္ယာဥ္ေမာင္းတစ္ဦးက ေျပာၾကားသည္။
” ကြၽန္ေတာ္တို႔ မုံ႐ြာ- ကေလး- တမူးလမ္းေၾကာင္းအတြက္ ေခါက္ေၾကးအေနနဲ႕ တစ္ေခါက္ကို ၆ ေသာင္းနဲ႕ ၈ ေသာင္း အၾကားေပးတယ္။ ဒါနဲ႕လည္း ေမာင္းမဲ့သူမရွိလို႔ တစ္သိန္းဝန္းက်င္ေပးေခၚတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မေမာင္းရဲဘူး။ မေမာင္းရဲဘူးဆိုတာက စားဝတ္ေနေရး ေျပလည္ေနလို႔မဟုတ္ဘူးခင္ဗ်။ အသက္ေသမွာေၾကာက္လို႔ ဒီအတိုင္းပဲ အလုပ္လက္မဲ့ဘဝနဲ႕ ေနေနရတယ္။ အဲဒီရဲ႕အဓိကတရားခံဟာ PDF အၾကမ္းဖက္သမားေတြေၾကာင့္လို႔ ေျပာခ်င္တယ္။ ဒါေတြကို နိုင္ငံေတာ္လူႀကီးမ်ားသိရွိၿပီး ေဒသတည္ၿငိမ္ေအးခ်မ္းေရးကို အျမန္ဆုံးေဆာင္႐ြက္ေပးေစလိုပါတယ္လို႔ ေျပာခ်င္ပါတယ္ခင္ဗ်ာ” ဟု အမည္မေဖာ္လိုသူ ကုန္တင္ယာဥ္ေမာင္းတစ္ဦးက M. H. T ကိုေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း၌ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွ အခုႏွစ္ ေဖေဖာ္ဝါရီ လကုန္အထိ မုံ႐ြာ-ပုလဲ-ဂန့္ေဂါ ကားလမ္းတြင္ ခရီးသည္တင္ကား ၄ ႀကိမ္၊ ကုန္တင္ကား ၆ ႀကိမ္၊ မုံ႐ြာ-ဂန့္ေဂါ-ကေလး ကားလမ္းတြင္ ခရီးသည္တင္ကား ၃ ႀကိမ္၊ ကုန္တင္ကား ၅ ႀကိမ္၊ မုံ႐ြာ-ေရဦး-တန့္ဆည္-ကေလးဝ ကားလမ္းတြင္ လူနာတင္ကား ၄ ႀကိမ္၊ ခရီးသည္တင္ကား ၅ ႀကိမ္၊ ကုန္တင္ကား ၇ ႀကိမ္၊ ကေလး-တမူးကားလမ္းတြင္ ခရီးသည္တင္ကား ၂ ႀကိမ္၊ ကုန္တင္ကား ၄ ႀကိမ္ ဌာနဆိုင္ရာကား ၃ ႀကိမ္ မိုင္းစထိမွန္ၿပီး လူအခ်ိဳ႕ ေသဆုံး၊ဒဏ္ရာရရွိမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သတင္းအခ်က္အလက္မ်ားအရ သိရသည္။
#mhtnews
Recent Comments