သီရိလင်္ကာနိုင်ငံတွင် ဆိုးရွားသည့် ဘဏ္ဍာရေးအကြပ်အတည်းများနှင့် ကြုံတွေ့နေရပြီး ယခုအခါ

သိရိလင်္ကာ၏ အထင်ကရ ပုဂ္ဂလိကသတင်းစာနှစ်စောင်မှာ စက္ကူပြတ်လပ်မှုများကြောင့် သတင်းစာထုတ်ဝေမှုကို ဆိုင်းငံ့ခဲ့ရသည်ဟု ယင်းသတင်းစာပိုင်ရှင်က မတ် ၂၅ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် စီးပွားရေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာ ကျွန်းနိုင်ငံအတွက် နောက်ဆုံး ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ကြောင်း EMG သတင်းကဖော်ပြသည်။

ရပ်နားလိုက်သည့် သတင်းစာနှစ်ဆောင်မှာ ပုဂ္ဂလိကပိုင် Upali Newspapers မီဒီယာကုမ္ပဏီမှ အင်္ဂလိပ်ဘာသာစကားဖြင့်နေ့စဉ်ထုတ်ဝေသည့် The Island သတင်းစာနှင့် သီဟိုဠ်ဘာသာစကားဖြင့်ထုတ်ဝေသည့် Divaina သတင်းစာတို့ဖြစ်ကြောင်းနှင့် ပုံနှိပ်ထုတ်ဝေမှုဆိုင်းငံ့ထားပြီး အွန်လိုင်းမှသာ သတင်းများတင်သွားမည်ဟု သိရသည်။

အခြား အထင်ကရ သတင်းစာများသည်လည်း လိုအပ်သည့် ပစ္စည်းကိရိယာများကို ပြည်ပမှဝယ်ယူရန်အခက်အခဲများရှိနေသဖြင့် လွန်ခဲ့သည့် ငါးလအတွင်း သတင်းစာ စာမျက်နှာများကို သုံးပုံတစ်ပုံကျော်လျှော့ချ ခဲ့ကြသည်ဟု EMG သတင်းကဆိုသည်။

ထို့ပြင် သွင်းကုန်များအတွက် ပေးချေရန် ဒေါ်လာများပြတ်လပ်နေမှုနှင့်အတူ နိုင်ငံအတွင်း ပုံနှိပ်စာရွက်များ ပြတ်လပ်နေသဖြင့် သန်းနှင့်ချီသည့် ကျောင်းသားများအတွက် အတန်းတင်စာမေးပွဲများကျင်းပမည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်ဟုလည်း အရာရှိများက မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

#mhtnews

(Zawgyi)

“စကၠဴျပတ္လပ္မႈေၾကာင့္ သိရိလကၤာနိုင္ငံရွိ ပုဂၢလိကသတင္းစာႏွစ္ေဆာင္ ရပ္နား”

သီရိလကၤာနိုင္ငံတြင္ ဆိုး႐ြားသည့္ ဘ႑ာေရးအၾကပ္အတည္းမ်ားႏွင့္ ႀကဳံေတြ႕ေနရၿပီး ယခုအခါ

သိရိလကၤာ၏ အထင္ကရ ပုဂၢလိကသတင္းစာႏွစ္ေစာင္မွာ စကၠဴျပတ္လပ္မႈမ်ားေၾကာင့္ သတင္းစာထုတ္ေဝမႈကို ဆိုင္းငံ့ခဲ့ရသည္ဟု ယင္းသတင္းစာပိုင္ရွင္က မတ္ ၂၅ ရက္တြင္ ေျပာၾကားခဲ့ၿပီး ယင္းသည္ စီးပြားေရးအက်ပ္ အတည္းႏွင့္ ရင္ဆိုင္ေနရသည့္ သီရိလကၤာ ကြၽန္းနိုင္ငံအတြက္ ေနာက္ဆုံး ထိုးႏွက္ခ်က္ တစ္ခုျဖစ္ခဲ့ေၾကာင္း EMG သတင္းကေဖာ္ျပသည္။

ရပ္နားလိုက္သည့္ သတင္းစာႏွစ္ေဆာင္မွာ ပုဂၢလိကပိုင္ Upali Newspapers မီဒီယာကုမၸဏီမွ အဂၤလိပ္ဘာသာစကားျဖင့္ေန႕စဥ္ထုတ္ေဝသည့္ The Island သတင္းစာႏွင့္ သီဟိုဠ္ဘာသာစကားျဖင့္ထုတ္ေဝသည့္ Divaina သတင္းစာတို႔ျဖစ္ေၾကာင္းႏွင့္ ပုံႏွိပ္ထုတ္ေဝမႈဆိုင္းငံ့ထားၿပီး အြန္လိုင္းမွသာ သတင္းမ်ားတင္သြားမည္ဟု သိရသည္။

အျခား အထင္ကရ သတင္းစာမ်ားသည္လည္း လိုအပ္သည့္ ပစၥည္းကိရိယာမ်ားကို ျပည္ပမွဝယ္ယူရန္အခက္အခဲမ်ားရွိေနသျဖင့္ လြန္ခဲ့သည့္ ငါးလအတြင္း သတင္းစာ စာမ်က္ႏွာမ်ားကို သုံးပုံတစ္ပုံေက်ာ္ေလွ်ာ့ခ် ခဲ့ၾကသည္ဟု EMG သတင္းကဆိုသည္။

ထို႔ျပင္ သြင္းကုန္မ်ားအတြက္ ေပးေခ်ရန္ ေဒၚလာမ်ားျပတ္လပ္ေနမႈႏွင့္အတူ နိုင္ငံအတြင္း ပုံႏွိပ္စာ႐ြက္မ်ား ျပတ္လပ္ေနသျဖင့္ သန္းႏွင့္ခ်ီသည့္ ေက်ာင္းသားမ်ားအတြက္ အတန္းတင္စာေမးပြဲမ်ားက်င္းပမည့္ အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ရသည္ဟုလည္း အရာရွိမ်ားက မတ္ ၁၉ ရက္တြင္ ေျပာၾကားခဲ့သည္။

#mhtnews