လူထုအတွင်း ပျံနှံ့လျှက်ရှိသည့် ငွေစက္ကူအတုများ သန်းနှင့်ချီ ထွက်ရှိသည်ဆိုသောသတင်းမှာ ကောလာဟလသာဖြစ်ပြီးလက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာကာ အပ်ငွေသူ ပိုမိုများလာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြည်ပမီဒီယာတစ်ခုကို ပြောဆိုထားသည်။

“ဘဏ်စနစ်က ရက်အလိုက် တစ်ရက်ထက်တစ်ရက် ပိုပိုတည်ငြိမ်လာတယ်။ ဒါကြောင့် ကောလာဟလတွေကို မယုံစေချင်ဘူး။ အခု လတ်တလောမှာလည်းငွေစက္ကူအတုထုတ်တဲ့ အဖွဲ့တစ်ဖွဲ့ မိထားလို့ ဗဟိုဘဏ်ဥပဒေအရ တရားစွဲပြီး ထောင်ချဖို့ လုပ်ထားတာရှိပါတယ်။ အခုမိတာကလည်း ပရင်တာနဲ့ ထုတ်ထားတဲ့ အရည်အသွေးမရှိတဲ့အတု အဆင့်ပဲရှိပါတယ်။ ငွေစက္ကူအတုကို သန်းနဲ့ချီပြီး အတုထုတ်နိုင်တဲ့အဆင့်လုံးဝမရှိပါဘူး။’’ ဟု ပြောဆိုသည်။

လက်ရှိအသုံးပြုနေသည့် ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် လုံးဝသတ်မှတ်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောထားပြီးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် ဆိုရှယ်မီဒီယာပေါ်၌ ငွေအတုရောင်းချသည့် post များပြန့်နှံနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားခေါင်းဆောင်တစ်ဦးက ငွေအတုဖြင့် လစာထုတ်ပေးခဲ့သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့သေးသည်။

#mhtnews

=======================

(Zawgyi)

“ေငြတုထြက္ရွိဆိုေသာ သတင္းမွာ ေကာလာဟလသာျဖစ္ၿပီး ဘဏ္စနစ္တည္ၿငိမ္မႈရွိေၾကာင္း ဗဟိုဘဏ္ ဒု ဥကၠ႒ရွင္းလင္း”

လူထုအတြင္း ပ်ံႏွံ႕လွ်က္ရွိသည့္ ေငြစကၠဴအတုမ်ား သန္းႏွင့္ခ်ီ ထြက္ရွိသည္ဆိုေသာသတင္းမွာ ေကာလာဟလသာျဖစ္ၿပီးလက္ရွိတြင္ ဘဏ္မ်ားအေနျဖင့္ လမ္းေၾကာင္းေပၚသို႔ ျပန္လည္ေရာက္ရွိလာကာ အပ္ေငြသူ ပိုမိုမ်ားလာေၾကာင္း ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဝင္းေသာ္က ျပည္ပမီဒီယာတစ္ခုကို ေျပာဆိုထားသည္။

ဘဏ္စနစ္က ရက္အလိုက္ တစ္ရက္ထက္တစ္ရက္ ပိုပိုတည္ၿငိမ္လာတယ္။ ဒါေၾကာင့္ ေကာလာဟလေတြကို မယုံေစခ်င္ဘူး။ အခု လတ္တေလာမွာလည္းေငြစကၠဴအတုထုတ္တဲ့ အဖြဲ႕တစ္ဖြဲ႕ မိထားလို႔ ဗဟိုဘဏ္ဥပေဒအရ တရားစြဲၿပီး ေထာင္ခ်ဖိဳ႕ လုပ္ထားတာရွိပါတယ္။ အခုမိတာကလည္း ပရင္တာနဲ႕ ထုတ္ထားတဲ့ အရည္အေသြးမရွိတဲ့အတု အဆင့္ပဲရွိပါတယ္။ ေငြစကၠဴအတုကို သန္းနဲ႕ခ်ီၿပီး အတုထုတ္နိုင္တဲ့အဆင့္လုံးဝမရွိပါဘူး။ ဟု ေျပာဆိုသည္။

လက္ရွိအသုံးျပဳေနသည့္ ၅,၀၀၀ က်ပ္တန္ႏွင့္ ၁၀,၀၀၀ က်ပ္တန္ ေငြစကၠဴမ်ားကို တရားမဝင္ေငြေၾကးအျဖစ္ လုံးဝသတ္မွတ္မည္မဟုတ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေျပာထားၿပီးျဖစ္သည္ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။

လက္ရွိတြင္ ဆိုရွယ္မီဒီယာေပၚ၌ ေငြအတုေရာင္းခ်သည့္ post မ်ားျပန႔္ႏွံေနၿပီး ၿပီးခဲ့သည့္ရက္ပိုင္းကလည္း လွိုင္သာယာရွိ အထည္ခ်ဳပ္စက္႐ုံတစ္ခုတြင္ အလုပ္သမားေခါင္းေဆာင္တစ္ဦးက ေငြအတုျဖင့္ လစာထုတ္ေပးခဲ့သည့္ ျဖစ္စဥ္ျဖစ္ ပြားခဲ့ေသးသည္။

#mhtnews