ငါး၊ ပုစွန် မိတ်လိုက်၊ မျိုးပွားရာသီချိန်တွင် ဖမ်းဆီး၊စုဆောင်း၊ရောင်းဝယ်၊တင်ပို့ ခြင်းများမပြုလုပ်ရန် ငါးလုပ် ငန်းဦးစီးဌာနက အသိပေးကြေညာထားပြီး စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။
ငါး၊ ပုစွန်များ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်ကို အုပ်စုအမျိုးအစားအလိုက် သတ်မှတ်ထားရှိရာ ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ငါးလင်ပန်းများမှာ ဇွန် (၁) ရက်နေ့မှ ဩဂုတ် (၃၁) ရက်နေ့အထိလည်းကောင်း၊ ကျောက်ငါးမှာ ဇူလိုင် (၁)ရက်နေ့မှ စက်တင်ဘာ(၃၀)ရက်နေ့အထိလည်းကောင်း၊ ရေချိုငါးအားလုံးမှာ မေ(၁)ရက်နေ့မှ ဇူလိုင် (၃၁) ရက်နေ့အထိလည်းကောင်း၊ ရေငံပုစွန်များမှာ ဇွန် (၁) တစ်ရက်နေ့မှ ဩဂုတ် (၃၁)ရက်နေ့ အထိ လည်းကောင်း အသီးသီး မှတ်မှတ်ထားပြီး ယင်းကာလအတွင်း ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊ တင်ပို့ ခြင်းများမပြုလုပ်ရန်တား မြစ်ထားသည်။
ထိုဝို့ တားမြစ်လုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံရှိရေချို၊ ရေငံရေပြင်များတွင် ငါး၊ပုစွန်မျိုးများ ပြုန်တီးမှုအားကာကွယ်ရန်၊ ငါး၊ပုစွန်အထွက်တိုးရန်၊ မျိုးကောင်းမျိုးသန့်များရေရှည်တည်တန့်တိုးပွားလာစေရန်နှင့် ငါးသယံဇာတများထိမ်း သိမ်းနိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ငါး၊ ပုစွန် မိတ်လိုက်၊ မျိုးပွားရာသီချိန်တွင် ဖမ်းဆီး၊ရောင်းဝယ်ခြင်းပြုလုပ်လျှင် အရေးယူမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထုတ်ပြန်”
#mhtnews
Recent Comments