ဂျပန်နိုင်ငံက ကျောင်းသူတွေအနေနဲ့ သူတို့ရဲ့ လည်ကုပ်ကို မြင်အောင် ponytail လိုခေါ်တဲ့ နောက်စေ့နားမှာ ဆံပင်စုစည်းပြီး မြင်းမြီးပုံစံ ချထားတာမျိုးဟာ ကျောင်းသားတွေကို လိင်စိတ်ဖြစ်ပေါ်စေတယ်ဆိုပြီး အဲဒီလို ဆံပင်စည်းခြင်းကို တားမြစ်ဖို့ ကျောင်းအုပ်ချုပ်သူတွေက သူ့ကို စေခိုင်းခဲ့တယ်လို အလယ်တန်းကျောင်းဆရာဟောင်းတစ်ဦးဖြစ်သူ မိုတိုကီစူဂီယာမက ပြောကြားကြောင်း Vice World News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“သူတို့က ကောင်မလေးတွေကို ကောင်လေးတွေ ကြည့်ကြမှာ စိုးရိမ်နေကြတယ်။ ဒါဟာ အတွင်းခံအဖြူရောင်ပဲ ဝတ်ရမယ် ဆိုတဲ့ စည်းကမ်းထုတ်တာမျိုးရဲ့ နောက်ကွယ်က အကြောင်းပြချက်နဲ့ ခပ်ဆင်ဆင်ပါပဲ” လို့ ဆရာ စူဂီယာမက ပြောတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ခြေအိတ်ကနေစပြီး အတွင်းခံအရောင်အထိ တင်းကျပ်တဲ့ စည်းကမ်း ချက်တွေ သတ်မှတ်ထားတာကြောင့် ဂျပန်နိုင်ငံက စာသင်ကျောင်းတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားကြတယ်လို့လည်း သတင်းက ဆိုပါတယ်။
ponytail ဆံပင်စည်းတာကို တားမြစ်ခြင်းဟာ ဂျပန်နိုင်ငံက ကျောင်းသူတွေအတွက် buraku kosoku လို့ခေါ်ကြတဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေထဲက တစ်ခုသာဖြစ်ပြီး ဝတ်စားဆင်ယင်မှုဆိုင်ရာ ကန့်သတ်ထားတဲ့ စည်းကမ်းတွေထဲမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အတွင်းခံ၊ ခြေအိတ်၊ စကတ်အရှည်နဲ့ မျက်ခုံးပုံသဏ္ဌာန် စသည်ဖြင့် အများကြီး ဘောင်ခတ် ထားတယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာ ကျောင်းသားတွေနဲ့ မိဘတွေရဲ့ တောင်းဆိုမှုကြောင့် ဂျပန်အစိုးရဟာ တင်းကျပ်လွန်းတဲ့ ကျောင်းစည်းကမ်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ပညာရေးအဖွဲ့အစည်း အားလုံးဆီကို ညွှန်ကြားခဲ့တဲ့အတွက် တချို့အဖွဲ့တွေက သူတို့ရဲ့ စည်းကမ်း တွေကို အမှန်တကယ် ပြောင်းလဲပြင်ဆင်ပေးခဲ့ကြပေမယ့် ဆယ်စုနှစ်များစွာ အမြစ်တွယ်နေတဲ့ အလေ့အကျင့်တွေကတော့ ချက်ချင်း ပပျောက်သွားဖို့ရာ နှေးကွေးနေခဲ့ပါတယ်။
ဂျပန်ပညာရေးစနစ်နဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေအကြောင်း TikTok မှာ ဗွီဒီယိုဖိုင်နဲ့တကွ ဖြန့်ဝေခဲ့သူ စူဂီယာမက အဲဒီလို စည်းကမ်းတွေ ဘာကြောင့် ချမှတ်ထားရသလဲဆိုတာ ကျောင်းသားတွေအပေါ် အုပ်ချုပ်သူတွေက ရှင်းပြတာမျိုး အင်မတန် နည်းပါးတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သတင်းဖော်ပြမှုအရ သိရပါတယ်။
#mhtnews
(Zawgyi)
“ဂ်ပန္ေက်ာင္းသူမ်ား ponytail ဆံပင္စည္းျခင္းက လိင္စိတ္ကိုျဖစ္ေပၚေစေၾကာင္း အေၾကာင္းျပခ်က္ျဖင့္ မျပဳလုပ္ရန္တားျမစ္မႈမ်ား ေဝဖန္ခံေနရ”
ဂ်ပန္နိုင္ငံက ေက်ာင္းသူေတြအေနနဲ႕ သူတို႔ရဲ႕ လည္ကုပ္ကို ျမင္ေအာင္ ponytail လိုေခၚတဲ့ ေနာက္ေစ့နားမွာ ဆံပင္စုစည္းၿပီး ျမင္းၿမီးပုံစံ ခ်ထားတာမ်ိဳးဟာ ေက်ာင္းသားေတြကို လိင္စိတ္ျဖစ္ေပၚေစတယ္ဆိုၿပီး အဲဒီလို ဆံပင္စည္းျခင္းကို တားျမစ္ဖို႔ ေက်ာင္းအုပ္ခ်ဳပ္သူေတြက သူ႕ကို ေစခိုင္းခဲ့တယ္လို အလယ္တန္းေက်ာင္းဆရာေဟာင္းတစ္ဦးျဖစ္သူ မိုတိုကီစူဂီယာမက ေျပာၾကားေၾကာင္း Vice World News သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
သူတို႔က ေကာင္မေလးေတြကို ေကာင္ေလးေတြ ၾကည့္ၾကမွာ စိုးရိမ္ေနၾကတယ္။ ဒါဟာ အတြင္းခံအျဖဴေရာင္ပဲ ဝတ္ရမယ္ ဆိုတဲ့ စည္းကမ္းထုတ္တာမ်ိဳးရဲ႕ ေနာက္ကြယ္က အေၾကာင္းျပခ်က္နဲ႕ ခပ္ဆင္ဆင္ပါပဲ လို႔ ဆရာ စူဂီယာမက ေျပာတယ္လို႔ သိရပါတယ္။
ဂ်ပန္နိုင္ငံဟာ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ေျခအိတ္ကေနစၿပီး အတြင္းခံအေရာင္အထိ တင္းက်ပ္တဲ့ စည္းကမ္း ခ်က္ေတြ သတ္မွတ္ထားတာေၾကာင့္ ဂ်ပန္နိုင္ငံက စာသင္ေက်ာင္းေတြဟာ နာမည္ဆိုးနဲ႕ ေက်ာ္ၾကားၾကတယ္လို႔လည္း သတင္းက ဆိုပါတယ္။
ponytail ဆံပင္စည္းတာကို တားျမစ္ျခင္းဟာ ဂ်ပန္နိုင္ငံက ေက်ာင္းသူေတြအတြက္ buraku kosoku လို႔ေခၚၾကတဲ့ တင္းက်ပ္တဲ့ စည္းကမ္းေတြထဲက တစ္ခုသာျဖစ္ၿပီး ဝတ္စားဆင္ယင္မႈဆိုင္ရာ ကန႔္သတ္ထားတဲ့ စည္းကမ္းေတြထဲမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ အတြင္းခံ၊ ေျခအိတ္၊ စကတ္အရွည္နဲ႕ မ်က္ခုံးပုံသဏၭာန္ စသည္ျဖင့္ အမ်ားႀကီး ေဘာင္ခတ္ ထားတယ္လို႔ သိရပါတယ္။
၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လမွာ ေက်ာင္းသားေတြနဲ႕ မိဘေတြရဲ႕ ေတာင္းဆိုမႈေၾကာင့္ ဂ်ပန္အစိုးရဟာ တင္းက်ပ္လြန္းတဲ့ ေက်ာင္းစည္းကမ္းေတြကို ျပန္လည္ျပင္ဆင္ေပးဖို႔ ပညာေရးအဖြဲ႕အစည္း အားလုံးဆီကို ၫႊန္ၾကားခဲ့တဲ့အတြက္ တခ်ိဳ႕အဖြဲ႕ေတြက သူတို႔ရဲ႕ စည္းကမ္း ေတြကို အမွန္တကယ္ ေျပာင္းလဲျပင္ဆင္ေပးခဲ့ၾကေပမယ့္ ဆယ္စုႏွစ္မ်ားစြာ အျမစ္တြယ္ေနတဲ့ အေလ့အက်င့္ေတြကေတာ့ ခ်က္ခ်င္း ပေပ်ာက္သြားဖို႔ရာ ႏွေးေကြးေနခဲ့ပါတယ္။
ဂ်ပန္ပညာေရးစနစ္နဲ႕ တင္းက်ပ္တဲ့ စည္းကမ္းေတြအေၾကာင္း TikTok မွာ ဗြီဒီယိုဖိုင္နဲ႕တကြ ျဖန႔္ေဝခဲ့သူ စူဂီယာမက အဲဒီလို စည္းကမ္းေတြ ဘာေၾကာင့္ ခ်မွတ္ထားရသလဲဆိုတာ ေက်ာင္းသားေတြအေပၚ အုပ္ခ်ဳပ္သူေတြက ရွင္းျပတာမ်ိဳး အင္မတန္ နည္းပါးတယ္လို႔ ျဖည့္စြက္ေျပာၾကားခဲ့ေၾကာင္း သတင္းေဖာ္ျပမႈအရ သိရပါတယ္။
#mhtnews
Recent Comments