မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ရှိ PDF အမည်ခံအကြမ်းဖက်သမားများက မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် မြောက်ခင်ရန်းကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လူနေအိမ်များအား မီးရှို့ဖျက်ဆီး၍ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာအား ၎င်းကျေးရွာ၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် ရွှေဘိုကျေးရွာ၊ သင်တောကျေးရွာ၊ စမ်းမြို့ကျေးရွာတို့တွင် ခိုအောင်း၍အကြမ်းဖက်မှုလုပ်ရပ်များပြုလုပ်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားအင်အား ၄၀၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်၊ လက်လုပ်ဗုံးများ အသုံးပြုကာ ကျေးရွာနေပြည်သူများအား ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
အကြမ်းဖက်သမားများသည် ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လူနေအိမ် ၈၆ လုံး မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကာ အကြမ်းဖက်သမားများက ကျေးရွာအား ပစ်ခတ်တိုက်ခိုက်နေစဉ်အတွင်း ကျေးရွာမှ ထွက်ပြေးတိမ်း ရှောင်ခဲ့သည့် အပြစ်မဲ့ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုကဲ့သို့ အေးချမ်းစွာနေထိုင်လျက်ရှိသည့် ကျေးရွာနေအပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#mhtnews
(Zawgyi)
“ဂန႔္ေဂါၿမိဳ႕နယ္ရွိPDFအမည္ခံအၾကမ္းဖက္သမားမ်ားကေျမာက္ခင္ရန္းေက်း႐ြာအား မီးရွို႔ဖ်က္ဆီးခဲ့မႈေၾကာင့္ ေနအိမ္ (၈၆) လုံး မီးေလာင္ပ်က္စီးၿပီး (၁) ဦး မီးေလာင္ေသဆုံးသည့္အျပင္အျပစ္မဲ့ျပည္သူမ်ားအားဖမ္းဆီးေခၚေဆာင္သြား”
မေကြးတိုင္းေဒသႀကီး၊ ဂန႔္ေဂါၿမိဳ႕နယ္ရွိ PDF အမည္ခံအၾကမ္းဖက္သမားမ်ားက မတ္လ ၁၈ ရက္ နံနက္ပိုင္းတြင္ ေျမာက္ခင္ရန္းေက်း႐ြာအား ဝင္ေရာက္စီးနင္းတိုက္ခိုက္ကာ လူေနအိမ္မ်ားအား မီးရွို႔ဖ်က္ဆီး၍ အျပစ္မဲ့ျပည္သူမ်ားအား ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႕ နံနက္ ၅ နာရီ ၄၅ မိနစ္တြင္ ဂန႔္ေဂါၿမိဳ႕နယ္၊ ေျမာက္ခင္ရန္းေက်း႐ြာအား ၎ေက်း႐ြာ၏ အနီးပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ားျဖစ္သည့္ ေ႐ႊဘိုေက်း႐ြာ၊ သင္ေတာေက်း႐ြာ၊ စမ္းၿမိဳ႕ေက်း႐ြာတို႔တြင္ ခိုေအာင္း၍အၾကမ္းဖက္မႈလုပ္ရပ္မ်ားျပဳလုပ္လ်က္ရွိသည့္ PDF အမည္ခံ အၾကမ္းဖက္သမားအင္အား ၄၀၀ ဦးခန႔္က လက္နက္ႀကီး၊ လက္နက္ငယ္၊ လက္လုပ္ဗုံးမ်ား အသုံးျပဳကာ ေက်း႐ြာေနျပည္သူမ်ားအား ဝိုင္းဝန္းပိတ္ဆို႔ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ ေက်း႐ြာေန ျပည္သူ႕စစ္အဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား၏ လုံၿခဳံေရးေဆာင္႐ြက္ေပးလ်က္ရွိသည့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ခုခံပစ္ခတ္ခဲ့ရာ နံနက္ ၇ နာရီ ၅၀ မိနစ္အခ်ိန္တြင္ အၾကမ္းဖက္အဖြဲ႕မ်ား ျပန္လည္ဆုတ္ခြာထြက္ေျပးသြားခဲ့သည္။
အၾကမ္းဖက္သမားမ်ားသည္ ေက်း႐ြာေနျပည္သူမ်ားအား အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့သည့္အျပင္ ေက်း႐ြာေနျပည္သူမ်ား၏ ေနအိမ္မ်ားအား မီးရွို႔ဖ်က္ဆီးခဲ့သည့္အတြက္ လူေနအိမ္ ၈၆ လုံး မီးေလာင္ကြၽမ္းပ်က္စီးဆုံးရႈံးခဲ့ၿပီး အျပစ္မဲ့ျပည္သူ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့ကာ အၾကမ္းဖက္သမားမ်ားက ေက်း႐ြာအား ပစ္ခတ္တိုက္ခိုက္ေနစဥ္အတြင္း ေက်း႐ြာမွ ထြက္ေျပးတိမ္း ေရွာင္ခဲ့သည့္ အျပစ္မဲ့ျပည္သူအခ်ိဳ႕အား ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
ထိုကဲ့သို႔ ေအးခ်မ္းစြာေနထိုင္လ်က္ရွိသည့္ ေက်း႐ြာေနအျပစ္မဲ့ျပည္သူမ်ား၏ ေနအိမ္မ်ားအား မီးရွို႔ဖ်က္ဆီးကာ ျပည္သူအခ်ိဳ႕အား ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
#mhtnews
Recent Comments