(ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၅၆/၂၀၂၂
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်)

ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဉပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Corona- virus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၄၇၉/၂၀၂၁ ဖြင့်လည်းကောင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနား များနှင့် သာရေး/နာရေးဆိုင်ရာကိစ္စရပ်များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၃၀-၁၂-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့်လည်း ကောင်း ထုတ်ပြန်ခဲ့ပါသည်။

၂။ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတိုမှာ သိသာ စွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ ၁၆-၃-၂၀၂၂ ရက်နေ့မှစ၍ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်လိုက်သည်။

၃။ ကိုဗစ်-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

(Zawgyi)
“ႁခြင္းခ်က္ျပဳေဖာ္ျပထားေသာ ကိစၥရပ္မ်ားမွအပ လူ ၄၀၀ ဦးအထိ ၁၆-၃-၂၀၂၂ ရက္ေန႕မွစ၍ စုေဝးခြင့္ျပဳေၾကာင္း က်န္းမာေရးႀကီးဌာန ထုတ္ျပန္”

(ထုတ္ျပန္ခ်က္ကို မူရင္းအတိုင္း ေဖာ္ျပေပးလိုက္ပါသည္။)

ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္အစိုးရ
က်န္းမာေရးဝန္ႀကီးဌာန
အမိန႔္အမွတ္၊ ၅၆/၂၀၂၂
၁၃၈၃ ခုႏွစ္၊ တေပါင္းလဆန္း ၁၄ ရက္
(၂၀၂၂ ခုႏွစ္၊ မတ္လ ၁၅ ရက္)

က်န္းမာေရးဝန္ႀကီးဌာနသည္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဉပေဒပုဒ္မ ၂၁ ပုဒ္မခြဲ (ခ)ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ဤအမိန႔္ကို ထုတ္ျပန္လိုက္သည္။

၁။ က်န္းမာေရးဝန္ႀကီးဌာနသည္ လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ (Corona- virus Disease 2019 – COVID-19) ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ ေရာဂါကူးစက္ျပန့္ပြားမႈ မျဖစ္ေစရန္အတြက္ လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက္ပို၍ စုေဝးျခင္းမျပဳရန္ ၂၉-၁၀-၂၀၂၁ ရက္စြဲပါအမိန႔္အမွတ္ ၄၇၉/၂၀၂၁ ျဖင့္လည္းေကာင္း၊ ဘာသာေရးဆိုင္ရာအခမ္းအနား မ်ားႏွင့္ သာေရး/နာေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ လူ ၂၀၀ ဦးအထိ စုေဝးခြင့္ျပဳေၾကာင္း ၃၀-၁၂-၂၀၂၁ ရက္စြဲပါအမိန႔္အမွတ္ ၅၃၈/၂၀၂၁ ျဖင့္လည္း ေကာင္း ထုတ္ျပန္ခဲ့ပါသည္။

၂။ ယခုအခါတြင္ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမႈအေျခအေနမ်ားအေပၚ သုံးသပ္ခ်က္မ်ားအရ ကိုဗစ္-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ေတြ႕ရွိမႈ၊ ပိုးေတြ႕ႏႈန္းႏွင့္ ေသဆုံးမႈႏႈန္းတို႔မွာ သိသာ စြာက်ဆင္းလာေၾကာင္း ေတြ႕ရွိရသျဖင့္ ႁခြင္းခ်က္ျပဳေဖာ္ျပထားေသာ ကိစၥရပ္မ်ားမွအပ လူ ၄၀၀ ဦးအထိ ၁၆-၃-၂၀၂၂ ရက္ေန႕မွစ၍ စုေဝးခြင့္ျပဳေၾကာင္း ထုတ္ျပန္လိုက္သည္။

၃။ ကိုဗစ္-19 ေရာဂါႏွင့္စပ္လ်ဥ္း၍ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ျပည္သူ႕က်န္းမာေရး ဦးစီးဌာန တို႔က ထုတ္ျပန္ထားသည့္ အမိန႔္၊ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ပါက တည္ဆဲ ဥပေဒမ်ားအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္သည္။