ခရီးသွားဧည့်သည်များအား အချိန်နှင့်တစ်ပြေးညီသတင်းအချက်အလက်များပေးနိုင်ရန် Information Counter များ စနစ်တကျဖွင့်လှစ်ထားရှိပြီးဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်မှစတင်ကာ ပုံပြန်ပြေးဆွဲခွင့်ပြုထားပြီးသဖြင့် ပြည်ပခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ သွားလာတည်းခိုနေထိုင်ရေးအတွက်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဥ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များမှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပြီးဖြစ်သလို ခရီးသွားဧည့်သည်များကို အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များပေးနိုင်ရန် Information Counter ၂၇ ခုကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ပြည်တွင်းခရီးသွားများအနေဖြင့် ဧပြီ ၁ ရက်မှစတင်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံ) တင် ပြသ၍ ခရီးသွားလာတည်းခိုနေထိုင်ရမည်ဖြစ်သဖြင့် လာရောက်တည်ခိုမည့်ခရီးသည်များကိုလည်း မှတ်ပုံတင်ကတ်ဖြင့်သာ တည်ခိုခွင့်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာဟိုတယ်များကို ညွှန်ကြားထားပြီးဖြစ်သလို ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မှုစာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် ဧည့်စားရင်းစီမံခန့်ခွဲမှုစနစ်ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်နှင် ခရီးသွားလာရေးဝန်ကြီးဌာမှ တရားဝင်လိုင်စင်ယူ လုပ်ကိုင်နေသည့် ဟိုတည်အလုံးပေါင်း ၂၂၈၈ လုံးရှိပြီး၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် အသိအမှတ်ပြုကတ်ပြားရရှိထားသည့် ဟိုတည်ပေါင်း ၁၃၂၆ လုံးရှိကာ နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်ပြားရရှိသည့် ဟိုတယ်ပေါင်း ၄၈ လုံးရှိကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ခရီးသြားဧည့္သည္မ်ားအတြက္ သတင္းအခ်က္အလက္မ်ားေပးနိုင္ရန္ Information Counter မ်ား ဖြင့္လွစ္ထားရွိ”
ခရီးသြားဧည့္သည္မ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီသတင္းအခ်က္အလက္မ်ားေပးနိုင္ရန္ Information Counter မ်ား စနစ္တက်ဖြင့္လွစ္ထားရွိၿပီးျဖစ္သည္ဟု ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။
နိုင္ငံတကာေလေၾကာင္းလိုင္းမ်ားကို ဧၿပီလ ၁၇ ရက္မွစတင္ကာ ပုံျပန္ေျပးဆြဲခြင့္ျပဳထားၿပီးသျဖင့္ ျပည္ပခရီးသြားဧည့္သည္မ်ား လုံၿခဳံစိတ္ခ်စြာ သြားလာတည္းခိုေနထိုင္ေရးအတြက္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ခရီးစဥ္ေဒသစီမံခန့္ခြဲမႈအဖြဲ႕ (DMO) မ်ားမွ ႀကိဳတင္ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ထားရွိၿပီးျဖစ္သလို ခရီးသြားဧည့္သည္မ်ားကို အခ်ိန္ႏွင့္တေျပးညီ သတင္းအခ်က္အလက္မ်ားေပးနိုင္ရန္ Information Counter ၂၇ ခုကို ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။
အလားတူ ျပည္တြင္းခရီးသြားမ်ားအေနျဖင့္ ဧၿပီ ၁ ရက္မွစတင္ကာ နိုင္ငံသားစိစစ္ေရးကတ္ျပား(မွတ္ပုံ) တင္ ျပသ၍ ခရီးသြားလာတည္းခိုေနထိုင္ရမည္ျဖစ္သျဖင့္ လာေရာက္တည္ခိုမည့္ခရီးသည္မ်ားကိုလည္း မွတ္ပုံတင္ကတ္ျဖင့္သာ တည္ခိုခြင့္ျပဳနိုင္ေရးအတြက္ သက္ဆိုင္ရာဟိုတယ္မ်ားကို ၫႊန္ၾကားထားၿပီးျဖစ္သလို ခရီးသြားဧည့္သည္မ်ား တည္းခိုေနထိုင္မႈစာရင္းအင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တေျပးညီ သိရွိနိုင္ေရးအတြက္ ဧည့္စားရင္းစီမံခန့္ခြဲမႈစနစ္ကိုလည္း အဆင့္ျမႇင့္တင္ေဆာင္႐ြက္ထားေၾကာင္း သိရသည္။
ျမန္မာနိုင္ငံတြင္ ဟိုတယ္ႏွင္ ခရီးသြားလာေရးဝန္ႀကီးဌာမွ တရားဝင္လိုင္စင္ယူ လုပ္ကိုင္ေနသည့္ ဟိုတည္အလုံးေပါင္း ၂၂၈၈ လုံးရွိၿပီး၊ တိုင္းေဒသႀကီး ျပည္နယ္အလိုက္ အသိအမွတ္ျပဳကတ္ျပားရရွိထားသည့္ ဟိုတည္ေပါင္း ၁၃၂၆ လုံးရွိကာ နိုင္ငံအဆင့္ အသိအမွတ္ျပဳတံဆိပ္ျပားရရွိသည့္ ဟိုတယ္ေပါင္း ၄၈ လုံးရွိေၾကာင္း သိရသည္။
#mhtnews
Recent Comments