လက်ရှိအဏာရ ဒီမိုကရက်တစ်ပါတီမှ လီဂျေးမြောင်အား ကွန်ဆာဗေးတစ်ပါတီမှ ယွန်ဆုယောင်းက ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတသစ်ဖြစ်လာခဲ့ကြောင်း CNN သတင်းကဖော်ပြသည်။
သမ္မတရွေးကောက်ပွဲဆိုင်ရာ မဲများ၏ ၉၈ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန်တွင် ယွန်ဆုယောင်းက ၄၈.၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ပြိုင်ဘက်ရွေးကောက်ခံ လီဂျေးမြောင်က ၄၇.၈ ရာခိုင်နှုန်းရရှိခဲ့သည်။
တောင်ကိုရီးယားတွင် သမ္မတသက်တမ်းသည် ၅ နှစ်သာဖြစ်၍ လက်ရှိသမ္မတ မွန်ဂျေအင်းအနေဖြင့် သမ္မတရာထူးဒုတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီမှ လီဂျေးမြောင်သည် ဆိုးလ်မြို့ရှိ ပါတီဌာနချုပ်တွင် မိန့်ခွန်းပြောကြားရာ၌ ရှုံးနိမ့်မှုအတွက် မိမိကိုယ်ကို အပြစ်တင်ခဲ့ပြီး ပါတီထောက်ခံသူ ပြည်သူမျာကို တောင်းပန်ခဲ့သည်။
သမ္မတရာထူးကို အနိုင်ရခဲ့သည့် ယွန်းဆုယောင်းသည် အောင်ပွဲခံမိန့်ခွန်းတွင် စည်းလုံးညီညွတ်မှုကို အလေးအနက်ထားကြောင်းပြောဆိုခဲ့ပြီး ပြည်သူတွေအနေဖြင့် တိုင်းပြည်အတွက် စည်းလုံးသင့်ကြောင်း ပြောဆိုခဲ့သည့်။
ယွန်းဆုယောင်း၏ ငါးနှစ်တာ သမ္မတ သက်တမ်းသည် ယခုလတွင် စတင်မည်ဖြစ်ပြီး ပြန်လည်ရွေးကောက်ခံရရန် တားမြစ်ခံထားရသည့် လက်ရှိသမ္မတ မွန်ဂျေအင်း နေရာတွင် အစားထိုးမည်ဖြစ်သည်။
(Zawgyi)
“ကြန္ဆာေဗးတစ္ပါတီမွ ယြန္ဆုေယာင္း ေတာင္ကိုရီးယားသမၼတသစ္ျဖစ္လာ”
လက္ရွိအဏာရ ဒီမိုကရက္တစ္ပါတီမွ လီေဂ်းေျမာင္အား ကြန္ဆာေဗးတစ္ပါတီမွ ယြန္ဆုေယာင္းက ေ႐ြးေကာက္ပြဲတြင္ အနိုင္ရရွိခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားနိုင္ငံ၏ သမၼတသစ္ျဖစ္လာခဲ့ေၾကာင္း CNN သတင္းကေဖာ္ျပသည္။
သမၼတေ႐ြးေကာက္ပြဲဆိုင္ရာ မဲမ်ား၏ ၉၈ ရာခိုင္ႏႈန္းေက်ာ္ကို ေရတြက္ၿပီးခ်ိန္တြင္ ယြန္ဆုေယာင္းက ၄၈.၆ ရာခိုင္ႏႈန္းရရွိခဲ့ၿပီး ၿပိဳင္ဘက္ေ႐ြးေကာက္ခံ လီေဂ်းေျမာင္က ၄၇.၈ ရာခိုင္ႏႈန္းရရွိခဲ့သည္။
ေတာင္ကိုရီးယားတြင္ သမၼတသက္တမ္းသည္ ၅ ႏွစ္သာျဖစ္၍ လက္ရွိသမၼတ မြန္ေဂ်အင္းအေနျဖင့္ သမၼတရာထူးဒုတိယသက္တမ္းအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရေၾကာင္း သိရသည္။
ဒီမိုကရက္တစ္ပါတီမွ လီေဂ်းေျမာင္သည္ ဆိုးလ္ၿမိဳ႕ရွိ ပါတီဌာနခ်ဳပ္တြင္ မိန႔္ခြန္းေျပာၾကားရာ၌ ရႈံးနိမ့္မႈအတြက္ မိမိကိုယ္ကို အျပစ္တင္ခဲ့ၿပီး ပါတီေထာက္ခံသူ ျပည္သူမ်ာကို ေတာင္းပန္ခဲ့သည္။
သမၼတရာထူးကို အနိုင္ရခဲ့သည့္ ယြန္းဆုေယာင္းသည္ ေအာင္ပြဲခံမိန႔္ခြန္းတြင္ စည္းလုံးညီၫြတ္မႈကို အေလးအနက္ထားေၾကာင္းေျပာဆိုခဲ့ၿပီး ျပည္သူေတြအေနျဖင့္ တိုင္းျပည္အတြက္ စည္းလုံးသင့္ေၾကာင္း ေျပာဆိုခဲ့သည့္။
ယြန္းဆုေယာင္း၏ ငါးႏွစ္တာ သမၼတ သက္တမ္းသည္ ယခုလတြင္ စတင္မည္ျဖစ္ၿပီး ျပန္လည္ေ႐ြးေကာက္ခံရရန္ တားျမစ္ခံထားရသည့္ လက္ရွိသမၼတ မြန္ေဂ်အင္း ေနရာတြင္ အစားထိုးမည္ျဖစ္သည္။
Recent Comments