ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့တောင်ပိုင်း Lualaba ပြည်နယ်၌ မတ် ၁၀ ရက် ညတွင်ဖြစ်ပွားခဲ့သည့် ကုန်တင်ရထားတစ်စင်း လမ်းချော်မှုဖြစ်စဥ်အတွင်း သေဆုံးသူ ၇၅ ဦးအထိမြင့်တက်လာပြီး ၁၂၅ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအနက် ၂၈ ဦးမှာ စိုးရိမ်ဖွယ် ပြင်းထန်ကြောင်း ကွန်ဂို (DRC) နိုင်ငံပိုင် ရထားလမ်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက မတ် ၁၃ ရက်တွင် ထုတ်ပြန်သောကြေညာခဲ့သည်။

သတင်းဖော်ပြချက်များအရ အဆိုပါ ရထားသည် မတ် ၁၀ ရက်ညပိုင်းတွင် Lualaba ပြည်နယ် Lubdi ဒေသသို့ ရောက်ရှိခဲ့စဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ရထားတွဲအများအပြား လမ်းချော်ကာ မြောင်းထဲသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

ကွန်ဂို (DRC) ၌ ကုန်တင်ရထားများတွင် ခရီးသည်များတင်ဆောင်ခြင်းကို တားမြစ်ထားသော်လည်း အခင်းဖြစ်ပွားချိန်တွင် ကုန်တင်ရထားပေါ်၌ လူအများအပြားလိုက်ပါလာကြောင်းနှင့် ကွန်ဂို (DRC) ၌

ရထားလမ်းနှင့် စက်ခေါင်းများ ဟောင်းနွမ်းမှု၊ ခရီးသည်နှင့် ကုန်ပစ္စည်းများ ဝန်ပိုတင်ဆောင်မှုစသည်တို့ကြောင့် ရထားလမ်းချော်မှု ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ကြန္ဂိုနိုင္ငံ (DRC) ၌ျဖစ္ပြားခဲ့သည့္ ရထားလမ္းေခ်ာ္မႈအတြင္း ေသဆုံးသူ ၇၅ ဦးအထိ ျမင့္တက္လာ”

ကြန္ဂို ဒီမိုကရက္တစ္သမၼတနိုင္ငံ အေရွ႕ေတာင္ပိုင္း Lualaba ျပည္နယ္၌ မတ္ ၁၀ ရက္ ညတြင္ျဖစ္ပြားခဲ့သည့္ ကုန္တင္ရထားတစ္စင္း လမ္းေခ်ာ္မႈျဖစ္စဥ္အတြင္း ေသဆုံးသူ ၇၅ ဦးအထိျမင့္တက္လာၿပီး ၁၂၅ ဦး ဒဏ္ရာရခဲ့ေၾကာင္းႏွင့္ ဒဏ္ရာရရွိသူမ်ားအနက္ ၂၈ ဦးမွာ စိုးရိမ္ဖြယ္ ျပင္းထန္ေၾကာင္း ကြန္ဂို (DRC) နိုင္ငံပိုင္ ရထားလမ္းကုမၸဏီ တာဝန္ရွိသူတစ္ဦးက မတ္ ၁၃ ရက္တြင္ ထုတ္ျပန္ေသာေၾကညာခဲ့သည္။

သတင္းေဖာ္ျပခ်က္မ်ားအရ အဆိုပါ ရထားသည္ မတ္ ၁၀ ရက္ညပိုင္းတြင္ Lualaba ျပည္နယ္ Lubdi ေဒသသို႔ ေရာက္ရွိခဲ့စဥ္ စက္ခ်ိဳ႕ယြင္းမႈျဖစ္ေပၚခဲ့ၿပီး ရထားတြဲအမ်ားအျပား လမ္းေခ်ာ္ကာ ေျမာင္းထဲသို႔ ပ်က္က်သြားခဲ့ျခင္းျဖစ္သည္။

ကြန္ဂို (DRC) ၌ ကုန္တင္ရထားမ်ားတြင္ ခရီးသည္မ်ားတင္ေဆာင္ျခင္းကို တားျမစ္ထားေသာ္လည္း အခင္းျဖစ္ပြားခ်ိန္တြင္ ကုန္တင္ရထားေပၚ၌ လူအမ်ားအျပားလိုက္ပါလာေၾကာင္းႏွင့္ ကြန္ဂို (DRC) ၌

ရထားလမ္းႏွင့္ စက္ေခါင္းမ်ား ေဟာင္းႏြမ္းမႈ၊ ခရီးသည္ႏွင့္ ကုန္ပစၥည္းမ်ား ဝန္ပိုတင္ေဆာင္မႈစသည္တို႔ေၾကာင့္ ရထားလမ္းေခ်ာ္မႈ ျဖစ္စဥ္မ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

#mhtnews