ကြက်စာစျေးနှုန်းနှင့် အကောင်ပေါက်စျေးနှုန်းအပြင် အထွေထွေဈေးနှုန်းများ မြင့်မားမှုကြောင့် အသားတိုးကြက်မွေးမြူသူများအနေဖြင့် လုပ်ငန်းအခက်အခဲပိုများလာကြောင်း မွေးမြူသူများထံမှ သိရသည်။
အသားတိုးကြက်မွေးမြူရေးလုပ်ငန်းတွင် လတ်တလော အစာစျေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ကျော်ဝန်းကျင်ရှိနေပြီး ကြက်သားပေါက်တစ်ကောင်လျှင် ကျပ်ငွေ ၁၁၀၀ မှ ၁၁၅၀ ဝန်းကျင်ရှိနေခြင်းကြောင့် မီးသွေး၊ အားဆေး၊ အလုပ်သမားခအပြင် လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်မှုတို့ကြောင့် အသုံးပြုရသည့် ဒီဇယ်ဖိုးများထည့်ပေါင်းလျှင် လုပ်ငန်းမှာ အရင်းပြန်ရရန်ပင် ရုန်းကန်နေရကြောင်း အသားတိုးကြက်မွေးမြှူရေးလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။
“ဈေးတက်တာက တစ်ခုတည်းမဟုတ်ဘူး။ အစစအရာရာ ဈေးတက်နေတော့ အရင်းလေးပြန်ရဖို့တောင် တော်တေယ်ဂရုစိုက်ရတယ်။ အခုက ကြက်စျေးသိပ်မဆိုးလို့ ခံသာနေတာ။ ကြက်ဈေးတက်ပြန်တော့ စားသုံးသူဘက်မှာ စျေးများသွားပေမယ့် မွေးမြူရေးသမားတွေဘက်မှာတော့ အမြတ်အစွန်းနည်းတယ်။ အလေအလွင့် အသေအပျောက်မရှိအောင် ဂရုစိုက်မွေးမှ တော်လောက်ကျတာ။ အဲ့လိုလုပ်နေတဲ့ကြားက ရောဂါဝင်ရင်တော့ ခွက်ခွက်လန်ရှုံးကုန်တာပေါ့ ဗျာ” ဟု ရန်ကုန်မြို့မှ အသားတိုးကြက်မွေးမြူသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့စျေးကွက်တွင် ယခုရက်ပိုင်း အသားတိုးကြက်စျေးနှုန်းများမှာလည်း စျေးတက်နေပြီး ယခင်လက ခြံဖမ်းစျေးကျပ် ၃၆၀၀မှ ၃၇၀၀ စျေးရှိကာ ယခုရက်ပိုင်းတွင် ခြံဖမ်းစျေးကျပ် ၄၆၅၀ မှ ၄၇၅၀ အထိ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
#mhtnews
(Zawgyi)
“ကြက်စာဈေးနှုန်းနှင့် အကောင်ပေါက်ဈေးနှုန်းအပြင် အထွေထွေဈေးနှုန်း မြင့်မားမှုများကြောင့် အသားတိုးကြက်မွေးမြူသူများ အခက်ကြုံ”
ကြက်စာဈေးနှုန်းနှင့် အကောင်ပေါက်ဈေးနှုန်းအပြင် အထွေထွေဈေးနှုန်းများ မြင့်မားမှုကြောင့် အသားတိုးကြက်မွေးမြူသူများအနေဖြင့် လုပ်ငန်းအခက်အခဲပိုများလာကြောင်း မွေးမြူသူများထံမှ သိရသည်။
အသားတိုးကြက်မွေးမြူရေးလုပ်ငန်းတွင် လတ်တလော အစာဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ကျော်ဝန်းကျင်ရှိနေပြီး ကြက်သားပေါက်တစ်ကောင်လျှင် ကျပ်ငွေ ၁၁၀၀ မှ ၁၁၅၀ ဝန်းကျင်ရှိနေခြင်းကြောင့် မီးသွေး၊ အားဆေး၊ အလုပ်သမားခအပြင် လျှပ်စစ်မီးပြတ်တောက်ချိန် ကြာမြင့်မှုတို့ကြောင့် အသုံးပြုရသည့် ဒီဇယ်ဖိုးများထည့်ပေါင်းလျှင် လုပ်ငန်းမှာ အရင်းပြန်ရရန်ပင် ရုန်းကန်နေရကြောင်း အသားတိုးကြက်မွေးမြှူရေးလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့ဈေးကွက်တွင် ယခုရက်ပိုင်း အသားတိုးကြက်ဈေးနှုန်းများမှာလည်း ဈေးတက်နေပြီး ယခင်လက ခြံဖမ်းဈေးကျပ် ၃၆၀၀မှ ၃၇၀၀ ဈေးရှိကာ ယခုရက်ပိုင်းတွင် ခြံဖမ်းဈေးကျပ် ၄၆၅၀ မှ ၄၇၅၀ အထိ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
#mhtnews