ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနှင့် အထက်မြတ်လှဲကျေးရွာ တိုက်ပွဲရှောင်စခန်းတွင် နေထိုင်လျက်ရှိသော မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၅၀ စုအား ပြန်လည်နေရာချထားရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စုအတွင်း ကျောက်ပန္ဒူ- စေတီပြင် ကျေးရွာသွား ကားလမ်းဘေးတွင် မြိုတိုင်းရင်းသား ကျေးရွာသစ်မြေနေရာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါမြေနေရာတွင် ပထမအသုတ်အဖြစ် ရွှေပြောင်းအခြေချနေထိုင်ကြမည့် တိုက်ပွဲရှောင် မြိုတိုင်ရင်းသား အိမ်ထောင်စုဝင် ၅၀ စုအား ယမန်နေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့က စစ်တွေမြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး ခန်းမဆောင်၌ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

တိုင်းမှူးက ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကား ပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာတွင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော ကျေးရွာအား စံပြကျေးရွာအဆင့် ဖြစ်လာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ကျေးရွာသစ်သို့ ရွှေ့ပြောင်းရန်အတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် မြိုတိုင်းရင်းသားခေါင်းဆောင်များနှင့် မြိုတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ တာဝန်ရှိသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

==================================

(Zawgyi)

“ေက်ာက္ပႏၵဴ-ေစတီျပင္ေက်း႐ြာသြားကားလမ္းေဘး၌ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည့္ေျမေနရာသစ္သို႔ပထမအသုတ္အျဖစ္ေ႐ႊေျပာင္းေနထိုင္ၾကမည့္ တိုက္ပြဲေရွာင္ ၿမိဳတိုင္းရင္းသား အိမ္ေထာင္စုဝင္မ်ားအား ေတြ႕ဆုံ”

ရခိုင္ျပည္နယ္၊ေက်ာက္ေတာ္ၿမိဳ႕နယ္၊ဝါးေတာင္ေက်း႐ြာႏွင့္အထက္ျမတ္လွဲေက်း႐ြာတိုက္ပြဲေရွာင္စခန္းတြင္ေနထိုင္လ်က္ရွိေသာၿမိဳတိုင္းရင္းသားအိမ္ေထာင္စု၁၅၀စုအားျပန္လည္ေနရာခ်ထားရန္အတြက္ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၏စီစဥ္ေဆာင္႐ြက္မႈျဖင့္ေမာင္ေတာၿမိဳ႕နယ္၊ေက်ာက္ပႏၵဴေက်း႐ြာအုပ္စုအတြင္းေက်ာက္ပႏၵဴ-ေစတီျပင္ေက်း႐ြာသြားကားလမ္းေဘးတြင္ၿမိဳတိုင္းရင္းသားေက်း႐ြာသစ္ေျမေနရာကိုအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိရာအဆိုပါေျမေနရာတြင္ပထမအသုတ္အျဖစ္ေ႐ႊေျပာင္းအေျခခ်ေနထိုင္ၾကမည့္တိုက္ပြဲေရွာင္ၿမိဳတိုင္ရင္းသားအိမ္ေထာင္စုဝင္၅၀စုအားယမန္ေန႕မြန္းလြဲပိုင္းတြင္အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးဗိုလ္ခ်ဳပ္ထင္လတ္ဦးႏွင့္ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ျပည္နယ္လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီးေက်ာ္သူရ၊ျပည္နယ္တိုင္းရင္းသားေရးရာဝန္ႀကီးဦးတင္လွတို႔ကစစ္ေတြၿမိဳ႕ရွိတိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန၊ျပည္နယ္ၫႊန္ၾကားေရးမႉး႐ုံးခန္းမေဆာင္၌ရင္းရင္းႏွီးႏွီးေတြ႕ဆုံႏႈတ္ဆက္ၾကသည္။

တိုင္းမႉးကေဒသတည္ၿငိမ္ေအးခ်မ္းေရးကိစၥရပ္မ်ားႏွင့္ပတ္သက္၍အမွာစကားေျပာၾကားၿပီးျပည္နယ္တိုင္းရင္းသားေရးရာဝန္ႀကီးႏွင့္ျပည္နယ္လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးတို႔ကေမာင္ေတာၿမိဳ႕နယ္၊ေက်ာက္ပႏၵဴေက်း႐ြာတြင္ၿမိဳတိုင္းရင္းသားအိမ္ေထာင္စုမ်ားအတြက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေသာေက်း႐ြာအားစံျပေက်း႐ြာအဆင့္ျဖစ္လာေစရန္အတြက္ျပည္နယ္အစိုးရအဖြဲ႕မွေဆာင္႐ြက္ေပးမည့္အေျခအေနမ်ား၊ေက်း႐ြာသစ္သို႔ေ႐ႊ႕ေျပာင္းရန္အတြက္ေမာ္ေတာ္ယာဥ္မ်ားစီစဥ္ေဆာင္႐ြက္ေပးမည့္အစီအစဥ္မ်ားႏွင့္ပတ္သက္၍ေဆြးႏြေးေျပာၾကားသည္။

ထို႔ေနာက္ၿမိဳတိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ၿမိဳတိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕တို႔မွတာဝန္ရွိသူမ်ားကလိုအပ္ခ်က္မ်ားကိုေဆြးႏြေးတင္ျပၾကရာတိုင္းမႉးႏွင့္ျပည္နယ္ဝန္ႀကီးမ်ားကလိုအပ္သည္မ်ားညွိႏွိုင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္းသတင္းရရွိသည္။