နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျူးကျော်နေထိုင်မှုများကို ရှင်းလင်းဆောင်ရွက်လျှက်လျှက်ရှိရာ ထိုသို့ ဆောင်ရွက်ရခြင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်၊ ဝတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (မတ်လ ၂၄ ရက်) တွင်ပြုလုပ်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျူးကျော်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်။ ဆောင်ရွက်ရတဲ့ရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ တချို့ ကျူးကျော်ရပ်ကွက်တွေ၊ ကျူးကျော်နေရာတွေကနေပြီတော့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ထိခိုက်စရာအကြောင်းရင်းတွေ ဖြစ်ပေါ်လာတဲ့အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်။” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း ယခုကဲ့သို့ ကျူးကျော်နေထိုင်မှုများကို ရှင်းလင်းရဲရသည်မှာ နိုင်ငံရေးအစိုးရဖြစ်လို့ ရှင်းလင်းရဲခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဒုတိယအချက်ကတော့ အခုချိန်မှာ ဘာလို့ရှင်းရဲတာလဲဆိုတော့ တစ်လုံးတည်းနဲ့ဖြေမယ်ဆိုရင် နိုင်ငံရေးအစိုးရမဟုတ်လို့ ရှင်းရဲတာပေါ့ဗျာ။ နိုင်ငံရေးအစိုးရဆိုရင်တော့ မရှင်းရဲဘူး။ နိုင်ငံရေးအစိုးရဆိုတာ သူက မဲပေးပြီးမှ တက်လာတဲ့အစိုးရတိုင်းသည် ကျူးကျော်နဲ့ပတ်သက်ပြီး အကုန်လက်ရှောင်တာပဲ။ အဲဒါလည်းသူတို့အပြစ်လို့တော့ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က မဲရွေးရဦးမှာကိုး။ အဲ့တော့ ကျွန်တော်တို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘူး။ နိုင်ငံရေးအစိုးမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အဓိကထားတဲ့အတွက် ကျွန်တော်တို့ရှင်းတယ်။” ဟု ပြောကြားခဲ့သည်။

အကြမ်းအဖွဲ့အဖွဲ့အစည်းများသည် ကျူးကျော်နေအိမ်များတွင် လက်နက်ခဲယမ်းများစုဆောင်းခြင်း၊ လူသူစုဆောင်းစုဆောင်းခြင်းနှင့် အကြမ်းဖက်မှုများပြုလုပ်ပြီး ၎င်းကျူးကျော်နေရာများတွင် ခိုအောင်းခြင်းများ ရှိခဲ့ပြီး မန္တလေးမြို့၌ ကျူးကျော်ရှင်းလင်းစဥ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ဖူးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

#mhtnews

(Zawgyi)

“က်ဴးေက်ာ္မ်ား ရွင္းလင္းရျခင္းမွာ တရားဥပေဒစိုးမိုးေရးအတြက္ အဓိကေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာၾကား”

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ က်ဴးေက်ာ္ေနထိုင္မႈမ်ားကို ရွင္းလင္းေဆာင္႐ြက္လွ်က္လွ်က္ရွိရာ ထိုသို႔ ေဆာင္႐ြက္ရျခင္းမွာ တရားဥပေဒစိုးမိုးေရးအတြက္ အဓိကေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္၊ ဝတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႕ (မတ္လ ၂၄ ရက္) တြင္ျပဳလုပ္သည့္ သတင္းထုတ္ျပန္ေရးအဖြဲ႕၏ (၁၂) ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားခဲ့သည္။

“က်ဴးေက်ာ္ကိစၥေတြနဲ႕ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ေနတာရွိပါတယ္။ ေဆာင္႐ြက္ရတဲ့ရည္႐ြယ္ခ်က္ကေတာ့ တရားဥပေဒစိုးမိုးေရးအတြက္ ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္။ တခ်ိဳ႕ က်ဴးေက်ာ္ရပ္ကြက္ေတြ၊ က်ဴးေက်ာ္ေနရာေတြကေနၿပီေတာ့ တရားဥပေဒစိုးမိုးေရးနဲ႕ပတ္သက္ၿပီး ထိခိုက္စရာအေၾကာင္းရင္းေတြ ျဖစ္ေပၚလာတဲ့အတြက္ ေဆာင္႐ြက္ရျခင္းျဖစ္တယ္။” လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္၍လည္း ယခုကဲ့သို႔ က်ဴးေက်ာ္ေနထိုင္မႈမ်ားကို ရွင္းလင္းရဲရသည္မွာ နိုင္ငံေရးအစိုးရျဖစ္လို႔ ရွင္းလင္းရဲျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

“ဒုတိယအခ်က္ကေတာ့ အခုခ်ိန္မွာ ဘာလို႔ရွင္းရဲတာလဲဆိုေတာ့ တစ္လုံးတည္းနဲ႕ေျဖမယ္ဆိုရင္ နိုင္ငံေရးအစိုးရမဟုတ္လို႔ ရွင္းရဲတာေပါ့ဗ်ာ။ နိုင္ငံေရးအစိုးရဆိုရင္ေတာ့ မရွင္းရဲဘူး။ နိုင္ငံေရးအစိုးရဆိုတာ သူက မဲေပးၿပီးမွ တက္လာတဲ့အစိုးရတိုင္းသည္ က်ဴးေက်ာ္နဲ႕ပတ္သက္ၿပီး အကုန္လက္ေရွာင္တာပဲ။ အဲဒါလည္းသူတို႔အျပစ္လို႔ေတာ့ေျပာလို႔မရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က မဲေ႐ြးရဦးမွာကိုး။ အဲ့ေတာ့ ကြၽန္ေတာ္တို႔သည္ နိုင္ငံေရးအစိုးရမဟုတ္ဘူး။ နိုင္ငံေရးအစိုးမဟုတ္တဲ့အတြက္ တရားဥပေဒစိုးမိုးေရးကို အဓိကထားတဲ့အတြက္ ကြၽန္ေတာ္တို႔ရွင္းတယ္။” ဟု ေျပာၾကားခဲ့သည္။

အၾကမ္းအဖြဲ႕အဖြဲ႕အစည္းမ်ားသည္ က်ဴးေက်ာ္ေနအိမ္မ်ားတြင္ လက္နက္ခဲယမ္းမ်ားစုေဆာင္းျခင္း၊ လူသူစုေဆာင္းစုေဆာင္းျခင္းႏွင့္ အၾကမ္းဖက္မႈမ်ားျပဳလုပ္ၿပီး ၎က်ဴးေက်ာ္ေနရာမ်ားတြင္ ခိုေအာင္းျခင္းမ်ား ရွိခဲ့ၿပီး မႏၱေလးၿမိဳ႕၌ က်ဴးေက်ာ္ရွင္းလင္းစဥ္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိခဲ့ဖူးေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ဖူးသည္။

#mhtnews