မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနှင့် ခဝါချောင်းကျေးရွာချင်းဆက်လမ်းပေါ်တွင် တည်ဆောက်ထားသည့် တံတားအရှည် ၃၂၄ ပေခန့်ရှိ သံဘောင်ဘေလီတံတားကို မတ်လ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ခဝါချောင်းကျေးရွာဘက်မှ တံတားအရှည် ၆၀ ပေခန့် ကျိုးပဲ့ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၁၀ ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ထိုကဲ့သို့ တံတားပျက်စီးခဲ့သော်လည်း ဒေသခံပြည်သူများအနေဖြင့် အဆိုပါတံတားရှောင်ကွင်းလမ်းအား ပြန်လည်အသုံးပြု၍ ဖြတ်သန်းသွားလာလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဒေသတွင်းလမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်၍ စစ်တောင်း- ခဝါချောင်း သံဘောင်ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများ၏ ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်စေရေးအတွက် ပျက်စီးသွားသည့်တံတားအား အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားနိုင်ရး သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)

“က်ိဳက္ထိုၿမိဳ႕နယ္၊စစ္ေတာင္းေက်း႐ြာႏွင့္ ခဝါေခ်ာင္းေက်း႐ြာခ်င္းဆက္လမ္းေပၚရွိ သံေဘာင္ေဘလီတံတားတစ္စင္းကို အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီး”

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ စစ္ေတာင္းေက်း႐ြာႏွင့္ ခဝါေခ်ာင္းေက်း႐ြာခ်င္းဆက္လမ္းေပၚတြင္ တည္ေဆာက္ထားသည့္ တံတားအရွည္ ၃၂၄ ေပခန႔္ရွိ သံေဘာင္ေဘလီတံတားကို မတ္လ ၂၁ ရက္၊ မြန္းလြဲ ၁ နာရီအခ်ိန္ခန့္တြင္ အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ၾကသည္။

အဆိုပါ သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ရာ ခဝါေခ်ာင္းေက်း႐ြာဘက္မွ တံတားအရွည္ ၆၀ ေပခန႔္ က်ိဳးပဲ့ပ်က္စီးခဲ့ၿပီး ခန႔္မွန္းတန္ဖိုး က်ပ္သိန္း ၁၁၀ ခန႔္ဆုံးရႈံးခဲ့ေၾကာင္းႏွင့္ ထိုကဲ့သို႔ တံတားပ်က္စီးခဲ့ေသာ္လည္း ေဒသခံျပည္သူမ်ားအေနျဖင့္ အဆိုပါတံတားေရွာင္ကြင္းလမ္းအား ျပန္လည္အသုံးျပဳ၍ ျဖတ္သန္းသြားလာလ်က္ရွိေၾကာင္းသိရသည္။

ထိုသို႔ ေဒသတြင္းလမ္းပန္းဆက္သြယ္မႈ ျပတ္ေတာက္ေစရန္ ရည္႐ြယ္၍ စစ္ေတာင္း- ခဝါေခ်ာင္း သံေဘာင္ေဘလီတံတားအား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူနိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ေဒသခံျပည္သူမ်ား၏ ေဒသတြင္း လမ္းပန္းဆက္သြယ္မႈ ျပန္လည္ေကာင္းမြန္ေစေရးအတြက္ ပ်က္စီးသြားသည့္တံတားအား အျမန္ဆုံး ျပန္လည္ျပင္ဆင္သြားနိုင္ရး သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။