ကော့သောင်းမြို့၌ ပြည်ပနိုင်ငံများမှတင်သွင်းလာသော အများပြည်သူစားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများကို ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ယနေ့ (မတ်လ ၁၄ ရက်) မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့နယ်၊ အကောက်အခွန်ဦးစီးဌာနမှူးရုံး ကွင်းပြင်အတွင်း၌ ဖျက်ဆီးခဲ့သည်။

ဖျက်ဆီးခဲ့သည့် နိုင်ငံခြားဖြစ်ကုန်ပစ္စည်းများမှာ ကော့သောင်းမြို့နယ်၊ အကောက်အခွန် ဦးစီး ဌာနမှူးရုံး၏ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂(၀၀၁)ဖြင့် အမှုတွဲဖွင့်လှစ်၍ သိမ်းဆည်းထားသည့် Chan Beer 330ml (1ctn x 24Pcs) (1006Pkgs)၊ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၂(၀၀၂) ဖြင့် သိမ်းဆည်းထားသည့် Capital CigaretteI(1Box50Ctns) (22Pkgs)၊ အမှုတွဲအမှတ်၁၁-ကသ/၂၀၂၂(၀၀၃)(က) ဖြင့် သိမ်းဆည်းထားသည့် Big Colar အချိုရည်(1ctn x 12Pcs) (189Pkgs) ၊ အမှုတွဲအမှတ်၁၁-ကသ/၂၀၂၂(၀၀၅) (က)ဖြင့် သိမ်းဆည်းထားသည့် Horn Boy အချိုရည်(1ctn x 12Pcs) (2Pkgs) နှင့် Yupi မုန့်မျိုးစုံ (1ctn x 12Pcs) (5Pkgs)တို့ ဖြစ်ပြီး ဘီယာ၊အချိုရည်နှင့်မုန့်မျိုးစုံစုစုပေါင်း(1224)ပါကင်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် သိန်းပေါင်း (၁၈၄၁၂၃၀၀) ကျပ်ခန့်ဖြစ်ကြောင်းသိရသည်။

#mhtnews

(Zawgyi)

“ကော့သောင်းမြို့၌ အများပြည်သူစားသုံးရန်မသင့်သည့် ငွေကျပ်သိန်း ၁၈၀ ကျော်တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများကို ဖျက်ဆီး”



#mhtnews