နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် (၁) ဦး အပါအဝင် အမျိုးသား ၁၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း အလုပ်သမား (၁၃၇) ဦး ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ရှိ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုး တွေ့ရှိမှု ဖြစ်ပေါ်နေသဖြင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့ အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်များတွင် နေထိုင်သူများကို မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးကာ မိမိတို့၏ နေရပ်များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူကြရမည်ဖြစ်သည်။ ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်သူများကို ကော့သောင်းမြို့ရှိ Quarantine Center (၂) ခုတွင် အမျိုးသားအမျိုးသမီး သီးခြားစီ ခွဲခြားထားရှိအထူးကြပ်မတ်ကာ (၁၀) ရက် အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(Zawgyi)
“ေကာ့ေသာင္းနယ္စပ္ဂိတ္မွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမား (၁၃၇) ဦးကို အသြားအလာကန႔္သတ္ ေစာင့္ၾကည့္ထားရွိ”
ေနရပ္ျပန္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားႏွင့္ ထိုင္းနိုင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပစ္ဒဏ္က်ခံရၿပီး ျပန္လည္လႊတ္ေျမာက္လာသည့္ ျမန္မာနိုင္ငံသား ကေလးငယ္ (၁) ဦး အပါအဝင္ အမ်ိဳးသား ၁၁၃ ဦး၊ အမ်ိဳးသမီး ၂၃ ဦး၊ စုစုေပါင္း အလုပ္သမား (၁၃၇) ဦး ယမန္ေန႕ မြန္းလြဲပိုင္းက ထိုင္းနိုင္ငံရေနာင္းၿမိဳ႕မွတစ္ဆင့္ ျမန္မာနိုင္ငံ ေကာ့ေသာင္းၿမိဳ႕ရွိ တာဝန္ရွိအဖြဲ႕အစည္းမ်ားထံသို႔ ေရလမ္းခရီးမွ လာေရာက္လြဲေျပာင္း ေပးအပ္ခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ျမန္မာအလုပ္သမားမ်ားမွာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနသည့္ ကာလတစ္ေလ်ာက္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ထိုင္းနိုင္အတြင္း ပိတ္မိေနသူမ်ားႏွင့္ အေရးယူခံေနခဲ့ရသူမ်ားျဖစ္ကာ ယခုကာလအတြင္း ထိုင္းနိုင္ငံတြင္ ကိုဗစ္-၁၉ ဗီဇေျပာင္း အိုမီခ႐ြန္ ေရာဂါပိုး ေတြ႕ရွိမႈ ျဖစ္ေပၚေနသျဖင့္ ျပန္လည္ဝင္ေရာက္လာသည့္ အလုပ္သမားမ်ားကို ေကာ့ေသာင္းခရိုင္ႏွင့္ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူမ်ား၊ က်န္းမာေရးဌာနႏွင့္ ဌာနဆိုင္ရာမ်ား၊ NGO အဖြဲ႕ အစည္းမ်ားက ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသံသယရွိသူမ်ား ပါဝင္လာျခင္းရွိ မရွိ၊ ျမန္မာနိုင္ငံသား မဟုတ္သူမ်ား ပါဝင္လာျခင္းရွိမရွိ၊ မူးယစ္ေဆးဝါး သယ္ေဆာင္လာျခင္း ရွိ/မရွိ သတိျပဳစစ္ေဆး လက္ခံခဲ့ၿပီး အစားအေသာက္၊ က်န္းမာေရးႏွင့္ လိုအပ္သည့္ ေထာက္ပံ့ကူညီမႈမ်ား ေဆာင္႐ြက္ေပးခဲ့ၾကသည္။
ျပန္လည္ဝင္ေရာက္လာသူမ်ားမွ ထားဝယ္ခရိုင္ႏွင့္ ၿမိတ္ခရိုင္မ်ားတြင္ ေနထိုင္သူမ်ားကို ေမာ္ေတာ္ယာဥ္မ်ားျဖင့္ မိမိေနရပ္အသီးသီးသို႔ ခ်က္ျခင္းပို႔ေဆာင္ေပးကာ မိမိတို႔၏ ေနရပ္မ်ားတြင္ ကိုဗစ္-၁၉ေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္နိုင္ေရး အသြားအလာကန႔္သတ္ ေစာင့္ၾကည့္မႈ ခံယူၾကရမည္ျဖစ္သည္။ ေကာ့ေသာင္းခရိုင္အတြင္း ေနထိုင္သူမ်ားႏွင့္ အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ ေနထိုင္သူမ်ားကို ေကာ့ေသာင္းၿမိဳ႕ရွိ Quarantine Center (၂) ခုတြင္ အမ်ိဳးသားအမ်ိဳးသမီး သီးျခားစီ ခြဲျခားထားရွိအထူးၾကပ္မတ္ကာ (၁၀) ရက္ အသြားအလာ ကန႔္သတ္ထားရွိေစာင့္ၾကည့္ၿပီး ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိျခင္း မရွိမွသာ မိမိတို႔ေနအိမ္အသီးသီးသို႔ ျပန္လည္ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
Recent Comments