ကိုရီးယားနိုင်ငံသို့ Employment Permit Systen (EPS) စနစ်ဖြင့် လုပ်သားစေလွှတ်မှုအား နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း မြင့်တက်မှု အခြေအနေကြောင့် ယာယီရပ်ဆိုင်းထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံမှ သိရသည်။
ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများ ဝင်ရောက်မည့်နေ့ရက်ကို ကိုရီးယားနိုင်ငံမှ ယာယီရွှေ့ဆိုင်းထားခြင်းဖြစ်ကာ ပြန်လည်ခွင့်ပြုမည့်ရက်ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီရုံးထံသို့ ကြိုတင်အကြောင်းကြားသွားမည်ဖြစ်သည်။
ကိုရီးယားနိုင်ငံအနေဖြင့် ကိုဗစ်ကူးစက်မှုများ နည်းပါးလာခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် မြန်မာလုပ်သားများကို ပြန်လည်လက်ခံရာမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် ယာယီပြန်လည်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Employment Permit Systen (EPS) စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် အသက် ၁၈ နှစ်မှ ၃၉ နှစ်အတွင်းရှိပြီး ကျန်းမာရေးကောင်းမွန်သူဖြစ်ကာ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲကို ၂ ဆင့်ဖြေဆိုအောင်မြင်မှသာ အလုပ်လျှောက်လွှာတင်သွင်းနိုင်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှစ၍ ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ Re-entry လုပ်သား ၁၆၂ ဦး၊ Regular လုပ်သား ၁၉၄ ဦး ၊ စုစုပေါင်း ၃၅၆ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ကိုရီးယားနိုင္ငံသို႔EPS စနစ္ျဖင့္ လုပ္သားေစလႊတ္မႈအား ႏွစ္နိုင္ငံ ကိုဗစ္-၁၉ ေရာဂါကူးစက္ႏႈန္း ျမင့္တက္မႈ အေျခအေနေၾကာင့္ယာယီရပ္ဆိုင္း”
ကိုရီးယားနိုင္ငံသို႔ Employment Permit Systen (EPS) စနစ္ျဖင့္ လုပ္သားေစလႊတ္မႈအား ႏွစ္နိုင္ငံ ကိုဗစ္-၁၉ ေရာဂါကူးစက္ႏႈန္း ျမင့္တက္မႈ အေျခအေနေၾကာင့္ ယာယီရပ္ဆိုင္းထားေၾကာင္း အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနထံမွ သိရသည္။
ကိုရီးယားနိုင္ငံသို႔ EPS စနစ္ျဖင့္ လုပ္သားမ်ား ဝင္ေရာက္မည့္ေန႕ရက္ကို ကိုရီးယားနိုင္ငံမွ ယာယီေ႐ႊ႕ဆိုင္းထားျခင္းျဖစ္ကာ ျပန္လည္ခြင့္ျပဳမည့္ရက္ကို အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန၊ အစိုးရ ျပည္ပအလုပ္အကိုင္ေအဂ်င္စီ႐ုံးထံသို႔ ႀကိဳတင္အေၾကာင္းၾကားသြားမည္ျဖစ္သည္။
ကိုရီးယားနိုင္ငံအေနျဖင့္ ကိုဗစ္ကူးစက္မႈမ်ား နည္းပါးလာခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာ ၂၉ ရက္တြင္ ျမန္မာလုပ္သားမ်ားကို ျပန္လည္လက္ခံရာမွ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ ယာယီျပန္လည္ရပ္ဆိုင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Employment Permit Systen (EPS) စနစ္ျဖင့္ ကိုရီးယားနိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္လိုသူမ်ားအေနျဖင့္ အသက္ ၁၈ ႏွစ္မွ ၃၉ ႏွစ္အတြင္းရွိၿပီး က်န္းမာေရးေကာင္းမြန္သူျဖစ္ကာ ကိုရီးယားဘာသာစကား အရည္အခ်င္းစစ္စာေမးပြဲကို ၂ ဆင့္ေျဖဆိုေအာင္ျမင္မွသာ အလုပ္ေလွ်ာက္လႊာတင္သြင္းနိုင္ျဖစ္သည္။
ျမန္မာနိုင္ငံအေနျဖင့္ ကိုဗစ္- ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ျခင္းဆိုင္ရာ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၂၉ ရက္မွစ၍ ကိုရီးယားသမၼတနိုင္ငံသို႔ အလုပ္သမားမ်ား ျပန္လည္ေစလႊတ္လ်က္ရွိရာ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၀ ရက္အထိ Re-entry လုပ္သား ၁၆၂ ဦး၊ Regular လုပ္သား ၁၉၄ ဦး ၊ စုစုေပါင္း ၃၅၆ ဦး ေစလႊတ္နိုင္ခဲ့ေၾကာင္း သိရသည္။
#mhtnews
Recent Comments