ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို ပြန်လည်ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြိုမှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ယနေ့ မတ်လ ၂၉ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၁၀၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကနေဒါမှ (၂)ဦး၊ အီတလီမှ (၂)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၂) ဦး၊ ကမ္ဘောဒီးယားမှ (၁) ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၅၅) ဦးဖြင့် စုစုပေါင်း (၇၂) ဦးတို စီးနင်းလိုက်ပါခဲ့သည်။

လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြိုမှ သံရုံးဝန်ထမ်းများသည် လေဆိပ်သိုသွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ကိုရီယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၁၀၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်”

ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ယနေ့ မတ်လ ၂၉ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့် (၁၀၂) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကနေဒါမှ (၂)ဦး၊ အီတလီမှ (၂)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၂) ဦး၊ ကမ္ဘောဒီးယားမှ (၁) ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား (၅၅) ဦးဖြင့် စုစုပေါင်း (၇၂) ဦးတို့ စီးနင်းလိုက်ပါခဲ့သည်။

လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
#mhtnews