“ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေး လျာထား ဆောင်ရွက်ကြစေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။

ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဥ် ဒုတိယဗိုလ်ချုပ်မှူးကြီးက ယခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ရဲ့ ရငွေများကို လျော့နည်းခန့်မှန်းလျာထားခဲ့ရပြီး ရငွေရရှိနိုင်မှု အနေအထားအပေါ်မူတည်၍ အသုံးစရိတ်ကို စိစစ် ခွဲဝေပေးရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေနဲ့ ယခုနှစ်မှာ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမယ့် အသုံးစရိတ်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးစရိတ်များကို ဦးစားပေး လျာထားဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆက်လက်ပြီးတော့လည်း စက်သုံးဆီသုံးစွဲမှုနဲ့ပတ်သက်လို့ “နိုင်ငံတော်အနေနဲ့ စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေဖို့နဲ့ အသုံးစရိတ် လျှော့ချနိုင်ဖို့ဆောင်ရွက်လျက်ရှိတဲ့အတွက် စက်သုံးဆီသုံးစွဲမှု ဆိုင်ရာညွှန် ကြားချက်များထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက်နဲ့အညီ စိစစ်ခွင့်ပြုထားတာကို တွေ့ရမှာ ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းရဲ့ သာမန်အသုံးစရိတ်မှာ စက်သုံးဆီနဲ့ပတ်သက်လို့ ဌာန၊ အဖွဲ့အစည်းများက ဝန်ထမ်းရာထူးအဆင့်အလိုက် သတ်မှတ်လျာထားတဲ့ စက်သုံးဆီ၊ အုပ်ချုပ်မှုသုံးနဲ့ လုပ်ငန်းသုံးယာဉ်များအတွက် လျာထားတဲ့ စက်သုံးဆီ အရေအတွက် ဂါလန်တွေဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် လျာထားခဲ့တဲ့ စက်သုံးဆီအရေအတွက် ဂါလန်များနဲ့ နှိုင်းယှဉ်ပါက များစွာလျော့နည်း သွားတာကို တွေ့ရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များဟာ အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ခံစားခွင့်ပြုထားတဲ့ မော်တော်ယာဉ်များရဲ့ စက်သုံးဆီသုံးစွဲခွင့်ပြု နှုန်းထားများကိုလည်း လက်ရှိ နိုင်ငံတော်၏ရငွေပိုင်းအခြေအနေအရ၊ ခြိုးခြံချွေတာရေးအရ ၂၀၂၂ ခုနှစ် ဧပြီလကစပြီး လျှော့ချ သုံးစွဲကြမှာဖြစ်ကြောင်း” တို့ကိုလည်း ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားအတြက္ အသုံးစရိတ္မ်ားကို ဦးစားေပး လ်ာထား ေဆာင္႐ြက္ၾကေစလိုေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းေျပာ”

“ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားအတြက္ အသုံးစရိတ္မ်ားကို ဦးစားေပး လ်ာထား ေဆာင္႐ြက္ၾကေစလိုေၾကာင္း” နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားခဲ့ပါတယ္။

ယမန္ေန႕က ေနျပည္ေတာ္ရွိ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံးမွာ က်င္းပျပဳလုပ္တဲ့ ၂၀၂၂-၂၀၂၃ ဘ႑ေရးႏွစ္အတြက္ ျပည္ေထာင္စု၏ အရအသုံးခန႔္မွန္းေျခ ေငြစာရင္းမ်ား တင္ျပျခင္းဆိုင္ရာ ညွိႏွိုင္းအစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကားစဥ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက ယခုလိုထည့္သြင္းေျပာၾကားခဲ့တာပါ။

ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက “၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္မွာ နိုင္ငံေတာ္ရဲ႕ ရေငြမ်ားကို ေလ်ာ့နည္းခန့္မွန္းလ်ာထားခဲ့ရၿပီး ရေငြရရွိနိုင္မႈ အေနအထားအေပၚမူတည္၍ အသုံးစရိတ္ကို စိစစ္ ခြဲေဝေပးရျခင္းျဖစ္ေၾကာင္း၊ ျပည္ေထာင္စုအဆင့္ ဌာန၊ အဖြဲ႕အစည္းမ်ားအေနနဲ႕ ယခုႏွစ္မွာ နိုင္ငံေတာ္ရဲ႕ လူမႈစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈနဲ႕ ေဒသဖြံ႕ၿဖိဳးေရးကို အေထာက္အကူျဖစ္ေစမယ့္ အသုံးစရိတ္မ်ား၊ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားအတြက္ အသုံးစရိတ္မ်ားကို ဦးစားေပး လ်ာထားေဆာင္႐ြက္ၾကေစလိုေၾကာင္း” ေျပာၾကားခဲ့တာပါ။

ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ဆက္လက္ၿပီးေတာ့လည္း စက္သုံးဆီသုံးစြဲမႈနဲ႕ပတ္သက္လို႔ “နိုင္ငံေတာ္အေနနဲ႕ စက္သုံးဆီမ်ားကို ျပည္ပမွ ဝယ္ယူတင္သြင္းေနရတဲ့အတြက္ နိုင္ငံျခားေငြသုံးစြဲမႈ ေလ်ာ့နည္းေစဖို႔နဲ႕ အသုံးစရိတ္ ေလွ်ာ့ခ်နိဳင္ဖို႔ေဆာင္႐ြက္လ်က္ရွိတဲ့အတြက္ စက္သုံးဆီသုံးစြဲမႈ ဆိုင္ရာၫႊန္ ၾကားခ်က္မ်ားထုတ္ျပန္ခဲ့ၿပီး ၫႊန္ၾကားခ်က္နဲ႕အညီ စိစစ္ခြင့္ျပဳထားတာကို ေတြ႕ရမွာ ျဖစ္ေၾကာင္း၊ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ အရအသုံးခန့္မွန္းေျခေငြစာရင္းရဲ႕ သာမန္အသုံးစရိတ္မွာ စက္သုံးဆီနဲ႕ပတ္သက္လို႔ ဌာန၊ အဖြဲ႕အစည္းမ်ားက ဝန္ထမ္းရာထူးအဆင့္အလိုက္ သတ္မွတ္လ်ာထားတဲ့ စက္သုံးဆီ၊ အုပ္ခ်ဳပ္မႈသုံးနဲ႕ လုပ္ငန္းသုံးယာဥ္မ်ားအတြက္ လ်ာထားတဲ့ စက္သုံးဆီ အေရအတြက္ ဂါလန္ေတြဟာ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္အတြက္ လ်ာထားခဲ့တဲ့ စက္သုံးဆီအေရအတြက္ ဂါလန္မ်ားနဲ႕ ႏွိုင္းယွဥ္ပါက မ်ားစြာေလ်ာ့နည္း သြားတာကို ေတြ႕ရမွာျဖစ္ေၾကာင္း၊ ျပည္ေထာင္စုအဆင့္ ပုဂၢိုလ္မ်ားနဲ႕ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဆင့္ပုဂၢိုလ္မ်ားဟာ အေဆာင္အေယာင္မ်ားဆိုင္ရာ ဥပေဒအရ ခံစားခြင့္ျပဳထားတဲ့ ေမာ္ေတာ္ယာဥ္မ်ားရဲ႕ စက္သုံးဆီသုံးစြဲခြင့္ျပဳ ႏႈန္းထားမ်ားကိုလည္း လက္ရွိ နိုင္ငံေတာ္၏ရေငြပိုင္းအေျခအေနအရ၊ ၿခိဳးၿခံေခြၽတာေရးအရ ၂၀၂၂ ခုႏွစ္ ဧၿပီလကစၿပီး ေလွ်ာ့ခ် သုံးစြဲၾကမွာျဖစ္ေၾကာင္း” တို႔ကိုလည္း ေျပာၾကားသြားခဲ့တယ္လို႔ သိရပါတယ္။

#mhtnews