တရုတ်ဘက်အခြမ်းမှ အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနှင့် ရှန်တိန်ယာဉ်မောင်းများတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို အစိုးရအာဏာပိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး မူဆယ်ခရိုင်လုပ်ငန်းအဖွဲက မတ်လ ၂ ရက်မှ ၃ ရက်အထိ နှစ်ရက်အကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး မနက်ဖြန် (မတ်လ ၄ ရက်) တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလတွင် စတင်ခဲ့သည့် ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ကန်ဒေါ်လာ ၂.၆၇ ဘီလီယံကျော် ကုန်သွယ်မှုရှိခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရပြီး တရုတ်ရဲ့ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပြည်ပကုန်သွယ်မှုမှ ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်ခဲ့ရကာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၇၀ နီးပါး ဆုံးရှုးမှုရှိခဲ့ကြောင်း BETV Business သတင်းဌာနက ဖော်ပြသည်။
#mhtnews

(Zawgyi)
“ကိုဗစ်ပိုးတွေ့မှုကြောင့် ယာယီပိတ်ထားသည့် ကျင်စန်းကျော့ဂိတ် မနက်ဖြန် ပြန်ဖွင့်မည်”

တရုတ်ဘက်အခြမ်းမှ အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနှင့် ရှန်တိန်ယာဉ်မောင်းများတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို အစိုးရအာဏာပိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး မူဆယ်ခရိုင်လုပ်ငန်းအဖွဲ့က မတ်လ ၂ ရက်မှ ၃ ရက်အထိ နှစ်ရက်အကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး မနက်ဖြန် (မတ်လ ၄ ရက်) တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလတွင် စတင်ခဲ့သည့် ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ကန်ဒေါ်လာ ၂.၆၇ ဘီလီယံကျော် ကုန်သွယ်မှုရှိခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရပြီး တရုတ်ရဲ့ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပြည်ပကုန်သွယ်မှုမှ ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်ခဲ့ရကာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၇၀ နီးပါး ဆုံးရှုံးမှုရှိခဲ့ကြောင်း BETV Business သတင်းဌာနက ဖော်ပြသည်။
#mhtnews