ကလေးအကျဉ်းထောင်၌ ယမန်နေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယ တာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေး ကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

အချုပ်သား ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိပါ ၃ ဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွှတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတို့အား စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် ၎င်းတို့အား ချောက်လှန့်သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် ၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့သည်။

သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့မှာ ပြန်လည် လွတ်မြောက်လာကာ အချုပ်သားများမှာ ဆေးရုံဆောင်နှင့် အမှတ်(၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့ပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့သည်။

ဓားစာခံအဖြစ်ထိန်းသိမ်းခံရစဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည်ပင်းနှင့် မေးရိုးတို့၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီ(မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသ ပေးလျက်ရှိပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများကို ဆက်လက်လုပ် ကိုင်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(Zawgyi)

ကေလးအက်ဥ္းေထာင္တြင္ အက်ဥ္းသား၊ အခ်ဳပ္သား ၅၀ ဦးခန႔္မွ အက်ဥ္းေထာင္ တာဝန္ခံအရာရွိအပါအဝင္ အရာရွိ ၃ ဦးအား ဓားစာခံျပဳလုပ္၍ အက်ဥ္းေထာင္မွ ထြက္ေျပး လြတ္ေျမာက္ရန္ ႀကံစည္ႀကိဳးစားမႈျဖစ္ပြား

ကေလးအက်ဥ္းေထာင္၌ ယမန္ေန႕ညေနပိုင္းတြင္ အက်ဥ္းေထာင္တာဝန္ခံအရာရွိႏွင့္ ဒုတိယ တာဝန္ခံအရာရွိတို႔ ၂ ဦး ဦးေဆာင္သည့္ ဝန္ထမ္းမ်ားမွ စည္းကမ္းထိန္းသိမ္း႐ုံး၌ လုံၿခဳံေရး ကိစၥရပ္မ်ားေျပာဆိုေနစဥ္ အမွတ္(၅)အိပ္ေဆာင္မွ အခ်ဳပ္သား ဗန္ဒိန္း (ဘ)ဦးလ်န္ပုန္ ေခါင္းေဆာင္သည့္ အင္အား ၅၀ ဦးခန႔္မွ အက်ဥ္းေထာင္တာဝန္ခံအရာရွိ လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးေက်ာ္သူ၊ ဒုတိယတာဝန္ခံအရာရွိ ဦးစီးအရာရွိ ဦးခ်ိဳမင္းလတ္ႏွင့္ ဒုႀကီးၾကပ္ေရးမႉး ဦးရန္ပိုင္မ်ိဳး တို႔ ၃ ဦးအား ဓားစာခံျပဳလုပ္၍ အက်ဥ္းေထာင္အတြင္းမွ ထြက္ေျပး လြတ္ေျမာက္ရန္ ႀကံစည္ႀကိဳးစားမႈ ျဖစ္ပြားခဲ့သည္။

အခ်ဳပ္သား ဗန္ဒိန္း(ဘ)ဦးလ်န္ပုန္ ေခါင္းေဆာင္သည့္အဖြဲ႕မွ တာဝန္ခံအရာရွိပါ ၃ ဦး အား ဓားစာခံအျဖစ္ဖမ္းခ်ဳပ္စဥ္ တာဝန္ခံအရာရွိမွ ျပန္လည္ခုခံသျဖင့္ လႊတ္ေျမာက္သြားခဲ့ၿပီး ဒုတိယ တာဝန္ခံအရာရွိႏွင့္ ဒုႀကီးၾကပ္ေရးမႉး ၂ ဦးတို႔အား စည္းကမ္းထိန္းသိမ္းေရး႐ုံးေဘး၌ ခ်ဳပ္ႏွောင္ထားခဲ့ရာ အက်ဥ္းေထာင္တာဝန္ခံအရာရွိမွ ဗဟိုကင္းေပၚသို႔ခ်က္ခ်င္းတက္ေရာက္ၿပီး Hand Speaker ျဖင့္ ဖမ္းဆီးထားေသာ အရာရွိ ၂ ဦးအား ျပန္လႊတ္ေပးရန္ႏွင့္ မိမိအိပ္ေဆာင္သို႔ ျပန္လည္ဝင္ေရာက္ရန္ အႀကိမ္ႀကိမ္ေျပာၾကားခဲ့ေသာ္လည္း လိုက္နာမႈမရွိသျဖင့္ ၎တို႔အား ေခ်ာက္လွန႔္သည့္ သေဘာအေနျဖင့္ MA-11 ေသနတ္ျဖင့္ ၃ ခ်က္ မိုးေပၚသို႔ ပစ္ခတ္ခဲ့ေသာ္လည္း လိုက္နာျခင္း မရွိသျဖင့္ ၎လူအုပ္စုေအာက္ပိုင္းသို႔ MA-11 ေသနတ္ျဖင့္ ထပ္မံပစ္ခတ္ခဲ့ရာ အခ်ဳပ္သား ၁၂ ဦး ဒဏ္ရာရရွိခဲ့ၿပီး အခ်ဳပ္သား ၆ ဦးႏွင့္ အက်ဥ္းသား ၁ ဦး၊ ေပါင္း ၇ ဦး ေသဆုံးခဲ့သည္။

ေသနတ္ျဖင့္ပစ္ခတ္ခ်ိန္တြင္ ဒုတိယတာဝန္ခံအရာရွိႏွင့္ ဒုႀကီးၾကပ္ေရးမႉးတို႔မွာ ျပန္လည္ လြတ္ေျမာက္လာကာ အခ်ဳပ္သားမ်ားမွာ ေဆး႐ုံေဆာင္ႏွင့္ အမွတ္(၅)အိပ္ေဆာင္အတြင္းသို႔ ျပန္လည္ ဝင္ေရာက္သြားခဲ့ၿပီး ညေန ၅ နာရီ ၄၀ မိနစ္ခန႔္တြင္ ထိန္းသိမ္းနိုင္ခဲ့သည္။

ဓားစာခံအျဖစ္ထိန္းသိမ္းခံရစဥ္ ဒုႀကီးၾကပ္ေရးမႉး၏ ဝဲဘက္လည္ပင္းႏွင့္ ေမးရိုးတို႔၌ ျပတ္ရွဒဏ္ရာ ၁ ခ်က္စီ(မစိုးရိမ္ရ)ရရွိသြားသျဖင့္ ကေလးျပည္သူ႕ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ ကုသ ေပးလ်က္ရွိၿပီး အက်ဥ္းေထာင္၌ ပုံမွန္လုပ္ငန္းမ်ားကို ဆက္လက္လုပ္ ကိုင္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။