ကလေး၊ မတ်လ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို၊ စမ်းမြိုရပ်ကွက်ရှိ “SK” ဟိုတယ်၌ CAN ဟုအမည်ပေးထားသော အကြမ်းဖက်သင်တန်းဆင်းတစ်ဦးရောက်ရှိနေထိုင်ကြောင်း သတင်းအရ မတ်လ ၂ ရက်၊ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲမှ သွားရောက်ရှာဖွေ CAN ဟုအမည်ပေးထားသည့် အကြမ်းဖက်သင်တန်းဆင်း မင်းသွင်ထူး (မန္တလေးတိုင်းဒေသကြီး၊ အောင်ပင်လယ်ရပ်ကွက်၊ ပုသိမ်ကြီးမြိုနယ်နေထိုင်သူ) ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ အဆိုပါ “KS” ဟိုတယ်မန်နေဂျာ ရွှေစင်ဝင်း (ခ) မရွှေ (ကလေးမြို၊ နယ်မြေ(၈/၆၉)၊ သဇင်ရပ်ကွက်တွင်နေထိုင်သူ) သည် အကြမ်းဖက်အဖွဲအစည်းများအား ငွေကြေးနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း ပေါ်ပေါက်သဖြင့် ၎င်းအား ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆက်လက်ဖမ်းဆီးရမိကြောင်း သိရသည်။
#mhtnews
(Zawgyi)
ကလေးမြို့ “KS” ဟိုတယ်မှ အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးရမိပြီး ၎င်းအကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ပေးနေသည့် ဟိုတယ်မန်နေဂျာကိုပါ ဖမ်းဆီးရမိ
ကလေး၊ မတ်လ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ SK ဟိုတယ်၌ CAN ဟုအမည်ပေးထားသော အကြမ်းဖက်သင်တန်းဆင်းတစ်ဦးရောက်ရှိနေထိုင်ကြောင်း သတင်းအရ မတ်လ ၂ ရက်၊ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ရှာဖွေ CAN ဟုအမည်ပေးထားသည့် အကြမ်းဖက်သင်တန်းဆင်း မင်းသွင်ထူး (မန္တလေးတိုင်းဒေသကြီး၊ အောင်ပင်လယ်ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်နေထိုင်သူ) ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ အဆိုပါ “KS” ဟိုတယ်မန်နေဂျာ ရွှေစင်ဝင်း (ခ) မရွှေ (ကလေးမြို့၊ နယ်မြေ(၈/၆၉)၊ သဇင်ရပ်ကွက်တွင်နေထိုင်သူ) သည် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း ပေါ်ပေါက်သဖြင့် ၎င်းအား ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆက်လက်ဖမ်းဆီးရမိကြောင်း သိရသည်။
#mhtnews
Recent Comments