ကရင်ပြည်နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြသည့် ကျောင်းဆရာ၊ ဆရာမ ၂၆၀ ကျော် အလုပ်ပြန်လည်ဝင်ရောက်လာကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
အဆိုပါ အလုပ်ပြန်လည်ဝင်ရောက်လာသည့် အထက်တန်းပြ ၃၀ ဦး၊ အလယ်တန်းပြ ၇၈ ဦး၊ မူလတန်းပြ ၁၂၈ ဦး ၊ ရုံးဝန်ထမ်း ၁၃ ဦး စုစုပေါင်း ၂၆၅ ဦးတို့ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ယမန်နေ့တွင်တွေ့ဆုံ၍ ဆုံးမဩဝါဒစကားများ ပြောကြားသည်။
ထိုသို့ ဆုံးမဩဝါဒစကား ပြောကြားရာတွင် နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်လာမှုနှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တပ်မတော်မှ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရပုံ အဆင့်ဆင့်နှင့် တရားမဝင် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို ရှင်းလင်းပြောကြားပြီး “ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး အစိုးရကပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ကြသည့် ဝန်ထမ်းများအား ပြည်နယ်အတွင်း လူသားအရင်းအမြစ် မဆုံးရှုံးစေရေးအတွက် ထုတ်ပယ်ခြင်းခံရသူများမှ အယူခံတင်ပြမှုအပေါ် ရာထူးတိုး ၂ နှစ်ဆိုင်းငံ့သည့်ပစ်ဒဏ်ကိုသာ ချမှတ်၍ ဆက်လက်တာဝန် ထမ်းဆောင်စေခဲ့ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ အစဉ်လေ့လာ သင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်း လာစေရန် ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
(Zawgyi)
“ကရင္ျပည္နယ္အတြင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြင့္မဲ့ပ်က္ကြက္ခဲ့ၾကသည့္ ေက်ာင္းဆရာ၊ ဆရာမ ၂၆၀ ေက်ာ္ အလုပ္ျပန္လည္ဝင္ေရာက္လာ”
ကရင္ျပည္နယ္အတြင္းရွိ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြင့္မဲ့ပ်က္ကြက္ခဲ့ၾကသည့္ ေက်ာင္းဆရာ၊ ဆရာမ ၂၆၀ ေက်ာ္ အလုပ္ျပန္လည္ဝင္ေရာက္လာေၾကာင္း ေဒသတြင္းသတင္းမ်ားအရ သိရသည္။
အဆိုပါ အလုပ္ျပန္လည္ဝင္ေရာက္လာသည့္ အထက္တန္းျပ ၃၀ ဦး၊ အလယ္တန္းျပ ၇၈ ဦး၊ မူလတန္းျပ ၁၂၈ ဦး ၊ ႐ုံးဝန္ထမ္း ၁၃ ဦး စုစုေပါင္း ၂၆၅ ဦးတို႔ကို ကရင္ျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦးက ဘားအံၿမိဳ႕၊ ဇြဲကပင္ခန္းမ၌ ယမန္ေန႕တြင္ေတြ႕ဆုံ၍ ဆုံးမဩဝါဒစကားမ်ား ေျပာၾကားသည္။
ထိုသို႔ ဆုံးမဩဝါဒစကား ေျပာၾကားရာတြင္ နိုင္ငံေရးျဖစ္စဥ္ ေျပာင္းလဲျဖစ္ေပၚလာမႈႏွင့္အတူ ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီ တပ္မေတာ္မွ တိုင္းျပည္တာဝန္ကို ထိန္းသိမ္းရယူခဲ့ရပုံ အဆင့္ဆင့္ႏွင့္ တရားမဝင္ အဖြဲ႕အစည္းမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ရွင္းလင္းေျပာၾကားၿပီး “ဝန္ထမ္းမ်ားသည္ ပါတီနိုင္ငံေရးကင္းရွင္းရမည္ျဖစ္ၿပီး အစိုးရကေပးအပ္သည့္ တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ ၾကရမည္ျဖစ္ေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခြင့္မဲ့ပ်က္ကြက္ခဲ့ၾကသည့္ ဝန္ထမ္းမ်ားအား ျပည္နယ္အတြင္း လူသားအရင္းအျမစ္ မဆုံးရႈံးေစေရးအတြက္ ထုတ္ပယ္ျခင္းခံရသူမ်ားမွ အယူခံတင္ျပမႈအေပၚ ရာထူးတိုး ၂ ႏွစ္ဆိုင္းငံ့သည့္ပစ္ဒဏ္ကိုသာ ခ်မွတ္၍ ဆက္လက္တာဝန္ ထမ္းေဆာင္ေစခဲ့ေၾကာင္း၊ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားကို နားမေယာင္ဘဲ အစဥ္ေလ့လာ သင္ယူနိုင္ေသာ လူ႕ေဘာင္အဖြဲ႕အစည္းကို ဖန္တီးေပးနိုင္သည့္ ပညာေရးစနစ္တစ္ခု ျဖစ္ထြန္း လာေစရန္ ႀကိဳးစားေဆာင္႐ြက္ေပးၾကဖို႔ တိုက္တြန္းလိုေၾကာင္း” ေျပာၾကားခဲ့သည္ဟု သိရသည္။
#mhtnews
Recent Comments