ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် လာမည့် ၂၄ နာရီအတွင်း ဆိုင်ကလုန်မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး ယနေ့နေ့လယ်ပိုင်းတွင် ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါမုန်တိုင်းငယ်မှာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၅၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၇၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အရှေ့မြောက်ဘက်ရေမိုင် ၁၅၀ မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့ဘက်ရေမိုင် ၄၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

ယင်းမုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပြီး မြောက်လတ္တီကျု ၁၁ ဒသမ ၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၃ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#mhtnews

+++++++++++++++++++++++++++

(Zawgyi)

“ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ လာမည့္ ၂၄ နာရီအတြင္း ဆိုင္ကလုန္မုန္တိုင္းအျဖစ္သို႔ ေရာက္ရွိနိုင္ၿပီး ယေန႕ေန႕လယ္ပိုင္းတြင္ ကိုကိုးကြၽန္းအနီးသို႔ ေရာက္ရွိနိုင္”

ကပၸလီပင္လယ္ျပင္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လွ်က္ရွိသည့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္(Depression)သည္ လာမည့္ ၂၄ နာရီအတြင္း ဆိုင္ကလုန္မုန္တိုင္းအျဖစ္သို႔ ေရာက္ရွိနိုင္ၿပီး ယေန႕ေန႕လယ္ပိုင္းတြင္ ကိုကိုးကြၽန္းအနီးသို႔ ေရာက္ရွိနိုင္ေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လက္ရွိတြင္ အဆိုပါမုန္တိုင္းငယ္မွာ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး ျမန္မာနိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္ ၁၅၀ မိုင္ခန႔္၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ ၂၇၀ မိုင္ခန႔္၊ ထားဝယ္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၁၀ မိုင္ခန႔္၊ ၿမိတ္ၿမိဳ႕၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ ၃၀၅ မိုင္ခန႔္၊ ေမာ္လၿမိဳင္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ ၃၇၅ မိုင္ခန႔္၊ ရန္ကုန္ၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ ၃၅၀ မိုင္ခန႔္၊ အိႏၵိယနိုင္ငံ၊ နီကိုးဘားကြၽန္း(Nicobar Islands)၏ ေျမာက္-အေရွ႕ေျမာက္ဘက္ေရမိုင္ ၁၅၀ မိုင္ခန႔္ႏွင့္ ပို႔ပလဲယား(Port Blair)၏ အေရွ႕ဘက္ေရမိုင္ ၄၅ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။

ယင္းမုန္တိုင္းငယ္သည္ ျမန္မာနိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနျဖစ္ပါသျဖင့္ လိေမၼာ္ေရာင္အဆင့္ဟု သတ္မွတ္ထားၿပီး ေျမာက္လတၱီက်ဳ ၁၁ ဒသမ ၆ ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ ၉၃ ဒသမ ၅ ဒီဂရီတြင္ရွိၿပီး ဗဟိုခ်က္ေလဖိအား ၁၀၀၂ ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ ၃၅ မိုင္မွ မိုင္ ၄၀ ႏႈန္းခန႔္ျဖစ္ေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

#mhtnews