ကချင်ပြည်နယ်အတွင်း အင်ဂျန်းယန်မြို့နယ်အပါအဝင် ဝေးလံခက်ခဲသော ဆော့လော်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ နယ်စပ်တစ်လျှောက်ရှိ ဖီမော်၊ ကမ့်ဖန်၊ ပန်ဝါဒေသများရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်မှ ကျန်းမာရေးဌာနနှင့် လူမှုပရဟိတအသင်းအဖွဲ့များနှင့် ယနေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ် အိမ်ရာဝင်း၌ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြစ်ကြီးနားခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးနှင့် တာဝန်ရှိသူများ၊

အဆိုပါဆွေးနွေးမှုအတွင်း ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း၊ ပေးဆပ်သူလူမှုပရဟိတကူညီရေးအသင်း၊ ဧရာဝတီကရုဏာဖောင်ဒေးရှင်း၊ မျိုးဆက်သစ်၊ ရွှေပန်းမြိုင်လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများနှင့် အတူ ဆော့လော်မြို့နယ်အတွင်း ဆော့လော်၊ ဖီမော်၊ ကမ့်ဖန်ဒေသများ၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသများနှင့် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ မြို့ပြနှင့် ကျေးလက်ဒေသနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် ကျန်းမာရေးဌာနဝန်ထမ်းများ၊ လူမှုပရဟိတအသင်းများ စနစ်တကျစုဖွဲ့၍ ခရီးစဉ်ဒေသအလိုက် သွားရောက်ဆောင်ရွက်ကြမည့် အသေးစိတ်အစီအစဉ်များ၊ ကာကွယ်ဆေး သယ်ယူနိုင်ရေး လိုအပ်သည့် အစီအမံများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

#mhtnews

(Zawgyi)

“ကခ်င္ျပည္နယ္အတြင္း ေဝးလံခက္ခဲေသာ ၿမိဳ႕နယ္မ်ားအပါအဝင္ နယ္စပ္ေဒသမ်ားရွိ ျပည္သူမ်ားအားလုံး ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးနိုင္ေရး လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ ေပါင္းစပ္ညွိႏွိုင္း ေဆာင္႐ြက္ေပးလွ်က္ရွိ”

ကခ်င္ျပည္နယ္အတြင္း အင္ဂ်န္းယန္ၿမိဳ႕နယ္အပါအဝင္ ေဝးလံခက္ခဲေသာ ေဆာ့ေလာ္ၿမိဳ႕နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္၊ နယ္စပ္တစ္ေလွ်ာက္ရွိ ဖီေမာ္၊ ကမ့္ဖန္၊ ပန္ဝါေဒသမ်ားရွိ ျပည္သူမ်ားအား ကိုဗစ္-၁၉ ကာကြယ္ေဆး လႊမ္းၿခဳံထိုးႏွံေပးနိုင္ေရးအတြက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ က်န္းမာေရးဌာနႏွင့္ လူမႈပရဟိတအသင္းအဖြဲ႕မ်ားႏွင့္ ယေန႕ နံနက္ ၁၀ နာရီတြင္ ဝန္ႀကီးခ်ဳပ္ အိမ္ရာဝင္း၌ ညွိႏွိုင္းေဆြးႏြေးခဲ့ၾကေၾကာင္း သိရသည္။

ထို႔ေနာက္ ျမစ္ႀကီးနားခရိုင္ စီမံခန႔္ခြဲေရးအဖြဲ႕ဥကၠ႒ ဦးေခါင္လန္ဒီး၊ ျပည္သူ႕က်န္းမာေရးဦးစီး ဌာန ဒုတိယျပည္နယ္ ဦးစီးမႉး ေဒါက္တာလွိုင္လွိုင္ေဌးႏွင့္ တာဝန္ရွိသူမ်ား၊

အဆိုပါေဆြးႏြေးမႈအတြင္း ကခ်င္ျပည္နယ္ အခမဲ့ေဆးဝါးကုသေရး ေဖာင္ေဒးရွင္း၊ ေပးဆပ္သူလူမႈပရဟိတကူညီေရးအသင္း၊ ဧရာဝတီက႐ုဏာေဖာင္ေဒးရွင္း၊ မ်ိဳးဆက္သစ္၊ ေ႐ႊပန္းၿမိဳင္လူမႈကူညီေရးအသင္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ အတူ ေဆာ့ေလာ္ၿမိဳ႕နယ္အတြင္း ေဆာ့ေလာ္၊ ဖီေမာ္၊ ကမ့္ဖန္ေဒသမ်ား၊ ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္း ေခါင္လန္ဖူး၊ ရွိန္းေခါင္ေဒသမ်ားႏွင့္ အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕ျပႏွင့္ ေက်းလက္ေဒသေန ေဒသခံျပည္သူမ်ားအား ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးႏွံေပးနိုင္ေရး စီမံေဆာင္႐ြက္ သြားမည့္ အစီအစဥ္မ်ားႏွင့္ က်န္းမာေရးဌာနဝန္ထမ္းမ်ား၊ လူမႈပရဟိတအသင္းမ်ား စနစ္တက်စဳဖြဲ႕၍ ခရီးစဥ္ေဒသအလိုက္ သြားေရာက္ေဆာင္႐ြက္ၾကမည့္ အေသးစိတ္အစီအစဥ္မ်ား၊ ကာကြယ္ေဆး သယ္ယူနိုင္ေရး လိုအပ္သည့္ အစီအမံမ်ားႏွင့္ စပ္လ်ဥ္း၍ ညွိႏွိုင္းေဆြးႏြေးခဲ့ၾကသည္ဟု သတင္းရရွိသည္။

#mhtnews