ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်အတွင်းရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာ အုပ်စုများမှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေးစီမံဆောင်ရွက်ပေးခဲ့ရာ ယနေ့ နံနက် ၇ နာရီခွဲတွင် စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြုလုပ်ပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပို့ဆောင်ပေးရာ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ဘုန်းတော်ကြီးများက တိမ်းရှောင်ပြည်သူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံအားပေးခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လမ်းခရီးတွင် စားသောက်နိုင်ရေး မုန့်နှင့် ရေဘူးများ၊ သက်ကြီးဘိုးဘွားများနှင့် မိခင်များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ပြန်လည်နေထိုင်ရာတွင် အခက်အခဲများ၊ နေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ကျောင်းသားကလေးငယ်များ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ကိစ္စရပ်များနှင့် နေရပ်ကျေးရွာများတွင် အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းအားပေးပြောကြားပြီး လမ်းခရီး အစဉ်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ပူတာအိုခရိုင်အတွင်း မတ်လအစောပိုင်းကာလ၌ နယ်မြေလုံခြုံရေးအခြေအနေအရ ဆွတ်ပီယန် ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန်ကျေးရွာများနှင့် လုံရှာယန်ကျေးရွာအုပ်စု၊ လုံရှာယန်ကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၁၃၇၀ တို့သည် ပူတာအိုမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် တောတွင်းများသို့ ခေတ္တတိမ်းရှောင်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေရပ်စွန့်ခွာပြည်သူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် အဖွဲ့အစည်းသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ရောက်ရှိရေးအတွက် မော်တော်ယာဉ် (၆) စီးနှင့် ထောက်ပံ့ငွေများ၊ စားနပ်ရိပ်က္ခာ(၃)လစာအပြင် ကယ်ဆယ်ရေးပစ္စည်း များဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၁၁၉၅၉၁၅၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ ပြန်လည်ပို့ဆောင်သည့် အိမ်ထောင်စု (၂၆၃)စုမှာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများနှင့် ဆွေမျိုးနေအိမ်များတွင် ခေတ္တတိမ်းရှောင်လာသည့် ပြည်သူများဖြစ်ကြောင်း သိရသည်။
#mhtnews
(Zawgyi)
“ကခ်င္ျပည္နယ္အစိုးရအဖြဲ႕က နယ္ေျမလုံၿခဳံေရးအရ ေခတၱတိမ္းေရွာင္လာေသာ ဆြတ္ပီယန္ေဒသခံ ျပည္သူမ်ားအား ေနရပ္သို႔ျပန္လည္ပို႔ေဆာင္ေပး”
ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕အေနျဖင့္ ပူတာအိုခရိုင္အတြင္းရွိ ဆြတ္ပီယန္ေက်း႐ြာအုပ္စုႏွင့္ လုံရွာယန္ေက်း႐ြာ အုပ္စုမ်ားမွ နယ္ေျမလုံၿခဳံေရးအေျခအေနအရ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း ေနရပ္စြန႔္ခြာ တိမ္းေရွာင္လာေသာ ေဒသခံျပည္သူမ်ားအား ၎တို႔၏ ေနရပ္ေက်း႐ြာမ်ားသို႔ ျပန္လည္ေနထိုင္ေရးစီမံေဆာင္႐ြက္ေပးခဲ့ရာ ယေန႕ နံနက္ ၇ နာရီခြဲတြင္ စီတာပူရပ္ကြက္ရွိ မေနာကြင္းအတြင္း စုရပ္ျပဳလုပ္ၿပီး ေနရပ္သို႔ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရသည္။
ထိုသို႔ပို႔ေဆာင္ေပးရာ၌ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခက္ထိန္နန္ႏွင့္အတူ ျပည္နယ္အစိုးအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ခရစ္ယာန္ဘာသာေရးအသင္းအဖြဲ႕မ်ားမွ ဘုန္းေတာ္ႀကီးမ်ားက တိမ္းေရွာင္ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး သြားေရာက္ေတြ႕ဆုံအားေပးခဲ့ၾက သည္။
ထို႔ေနာက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက လမ္းခရီးတြင္ စားေသာက္နိုင္ေရး မုန႔္ႏွင့္ ေရဘူးမ်ား၊ သက္ႀကီးဘိုးဘြားမ်ားႏွင့္ မိခင္မ်ားအတြက္ ေထာက္ပံ့ေငြမ်ားကို ေထာက္ပံ့ေပးအပ္ခဲ့ၾကၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေနရပ္ျပန္လည္ေနထိုင္ရာတြင္ အခက္အခဲမ်ား၊ ေနထိုင္စားေသာက္ေရးအတြက္ ပံ့ပိုးကူညီေဆာင္႐ြက္ေပးသြားမည့္ အစီအစဥ္မ်ား၊ ေက်ာင္းသားကေလးငယ္မ်ား စာေမးပြဲေျဖဆိုနိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးထားသည့္ ကိစၥရပ္မ်ားႏွင့္ ေနရပ္ေက်း႐ြာမ်ားတြင္ ေအးခ်မ္းလုံၿခဳံစြာ ေနထိုင္နိုင္ေရး ညွိႏွိုင္းေဆာင္႐ြက္ေပးထားမႈ အေျခအေနမ်ားကို ရွင္းလင္းအားေပးေျပာၾကားၿပီး လမ္းခရီး အစဥ္ေျပေခ်ာေမြ႕ေစေရး လိုအပ္သည္မ်ားကို ဘာသာေရးေခါင္းေဆာင္မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ေပါင္းစပ္ညွိႏွိုင္းေဆာင္႐ြက္ ေပးခဲ့သည္။
ပူတာအိုခရိုင္အတြင္း မတ္လအေစာပိုင္းကာလ၌ နယ္ေျမလုံၿခဳံေရးအေျခအေနအရ ဆြတ္ပီယန္ ေက်း႐ြာအုပ္စုမွ ဆြတ္ပီယန္၊ ခင္ဒူယန္၊ အင္စီးယန္ေက်း႐ြာမ်ားႏွင့္ လုံရွာယန္ေက်း႐ြာအုပ္စု၊ လုံရွာယန္ေက်း႐ြာတို႔မွ ေဒသခံအိမ္ေထာင္စု ၃၄၅ စု၊ လူဦးေရ ၁၃၇၀ တို႔သည္ ပူတာအိုၿမိဳ႕နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ႏွင့္ ေတာတြင္းမ်ားသို႔ ေခတၱတိမ္းေရွာင္ခဲ့ၾကၿပီး ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ေနရပ္စြန႔္ခြာျပည္သူမ်ားအား ေနရပ္ျပန္လည္ေနထိုင္နိုင္ေရး၊ နယ္ေျမလုံၿခဳံမႈရွိေစေရးတို႔အတြက္ အဖြဲ႕အစည္းသီးသီးႏွင့္ ညွိႏွိုင္းေဆာင္႐ြက္ခဲ့ၿပီး ေနရပ္ေက်း႐ြာမ်ားသို႔ ျပန္လည္ေရာက္ရွိေရးအတြက္ ေမာ္ေတာ္ယာဥ္ (၆) စီးႏွင့္ ေထာက္ပံ့ေငြမ်ား၊ စားနပ္ရိပ္ကၡာ(၃)လစာအျပင္ ကယ္ဆယ္ေရးပစၥည္း မ်ားျဖင့္ စုစုေပါင္း တန္ဖိုးေငြက်ပ္ (၁၁၉၅၉၁၅၀ဝိ/-) ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္းႏွင့္ ယေန႕ ျပန္လည္ပို႔ေဆာင္သည့္ အိမ္ေထာင္စု (၂၆၃)စုမွာ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္းရွိ ဘာသာေရးေက်ာင္းမ်ားႏွင့္ ေဆြမ်ိဳးေနအိမ္မ်ားတြင္ ေခတၱတိမ္းေရွာင္လာသည့္ ျပည္သူမ်ားျဖစ္ေၾကာင္း သိရသည္။
#mhtnews
Recent Comments