ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်သည့် facebook ပေါ်တွင် follower ၁၆ သိန်းကျော်ဖြင့် ရပ်တည်နေသည့် “People Media” Facebook Page ကို ယနေ့ ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် Facebook Team က ဖယ်ရှားလိုက်ကြောင်း သိရသည်။

People Media သည် ပြန်ကြားရေးဝန်ကြီးဌာမှ တရားဝင်မှတ်ပုံတင်ဖြင့် ၃ နှစ်တာကာလတိုင်အောင် ရပ်တည်နေသည့် သတင်းမီဒီယာတစ်ခုဖြစ်ပြီး ၎င်းမီဒီယာအနေဖြင့် သတင်းများကို ဥပဒေကျင့်ဝတ်များနှင့်အညီ ဘက်မလိုက်ရေးသားဖော်ပြနေသည်ကို ကျွန်ုပ်တို Myanmar Hard Talk မှ လေ့လာတွေရှိရသည်။

ထိုသို ဥပဒေကျင့်ဝတ်များနှင့် facebook ၏ စည်းကမ်းချက်များကိုပါ လိုက်နာကျင့်သုံးပြီး သတင်းများရေးသားဖော်ပြနေသည့် မီဒီယာတစ်ခုကို လူမှုကွန်ရက်ပေါ်မှ ဖယ်ရှားလိုက်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိပါသည်ဆိုသည့် facebook ၏ ဘက်လိုက်မှုဝါဒကို ထင်ရှားစွာတွေ့မြင်ရခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်နေသည့် Facebook လူမှုကွန်ရက်သည် ၎င်းတိုအတွက် ငွေကြေးအမြတ်အစွန်းများစွာ ရရှိနေသည့် အကြမ်းဖက်မှုများကို အားပေးထောက်ခံကာ တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် လှုဆော်ဝါဒဖြန့် နေသော DVB, Myanmar Now, Khit Thit Media, Mizzima, နှင့် ၎င်းတို၏ အစွယ်အပွား တရားမဝင် သတင်းပေ့ချ်များကိုသာ ရပ်တည်လှုပ်ရှားခွင့် ပြုနေခြင်းမှာလည်း facebook ၏ မတရားမှုများ ကျူးလွန်နေမှုကို ပီပြင်စွာ တွေ့မြင်ရခြင်းပင်ဖြစ်သည်။

သိုဖြစ်ပါ၍ အမှန်တရားကို မြတ်နိုးလိုလားသည့် မြန်မာနိုင်ငံသားများအနေဖြင့် facebook လူမှုကွန်ရက်ပေါ်မှ သတင်းအမှားများကို ရှောင်ရှားနိုင်ရန် အဆိုပါ facebook လူမှုကွန်ရက်ကို စွန့်ခွာကြရန် လိုအပ်ကြောင်းနှင့် ကျွန်ုပ်တို Myanmar Hard Talk အပါအဝင် People Media တိုမှ သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိသည့် Telegram Channel ၌ သတင်းမှန်များကို အချိန်နှင့်တပြေးညီ တင်ပြရင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
#mhtnews

(Zawgyi)
“Follower ၁၆ သိန်းကျော်ရှိသည့် People Media ကို facebook က ဖယ်ရှား၊ ၎င်းအပြုအမူသည် ဒီမိုကရေစီစံနှုန်းနှင့်အညီဆိုသည့် facebook ၏ ယုတ်မာမှုတစ်ခုပင်ဖြစ်”


People Media သည် ပြန်ကြားရေးဝန်ကြီးဌာမှ တရားဝင်မှတ်ပုံတင်ဖြင့် ၃ နှစ်တာကာလတိုင်အောင် ရပ်တည်နေသည့် သတင်းမီဒီယာတစ်ခုဖြစ်ပြီး ၎င်းမီဒီအနေဖြင့် သတင်းများကို ဥပဒေကျင့်ဝတ်များနှင့်အညီ ဘက်မလိုက်ရေးသားဖော်ပြနေသည်ကို ကြှနျုပျတို Myanmar Hard Talk မှ လေ့လာတွေရှိရသည်။

ထိုသို့ ဥပဒေကျင့်ဝတ်များနှင့် facebook ၏ စည်းကမ်းချက်များကိုပါ လိုက်နာကျင့်သုံးပြီး သတင်းများရေးသားဖော်ပြနေသည့် မီဒီယာတစ်ခုကို လူမှုကွန်ရက်ပေါ်မှ ဖယ်ရှားလိုက်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိပါသည်ဆိုသည့် facebook ၏ ဘက်လိုက်မှုဝါဒကို ထင်ရှားစွာတွေ့မြင်ရခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်နေသည့် Facebook လူမှုကွန်ရက်သည် ၎င်းတို့အတွက် ငွေကြေးအမြတ်အစွန်းများစွာ ရရှိနေသည့် အကြမ်းဖက်မှုများကို အားပေးထောက်ခံကာ တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန် လှုံ့ဆော်ဝါဒဖြန့် နေသော DVB, Myanmar Now, Khit Thit Media, Mizzima, နှင့် ၎င်းတို့၏ အစွယ်အပွား တရားမဝင် သတင်းပေ့ခ်ျများကိုသာ ရပ်တည်လှုပ်ရှားခွင့် ပြုနေခြင်းမှာလည်း facebook ၏ မတရားမှုများ ကျူးလွန်နေမှုကို ပီပြင်စွာ တွေ့မြင်ရခြင်းပင်ဖြစ်သည်။

သို့ဖြစ်ပါ၍ အမှန်တရားကို မြတ်နိုးလိုလားသည့် မြန်မာနိုင်ငံသားများအနေဖြင့် facebook လူမှုကွန်ရက်ပေါ်မှ သတင်းအမှားများကို ရှောင်ရှားနိုင်ရန် အဆိုပါ facebook လူမှုကွန်ရက်ကို စွန့်ခွာကြရန် လိုအပ်ကြောင်းနှင့် ကြှနျုပျတို Myanmar Hard Talk အပါအဝင် People Media တို့မှ သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိသည့် Telegram Channel ၌ သတင်းမှန်များကို အချိန်နှင့်တပြေးညီ တင်ပြရင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
#mhtnews