၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြိုနယ်၊ အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်၌ ရှေးဟောင်းမီးသတ် ယာဉ်များပြတိုက် (Myanmar Fire Museum) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Myanmar Fire Museum တွင် ကိုလိုနီခေတ်မှ ခေတ်အဆက်ဆက် မြိုပြ၊ ကျေးလက် ဒေသအနှံအသုံးပြုခဲ့သည့် မီးသတ်ယာဉ်များအနက်မှ သက်တမ်းရှေးကျဆုံး မီးသတ်ယာဉ်များအား ခေတ်အလိုက် ခင်းကျင်းပြသထားပြီး၊ မြန်မာနိုင်ငံသို ၁၉၀၉ ခုနှစ်တွင် စတင်ရောက်ရှိလာသည့် Fire King ဟု တင်စား ခေါ်ဝေါ်ရသော ကမ္ဘာ့ရှေးဟောင်း မီးသတ်ယာဉ်အမျိုးအစားများတွင် ပါဝင်သည့် Merryweather (STEAM) နှင့် Merryweather (Petrol) ကဲ့သို မီးသတ်ယာဉ်များကိုလည်း ထည့်သွင်းပြသထားကြောင်းသိရသည်။
#mhtnews

(Zawgyi)
“(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဟောင်းမီးသတ်ကားများကို ပြသထားသည့် ရှေးဟောင်းမီးသတ် ယာဉ်များပြတိုက် (Myanmar Fire Museum) ဖွင့်ပွဲပြုလုပ်”

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၌ ရှေးဟောင်းမီးသတ် ယာဉ်များပြတိုက် (Myanmar Fire Museum) ဖွင့်ပွဲအခမ်းအနားကိုယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ Myanmar Fire Museum တွင် ကိုလိုနီခေတ်မှ ခေတ်အဆက်ဆက် မြို့ပြ၊ ကျေးလက် ဒေသအနှံ့အသုံးပြုခဲ့သည့် မီးသတ်ယာဉ်များအနက်မှ သက်တမ်းရှေးကျဆုံး မီးသတ်ယာဉ်များအား ခေတ်အလိုက် ခင်းကျင်းပြသထားပြီး၊ မြန်မာနိုင်ငံသို့ ၁၉၀၉ ခုနှစ်တွင် စတင်ရောက်ရှိလာသည့် Fire King ဟု တင်စား ခေါ်ဝေါ်ရသော ကမ္ဘာ့ရှေးဟောင်း မီးသတ်ယာဉ်အမျိးအစားများတွင် ပါဝင်သည့် Merryweather (STEAM) နှင့် Merryweather (Petrol) ကဲ့သို့ မီးသတ်ယာဉ်များကိုလည်း ထည့်သွင်းပြသထားကြောင်းသိရသည်။
#mhtnews