၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံတစ်ဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာ လမ်းဆုံများတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်ထောင်စု အလံတော်သယ်ဆောင်လာမည့် ရာဇသင်္ဂဟလမ်း တစ်လျှောက်တွင် မြန်မာနိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အထိမ်းအမှတ်ပါအလံများ စိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားမှုများ၊ တိုင်းရင်းသား ရုပ်ပုံကားချပ်များဖြင့် အလှဆင်ထားရှိမှုများဖြင့် အလှဆင်ထားရှိပြီး ရန်ကုန်မြို့၊ မန္တလေးမြို့တို့ အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင်လည်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည်
အလားတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ မီးအလှထွန်းညှိထားခြင်းနှင့် မြို့တော်ခန်းမရှေ့၌ ”(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ”ပါ ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း၊ မဟာဗန္ဓုလ ပန်းခြံအတွင်း ရောင်စုံမီးအလှများ ထွန်းညှိပြင်ဆင်ထားခြင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံမီးအလှများ ထွန်းညှိပြင်ဆင်ထားခြင်း၊ အလံများ ဂုဏ်ပြုစိုက်ထူထားခြင်းနှင့် ”(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုပါသည်” စာတန်းပါ ဆိုင်းဘုတ်များဖြင့် ဂုဏ်ပြုစိုက်ထူထားခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒဂုံမြို့နယ်ရှိ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ်ရှိ ဦးထောင်ဘိုအဝိုင်းနှင့် စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီအဝိုင်းတို့ တွင်လည်း မီးအလှများ ထွန်းညှိထားခြင်းနှင့် အလံများဂုဏ်ပြု စိုက်ထူထားခြင်းများဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(Zawgyi)
“(၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႕ အခမ္းအနား က်င္းပမည့္ ေနျပည္ေတာ္ႏွင့္ ျမန္မာနိုင္ငံ တစ္ဝန္း၌ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္”
၂ဝ၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႕တြင္ က်ေရာက္မည့္(၇၅) ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႕အခမ္းအနားကို ျပည္ေထာင္စုနယ္ေျမေနျပည္ေတာ္ႏွင့္ ျမန္မာနိုင္ငံတစ္ဝန္း၌ ခမ္းနားထည္ဝါစြာ က်င္းပသြားမည္ျဖစ္သည္။
အဆိုပါအခမ္းအနားအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားအျဖစ္ေနျပည္ေတာ္ရွိ လူစည္ကားရာ လမ္းဆုံမ်ားတြင္ ဆိုင္းဘုတ္မ်ား စိုက္ထူျခင္း၊ ျပည္ေထာင္စု အလံေတာ္သယ္ေဆာင္လာမည့္ရာဇသဂၤဟလမ္း တစ္ေလွ်ာက္တြင္ ျမန္မာနိုင္ငံေတာ္အလံႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ား၏ အထိမ္းအမွတ္ပါအလံမ်ားစိုက္ထူထားျခင္းႏွင့္ ယင္းလမ္းတစ္ေလွ်ာက္ရွိ အဝိုင္းမ်ားတြင္ လွ်ပ္စစ္မီးေရာင္မ်ား ထြန္းညွိထားမႈမ်ား၊ တိုင္းရင္းသား ႐ုပ္ပုံကားခ်ပ္မ်ားျဖင့္ အလွဆင္ထားရွိမႈမ်ားျဖင့္အလွဆင္ထားရွိၿပီး ရန္ကုန္ၿမိဳ႕၊ မႏၱေလးၿမိဳ႕တို႔ အပါအဝင္ အျခားျပည္နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးတြင္လည္း (၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႕ကို ႀကိဳဆိုသည့္အေနျဖင့္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္လ်က္ရွိသည္။
အလားတူ ရန္ကုန္တိုင္းေဒသႀကီး ေက်ာက္တံတားၿမိဳ႕နယ္ရွိ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ မီးအလွထြန္းညွိထားျခင္းႏွင့္ ၿမိဳ႕ေတာ္ခန္းမေရွ႕၌ ”(၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႕ အမ်ိဳးသားေရး ဦးတည္ခ်က္မ်ား”ပါ ဆိုင္းဘုတ္မ်ား ဂုဏ္ျပဳစိုက္ထူထားျခင္း၊ မဟာဗႏၶဳလ ပန္းၿခံအတြင္း ေရာင္စုံမီးအလွမ်ား ထြန္းညွိျပင္ဆင္ထားျခင္း၊ ဒဂုံၿမိဳ႕နယ္ရွိ ျပည္သူ႕ဥယ်ာဥ္၌ ေရာင္စုံမီးအလွမ်ား ထြန္းညွိျပင္ဆင္ထားျခင္း၊ အလံမ်ား ဂုဏ္ျပဳစိုက္ထူထားျခင္းႏွင့္”(၇၅)ႏွစ္ေျမာက္စိန္ရတုျပည္ေထာင္စုေန႕ကို ႀကိဳဆိုဂုဏ္ျပဳပါသည္” စာတန္းပါဆိုင္းဘုတ္မ်ားျဖင့္ ဂုဏ္ျပဳစိုက္ထူထားျခင္းမ်ားေဆာင္႐ြက္လ်က္ရွိသည္။
ထို႔ျပင္ ဒဂုံၿမိဳ႕နယ္ရွိဦးဝိစာရအဝိုင္း၊ ဗဟန္းၿမိဳ႕နယ္ရွိဦးေထာင္ဘိုအဝိုင္းႏွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ဟံသာဝတီအဝိုင္းတို႔ တြင္လည္း မီးအလွမ်ား ထြန္းညွိထားျခင္းႏွင့္ အလံမ်ားဂုဏ္ျပဳ စိုက္ထူထားျခင္းမ်ားျဖင့္ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
Recent Comments