ပဲခူးတိုင်းဒေသကြီး ပဲခူးမြို ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီးနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတို၌ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းတွင် ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး) အသင်းကြီးမှ ကြီးမှူး၍ (၃၅)ကြိမ်မြောက် သာသနာ့လင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပခဲ့သည်။
အဆိုပါစာမေးပွဲကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ အဆင့် ၃ ဆင့်ဖြင့်ပြုလုပ်ရာ ပထမအဆင့်အတွက် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင် ၆၆၁ ပါး၊ ဒုတိယအဆင့်တွင် ၁၅၈ ပါး၊ တတိယအဆင့်တွင် ၅၁ ပါး စုစုပေါင်း ၈၇၀ ပါးတိုက ဝင်ရောက် ဖြေဆိုကြပြီး ပထမနေ့တွင် ဝိနည်း(မဟာဝါ) ဘာသာရပ်၊ ဒုတိယနေ့တွင် အင်္ဂုတ္တိုရ်ဘာသာရပ်၊ တတိယနေ့တွင် ဓမ္မပဒဘာသာရပ်တိုအား ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုအောင်မြင်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား ဖေဖော်ဝါရီ ၁၀ ရက်တွင် စာအောင်ဆုနှင်းသဘင်ပွဲ ပြုလုပ်မည်ဖြစ်သည်။
#mhtnews
(Zawgyi)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မဗိမာန်တော်ကြီးနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတို့၌ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းတွင်ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး) အသင်းကြီးမှ ကြီးမှူး၍ (၃၅)ကြိမ်မြောက် သာသနာ့လင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပခဲ့သည်။
အဆိုပါစာမေးပွဲကို ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ အဆင့် ၃ ဆင့်ဖြင့်ပြုလုပ်ရာ ပထမအဆင့်အတွက် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင် ၆၆၁ ပါး၊ ဒုတိယအဆင့်တွင် ၁၅၈ ပါး၊ တတိယအဆင့်တွင် ၅၁ ပါး စုစုပေါင်း ၈၇၀ ပါးတို့က ဝင်ရောက် ဖြေဆိုကြပြီး ပထမနေ့တွင် ဝိနည်း(မဟာဝါ) ဘာသာရပ်၊ ဒုတိယနေ့တွင် အင်္ဂုတ္တိရ်ဘာသာရပ်၊ တတိယနေ့တွင် ဓမ္မပဒဘာသာရပ်တို့အား ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments