၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယခု (မတ်လ)အတွင်း နေပြည်တော်၌ ခမ်းနားထည်ဝါစွာကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြောသည်။

ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၆/၂၀၂၂) ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီတို့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးက “၂၀၂၂ ခုနှစ်၊ ပြက္ခဒိန်အရ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တပေါင်းလအတွင်း အခမ်းအနားကျင်းပရန် လျာထားအချိန်ကာလသည် ရာသီဥတုအနေအထား မျှတမှုရှိနေမည်ဟု ယူဆပါကြောင်း၊ ထိုသို့ ရာသီဥတုအပူအအေးမျှတသည့် အခါသမယတွင် ကျင်းပမည့် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ် တော်ဆက်ကပ်လှူဒါန်းပွဲသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက အစဉ်အလာကြီးမား စွာဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည့် အခမ်းအနားကြီးဖြစ်ကာ နှစ်စဉ် ကျင်းပသည့်အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီများနှင့် လုပ်ငန်းကော်မတီများ အနေဖြင့် တက်ညီလက်ညီစနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ရာတွင် ပြည်တွင်းမှ ဆရာတော် ၂၇၂ ပါး၊ ပြည်ပမှ ဆရာတော် ၁၂ ပါး စုစုပေါင်း ဆရာတော် ၂၈၄ ပါးဖြစ်ပြီး သီလရှင်ဆရာကြီး ၄၁ ပါးလည်းပါရှိကြောင်းနှင့် လူပုဂ္ဂိုလ်များထဲမှ သာသနာပြုဘွဲ့ရ ၉ ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ ၁၉ ဦး စုစုပေါင်း ၂၈ ဦးတို့လည်း ပါရှိသည့်အပြင် သာသနာပြုဘွဲ့ဖြစ်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲတံဆိပ်အတွက် ပြည်ပမှ အမျိုးသမီးတစ်ဦးလည်း ပါရှိကြောင်း သိရသည်။

#mhtnews

(Zawgyi)

“၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းပြဲႏွင့္ ဆြမ္းဆန္ေတာ္ ေလာင္းလႉပြဲကို ယခုလအတြင္း ေနျပည္ေတာ္၌ ခမ္းနားထည္ဝါစြာက်င္းပမည္ျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းေျပာ”

၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းပြဲႏွင့္ ဆြမ္းဆန္ေတာ္ ေလာင္းလႉပြဲကို ယခု (မတ္လ)အတြင္း ေနျပည္ေတာ္၌ ခမ္းနားထည္ဝါစြာက်င္းပမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းကေျပာသည္။

ယမန္ေန႕နံနက္ပိုင္းက ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌က်င္းပသည့္ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ ၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းပြဲႏွင့္ ဆြမ္းဆန္ေတာ္ ေလာင္းလႉပြဲက်င္းပေရး နာယကအဖြဲ႕ႏွင့္ ဦးစီးေကာ္မတီ လုပ္ငန္းညွိႏွိုင္းအစည္းအေဝးတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းပြဲႏွင့္ ဆြမ္းဆန္ေတာ္ ေလာင္းလႉပြဲကို ေအာင္ျမင္စြာက်င္းပနိုင္ေရးအတြက္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၂၆ ရက္၊ ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာ အမွတ္ (၂၆/၂၀၂၂) ျဖင့္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းပြဲႏွင့္ ဆြမ္းဆန္ေတာ္ေလာင္းလႉပြဲက်င္းပေရး နာယကအဖြဲ႕ႏွင့္ ဦးစီးေကာ္မတီတို႔ကို ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက “၂၀၂၂ ခုႏွစ္၊ ျပကၡဒိန္အရ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္တေပါင္းလအတြင္း အခမ္းအနားက်င္းပရန္ လ်ာထားအခ်ိန္ကာလသည္ ရာသီဥတုအေနအထား မွ်တမႈရွိေနမည္ဟု ယူဆပါေၾကာင္း၊ ထိုသို႔ ရာသီဥတုအပူအေအးမွ်တသည့္ အခါသမယတြင္ က်င္းပမည့္ သာသနာေတာ္ဆိုင္ရာဘြဲ႕ တံဆိပ္ ေတာ္ဆက္ကပ္လႉဒါန္းပြဲသည္ ေရွးျမန္မာမင္းမ်ား လက္ထက္ကတည္းက အစဥ္အလာႀကီးမား စြာေဆာင္႐ြက္ခဲ့ၾကၿပီး နိုင္ငံေတာ္အဆင့္ေဆာင္႐ြက္ရမည့္ အခမ္းအနားႀကီးျဖစ္ကာ ႏွစ္စဥ္ က်င္းပသည့္အခမ္းအနားျဖစ္သည့္အတြက္ ဆပ္ေကာ္မတီမ်ားႏွင့္ လုပ္ငန္းေကာ္မတီမ်ား အေနျဖင့္ တက္ညီလက္ညီစနစ္တက် ပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။

ယခုႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ရာတြင္ ျပည္တြင္းမွ ဆရာေတာ္ ၂၇၂ ပါး၊ ျပည္ပမွ ဆရာေတာ္ ၁၂ ပါး စုစုေပါင္း ဆရာေတာ္ ၂၈၄ ပါးျဖစ္ၿပီး သီလရွင္ဆရာႀကီး ၄၁ ပါးလည္းပါရွိေၾကာင္းႏွင့္ လူပုဂၢိုလ္မ်ားထဲမွ သာသနာျပဳဘြဲ႕ရ ၉ ဦးႏွင့္ သာသနာႏုဂၢဟဘြဲ႕ရ ၁၉ ဦး စုစုေပါင္း ၂၈ ဦးတို႔လည္း ပါရွိသည့္အျပင္ သာသနာျပဳဘြဲ႕ျဖစ္သည့္ မဟာသဒၶမၼေဇာတိကဓဇ ဘြဲတံဆိပ္အတြက္ ျပည္ပမွ အမ်ိဳးသမီးတစ္ဦးလည္း ပါရွိေၾကာင္း သိရသည္။

#mhtnews