၂၀၂၂ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့အထိ တစ်လကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မီးလောင်မှု (၃၃၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း (၁,၀၀၀) ကျော်ခန့်အထိခဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်နေ့အထိ မီးလောင်မှုအကြိမ်ရေ ၁၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း ၄၄၇ ဒဿမ ၆၇၂ သန်းရှိကာ ဖေဖော်ဝါရီ ၁ ရက်မှ ၂၁ ရက်နေ့အထိ မီးလောင်မှုပေါင်း ၁၈၉ ကြိမ်ဖြစ်ပွားခဲ့ရာ၌ ဆုံးရှုံးမှုတန်ဖိုး ၅၆၈ ဒဿမ ၆၆၂ သန်းရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်ထွေးအောင်၏ ပြောပြမှုအရ သိရသည်။

ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုပေါင်း ၁၅၀ ကြိမ်တွင် ပေါ့ဆမီး ၄၂ ကြိမ်၊ လျှပ်စစ်မီး ၃၉ ကြိမ်၊ မီးဖိုမီး ၁၇ ကြိမ်၊ အလိုလျောက်မီး ၂ ကြိမ်၊ မသမာသူရှို့မီး ၂၃ ကြိမ်၊ တောမီး ၈ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၁၆ ကြိမ်၊ မိုးကြိုးပစ်မှုကြောင့် ၁ ကြိမ်နှင့် စုံစမ်းဆဲ ၂ ကြိမ်တို့ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှု ၁၈၉ ကြိမ်၌ လျှပ်စစ်ကြောင့်ဖြစ်ပွားသည့် မီးလောင်မှုမှာ ၅၇ ကြိမ်ရှိကာ ပေါ့ဆမီး ၄၄ ကြိမ်၊ မီးဖိုမီး ၃၈ ကြိမ်၊ မသမာသူရှို့မီး ၂၅ ကြိမ်နှင့် အခြား ၂၁ ကြိမ်၊ တောမီး ၄ ကြိမ်တို့ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလအတွင်း၌ ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားရသည်က အများဆုံးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း၌ လျှပ်စစ်မီးကြောင့် ဖြစ်ပွားရသည့် မီးလောင်မှုက အများဆုံးဖြစ်သည်။

#mhtnews

(Zawgyi)

“၂၀၂၂ ခုႏွစ္ ဇန္နဝါရီ (၁)ရက္မွ ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႕အထိ ျမန္မာနိုင္ငံတစ္ဝန္းတြင္ မီးေလာင္မႈ (၃၃၉) ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေငြက်ပ္ သိန္းတစ္ေထာင္ေက်ာ္ခန့္ ဆုံးရႈံးခဲ့”

၂၀၂၂ ခုႏွစ္ ဇန္နဝါရီ (၁) ရက္မွ ေဖေဖာ္ဝါရီလ (၂၁) ရက္ေန႕အထိ တစ္လေက်ာ္ကာလအတြင္း ျမန္မာနိုင္ငံတစ္ဝန္းတြင္ မီးေလာင္မႈ (၃၃၉) ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ေငြက်ပ္သိန္း (၁,၀၀၀) ေက်ာ္ခန့္အထိခဆုံးရႈံးခဲ့ေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

၂၀၂၂ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွ ၃၁ ရက္ေန႕အထိ မီးေလာင္မႈအႀကိမ္ေရ ၁၅၀ ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုး က်ပ္သန္း ၄၄၇ ဒႆမ ၆၇၂ သန္းရွိကာ ေဖေဖာ္ဝါရီ ၁ ရက္မွ ၂၁ ရက္ေန႕အထိ မီးေလာင္မႈေပါင္း ၁၈၉ ႀကိမ္ျဖစ္ပြားခဲ့ရာ၌ ဆုံးရႈံးမႈတန္ဖိုး ၅၆၈ ဒႆမ ၆၆၂ သန္းရွိေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးသက္ေထြးေအာင္၏ ေျပာျပမႈအရ သိရသည္။

ဇန္နဝါရီလအတြင္း ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈေပါင္း ၁၅၀ ႀကိမ္တြင္ ေပါ့ဆမီး ၄၂ ႀကိမ္၊ လွ်ပ္စစ္မီး ၃၉ ႀကိမ္၊ မီးဖိုမီး ၁၇ ႀကိမ္၊ အလိုေလ်ာက္မီး ၂ ႀကိမ္၊ မသမာသူရွို႔မီး ၂၃ ႀကိမ္၊ ေတာမီး ၈ ႀကိမ္၊ ေသာင္းက်န္းသူရွို႔မီး ၁၆ ႀကိမ္၊ မိုးႀကိဳးပစ္မႈေၾကာင့္ ၁ ႀကိမ္ႏွင့္ စုံစမ္းဆဲ ၂ ႀကိမ္တို႔ျဖစ္ၿပီး ေဖေဖာ္ဝါရီလအတြင္း ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈ ၁၈၉ ႀကိမ္၌ လွ်ပ္စစ္ေၾကာင့္ျဖစ္ပြားသည့္ မီးေလာင္မႈမွာ ၅၇ ႀကိမ္ရွိကာ ေပါ့ဆမီး ၄၄ ႀကိမ္၊ မီးဖိုမီး ၃၈ ႀကိမ္၊ မသမာသူရွို႔မီး ၂၅ ႀကိမ္ႏွင့္ အျခား ၂၁ ႀကိမ္၊ ေတာမီး ၄ ႀကိမ္တို႔ျဖစ္ေၾကာင္း သိရသည္။

ဇန္နဝါရီလအတြင္း၌ ေပါ့ဆမီးေၾကာင့္ မီးေလာင္မႈျဖစ္ပြားရသည္က အမ်ားဆုံးျဖစ္ၿပီး ေဖေဖာ္ဝါရီလအတြင္း၌ လွ်ပ္စစ္မီးေၾကာင့္ ျဖစ္ပြားရသည့္ မီးေလာင္မႈက အမ်ားဆုံးျဖစ္သည္။

#mhtnews