၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအဖြစ် ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် စက်မှုကဏ္ဍက ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍက ဒေါ်လာ ၁၃၃ သန်း ကျော်ဖြင့် တတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးပေါင်း (၇) ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၇၄) ကြိမ်အထိပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန်အတွက် ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်များ စသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစား (၈)မျိုးတို့ကို အဆိုပြုလွှာများ ဖိတ်ခေါ်ထားရှိပြီး ယင်းလုပ်ငန်းအမျိုးအစားများထဲမှ တင်ပြလာပါက ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)

“၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း လွ်ပ္စစ္က႑တြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈပမာဏ ေဒၚလာ ၃၁၂၁ သန္းေက်ာ္ျဖင့္ အမ်ားဆုံးျဖစ္”

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း လွ်ပ္စစ္က႑တြင္ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈပမာဏအျဖစ္ ေဒၚလာ ၃၁၂၁ သန္းေက်ာ္ျဖင့္ အမ်ားဆုံးျဖစ္ၿပီး ၎ေနာက္တြင္ စက္မႈက႑က ေဒၚလာ ၂၈၆ သန္းေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ကာ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးက႑က ေဒၚလာ ၁၃၃ သန္း ေက်ာ္ျဖင့္ တတိယအမ်ားဆုံးျဖစ္ေၾကာင္း ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

အဆိုပါ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း၌ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္အစည္းအေဝးေပါင္း (၇) ႀကိမ္ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ရင္းႏွီးျမႇုပ္ႏွံမႈေကာ္မတီအစည္းအေဝး (၇၄) ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈ ဥပေဒအရ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈခြင့္ျပဳလုပ္ငန္း ၂၂ ခု၊ အတည္ျပဳလုပ္ငန္း ၂၆ ခု၊ စုစုေပါင္း ၄၈ ခု ရင္းႏွီးျမႇုပ္ႏွံမႈတိုးျမႇင့္ျခင္းအပါအဝင္ စုစုေပါင္းရင္းႏွီးျမႇုပ္ႏွံမႈပမာဏ ေဒၚလာ ၃၇၉၁ ဒသမ ၃၉၈ သန္း ခြင့္ျပဳခဲ့သည္။

ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈေကာ္မရွင္အေနျဖင့္ နိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္နိုင္ငံေတာ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္ ႐ြက္နိုင္ရန္အတြက္ ဓာတ္ေျမၾသဇာထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ ဘိလပ္ ေျမထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ သံမဏိထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းႏွင့္ ေမြးျမဴေရးလုပ္ငန္း၊ အဆိုပါလုပ္ငန္းမ်ားႏွင့္ဆက္စပ္သည့္လုပ္ငန္းမ်ား၊ တန္ဖိုးျမႇင့္စားေသာက္ကုန္မ်ား ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ လွ်ပ္စစ္ယာဥ္မ်ားထုတ္လုပ္သည့္လုပ္ငန္းမ်ား၊ ေဆးဝါးႏွင့္ က်န္းမာေရးဆိုင္ရာပစၥည္းထုတ္လုပ္မႈလုပ္ငန္းမ်ားႏွင့္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္မ်ား စသည့္ ရင္းႏွီးျမႇုပ္ႏွံမႈလုပ္ငန္းအမ်ိဳးအစား (၈)မ်ိဳးတို႔ကို အဆိုျပဳလႊာမ်ား ဖိတ္ေခၚထားရွိၿပီး ယင္းလုပ္ငန္းအမ်ိဳးအစားမ်ားထဲမွ တင္ျပလာပါက ဦးစားေပးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။