“အိုင်စီဂျေမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ သွားရောက်ဖြေရှင်းရတယ်ဆိုကတည်းက န.စ.ကဟာ တရားဝင်အစိုးရဖြစ်တယ်ဆိုတာ ယုံမှားသံသယဖြစ်စရာအကြောင်းမရှိဘူး”လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂျပန်သတင်းဌာနတစ်ခုဖြစ်တဲ့ Asahi Shinbon သတင်းဌာနရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားလိုက်ပါတယ်။
အဆိုပါ Asahi Shinbon သတင်းဌာနက “NUG ဟာ ICJ မှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး ယခု န. စ.က ကတက်ရောက်နေတာကိုတွေ့ရပါတယ်။ ICJ ဟာ ကုလသမဂ္ဂအစိတ်အပိုင်းတစ်ခုလို့ ယခုလို န.စ.က တက်ရောက်ရခြင်းက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ န.စ.ကကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်ပါသလား” ဆိုပြီး မေးခွန်းမေးမြန်းခဲ့တာပါ။
အဆိုပါမေးခွန်းနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတစ်နိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လက်တွေ့ကျကျကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အစိုးရလို့ သတ်မှတ်ယုံကြည်မှုရှိမှသာ နိုင်ငံတကာတရားရုံး(ICJ)က လာရောက်ဖြေရှင်းဖို့ ဖိတ်ခေါ်တာဖြစ်လို့ ယခုလို ICJ မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်စေလွှတ်တဲ့ မြန်မာကိုယ်စားလှယ်တွေ သွားရောက်ရင်ဆိုင်ဖြေရှင်းနေပြီဆိုကတည်းက မြန်မာနိုင်ငံဟာ တရားဝင်အစိုးရဖြစ်တယ်ဆိုတာကို ယုံမှားသံယယဖြစ်စရာအကြောင်းလုံးဝ (လုံးဝ)မရှိဘူး” လို့ ဖြေကြားခဲ့တာပါ။
#mhtnews
(Zawgyi)
“အိုင္စီေဂ်မွာ ျမန္မာ့အေရးနဲ႕ပတ္သက္လို႔ သြားေရာက္ေျဖရွင္းရတယ္ဆိုကတည္းက န.စ.ကဟာ တရားဝင္အစိုးရျဖစ္တယ္ဆိုတာ ယုံမွားသံသယျဖစ္စရာအေၾကာင္းမရွိဟု ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းေျပာ”
“အိုင္စီေဂ်မွာ ျမန္မာ့အေရးနဲ႕ပတ္သက္လို႔ သြားေရာက္ေျဖရွင္းရတယ္ဆိုကတည္းက န.စ.ကဟာ တရားဝင္အစိုးရျဖစ္တယ္ဆိုတာ ယုံမွားသံသယျဖစ္စရာအေၾကာင္းမရွိဘူး”လို႔ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ဂ်ပန္သတင္းဌာနတစ္ခုျဖစ္တဲ့ Asahi Shinbon သတင္းဌာနရဲ႕ေမးျမန္းမႈကို ျပန္လည္ေျဖၾကားလိုက္ပါတယ္။
အဆိုပါ Asahi Shinbon သတင္းဌာနက “NUG ဟာ ICJ မွာ ျမန္မာနိုင္ငံကိုယ္စားျပဳတက္ေရာက္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ယခု န. စ.က ကတက္ေရာက္ေနတာကိုေတြ႕ရပါတယ္။ ICJ ဟာ ကုလသမဂၢအစိတ္အပိုင္းတစ္ခုလို႔ ယခုလို န.စ.က တက္ေရာက္ရျခင္းက နိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႕ န.စ.ကကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳရာေရာက္ပါသလား” ဆိုၿပီး ေမးခြန္းေမးျမန္းခဲ့တာပါ။
အဆိုပါေမးခြန္းနဲ႕ပတ္သက္လို႔ ျပည္ေထာင္စုဝန္ႀကီးက “နိုင္ငံတစ္နိုင္ငံရဲ႕ လက္ရွိအေျခအေနေတြကို လက္ေတြ႕က်က်ကိဳင္တြယ္ေျဖရွင္းနိုင္တဲ့ အစိုးရလို႔ သတ္မွတ္ယုံၾကည္မႈရွိမွသာ နိုင္ငံတကာတရား႐ုံး(ICJ)က လာေရာက္ေျဖရွင္းဖို႔ ဖိတ္ေခၚတာျဖစ္လို႔ ယခုလို ICJ မွာ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ခန့္အပ္ေစလႊတ္တဲ့ ျမန္မာကိုယ္စားလွယ္ေတြ သြားေရာက္ရင္ဆိုင္ေျဖရွင္းေနၿပီဆိုကတည္းက ျမန္မာနိုင္ငံဟာ တရားဝင္အစိုးရျဖစ္တယ္ဆိုတာကို ယုံမွားသံယယျဖစ္စရာအေၾကာင္းလုံးဝ (လုံးဝ)မရွိဘူး” လို႔ ေျဖၾကားခဲ့တာပါ။
#mhtnews
Recent Comments