အိန္ဒိယဗဟိုဘဏ်က နောက်နှစ်မှာ ဒစ်ဂျစ်တယ် ငွေကြေးစနစ်တစ်ခုဖြန့်ချိဖို့ ပတ်သက်တဲ့ စီစဉ်နေတယ်လို့ ဒီတစ်ပတ် အစောပိုင်းက ကြေညာခဲ့ပါတယ်။
ယခုလို အစိုးရက ဒစ်ဂျစ်တယ်ငွေကြေးတွေကို တရားဝင် အသိအမှတ်ပြုဖို့ ပြင်ဆင်နေတဲ့အတွက် Cryptocurrency နဲ့ NFT တို့လို Virtual ပစ္စည်းတွေကို အခွန်ကောက်ဖို့ အဆိုတင်သွင်းထားတယ်လို့ သိရပါတယ်။
စီးပွားရေးဝန်ကြီး Nirmala Sitharaman က “အိန္ဒိယ အစိုးရဟာ Virtual ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်ရာကနေရတဲ့ ဝင်ငွေထဲက ၃၀ ရာခိုင်နှုန်းကို အခွန်ကောက်ယူမယ့် ဥပဒေကို အဆိုတင်သွားထားတယ်” လို့ပြောပါတယ်။
အိန္ဒိယ အစိုးရဟာ Cryptocurrency နဲ့ NFT တွေကို တရားဝင် လက်ခံဖို့ စီစဉ်နေတဲ့အချိန်မှာ ဒီသတင်းထွက်လာတာ ဖြစ်ပြီး အဲဒီ အရာတွေအတွက် ဥပဒေတွေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။
အိန္ဒိယက ဒစ်ဂျစ်တယ် ငွေကြေးဟာ တိုင်းပြည်ရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး စနစ်အပေါ် သက်ရောက်မှုတွေကို လေ့လာနေတဲ့အတွက် ကိုယ်ပိုင် ဒစ်ဂျစ်တယ် ငွေကြေးကို လပေါင်းများစွာ ဆက်လက် စမ်းသပ်ဦးမှာ ဖြစ်ပါတယ်လို့ ဒေသတွင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
#mhtnews
(Zawgyi)
“အိန္ဒိယဗဟိုဘဏ်က နောက်တစ်နှစ်မှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်အသစ်တစ်ခုဖြန့်ချိဖို့ စီစဉ်စမ်းသတ်နေ”
#mhtnews
Recent Comments