အသက် (၁၆) နှစ်နှင့် အထက်ရှိသူ (၃ ဒသမ ၄)သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၄ ရက်)တွင်ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲများကြားမှ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ် ညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် စိစစ်ချက်အရ (၁၆) နှစ်နှင့် အထက်ရှိသူ (၃ ဒသမ ၄)သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ မေ (၃)ရက်မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ(၃)ရက်အထိ (၁၈)လကြာ ဆောင်ရွက်ရမည့် စီမံချက် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ် အရေအတွက် ပြီးစီးအောင်မြင်အောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသအာဏာပိုင်များ၊ အခြားသော ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယခုအခါ စီမံချက်ကာလ (၁၀)လကြာ ရှိပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့သည် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီးဖြစ်ကာ လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးမှုမှာ မကွေး၊ တနင်္သာရီနှင့် မန္တလေးတိုင်းဒေသကြီးတို့သည် လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထက် ပြီးစီးနေပြီဖြစ်သည်။

လက်ရှိကာလအထိ ပြီးစီးရမည့် လျာထားချက်အောက်တွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိနေသဖြင့် ကြုံတွေ့လာသည့် အခက်အခဲအဟန့် အတားများကို ဖြစ်နိုင်သမျှနည်းလမ်းများ ရှာကြံကာလျာထားချက် အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားကြောင်း သိရသည်။

(Zawgyi)

“အသက္ (၁၆) ႏွစ္ႏွင့္ အထက္ရွိသူ (၃ ဒသမ ၄)သန္းေက်ာ္ကို ကိုင္ေဆာင္ကတ္ျပားတစ္မ်ိဳးမ်ိဳးထုတ္ေပးနိုင္ရန္ ပန္းခင္းစီမံခ်က္ ေရးဆြဲေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီေျပာ”

အသက္ (၁၆) ႏွစ္ႏွင့္ အထက္ရွိသူ (၃ ဒသမ ၄)သန္းေက်ာ္ကို ကိုင္ေဆာင္ကတ္ျပားတစ္မ်ိဳးမ်ိဳးထုတ္ေပးနိုင္ရန္ ပန္းခင္းစီမံခ်က္ ေရးဆြဲေဆာင္႐ြက္ရျခင္းျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီကေျပာၾကားသည္။

ယေန႕ (ေဖေဖာ္ဝါရီ ၂၄ ရက္)တြင္ျပဳလုပ္သည့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာနမွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ ပန္းခင္းစီမံခ်က္ လုပ္ငန္းေဆာင္႐ြက္မႈမ်ားႏွင့္ ပတ္သက္၍ ႀကဳံေတြ႕လာသည့္ အခက္အခဲမ်ားၾကားမွ စီမံခ်က္လ်ာထားခ်က္အတိုင္း ၿပီးစီးေအာင္ျမင္ေအာင္ ေဆာင္႐ြက္နိုင္မည့္ အႀကံျပဳသုံးသပ္ ညွိႏွိုင္း အစည္းအေဝး၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုဝန္ႀကီး ဦးခင္ရီက “ေနာင္လာမည့္ေ႐ြးေကာက္ပြဲတြင္ နိုင္ငံသားဆိုင္ရာ ကိုင္ေဆာင္သင့္သည့္ ကတ္ျပားတစ္မ်ိဳးမ်ိဳး ကိုင္ေဆာင္မဲေပးနိုင္ေရးအတြက္ စိစစ္ခ်က္အရ (၁၆) ႏွစ္ႏွင့္ အထက္ရွိသူ (၃ ဒသမ ၄)သန္းေက်ာ္ကို ကိုင္ေဆာင္ကတ္ျပားတစ္မ်ိဳးမ်ိဳးထုတ္ေပးနိုင္ရန္ ပန္းခင္းစီမံခ်က္ ေရးဆြဲေဆာင္႐ြက္ရျခင္းျဖစ္ပါေၾကာင္း၊ ပန္းခင္းစီမံခ်က္သည္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ၂၀၂၁ ခုႏွစ္၊ ေမ (၃)ရက္မွ ၂၀၂၂ခုႏွစ္၊ နိုဝင္ဘာ(၃)ရက္အထိ (၁၈)လၾကာ ေဆာင္႐ြက္ရမည့္ စီမံခ်က္ တစ္ခုျဖစ္ပါေၾကာင္း၊ နိုင္ငံေတာ္၏ အနာဂတ္အတြက္ သတ္မွတ္ကာလအတြင္း လ်ာထားသတ္မွတ္ အေရအတြက္ ၿပီးစီးေအာင္ျမင္ေအာင္ မိမိတို႔ဝန္ႀကီးဌာနအေနျဖင့္ ေဒသအာဏာပိုင္မ်ား၊ အျခားေသာ ဆက္စပ္ဌာနမ်ားႏွင့္ ညွိႏွိုင္းပူးေပါင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။

ယခုအခါ စီမံခ်က္ကာလ (၁၀)လၾကာ ရွိၿပီျဖစ္ၿပီး ယင္းကာလအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္တို႔သည္ တိုင္းလုံးကြၽတ္ လ်ာထားခ်က္ ရာႏႈန္းျပည့္ ၿပီးစီးေအာင္ျမင္ၿပီးျဖစ္ကာ လ်ာထားခ်က္၏ ၉၀ ရာခိုင္ႏႈန္းအထက္ ၿပီးစီးမႈမွာ မေကြး၊ တနသၤာရီႏွင့္ မႏၱေလးတိုင္းေဒသႀကီးတို႔သည္ လ်ာထားခ်က္၏ ၉၀ ရာခိုင္ႏႈန္းအထက္ ၿပီးစီးေနၿပီျဖစ္သည္။

လက္ရွိကာလအထိ ၿပီးစီးရမည့္ လ်ာထားခ်က္ေအာက္တြင္ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတို႔ရွိေနသျဖင့္ ႀကဳံေတြ႕လာသည့္ အခက္အခဲအဟန႔္ အတားမ်ားကို ျဖစ္နိုင္သမွ်နည္းလမ္းမ်ား ရွာႀကံကာလ်ာထားခ်က္ ေအာင္ျမင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆက္လက္ေျပာၾကားေၾကာင္း သိရသည္။