အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုစုပေါင်း (၉)ဖွဲ့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအခြေအနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စများ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ နှစ်ဖက်ဆက်လက် တွေ့ဆုံညှိနှိုင်းရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များမှ တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအား သီးခြားစီတွေ့ဆုံကာ နယ်မြေတည်ငြိမ် အေးချမ်းရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(Zawgyi)
“အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အလြတ္သေဘာ ေတြ႕ဆုံေဆြးႏြေး”
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားသည္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုဌာန၌ ယေန႕ နံနက္ပိုင္းတြင္ အလြတ္သေဘာ ေတြ႕ဆုံေဆြးႏြေးၾကသည္။
ေတြ႕ဆုံေဆြးႏြေးပြဲသို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္၊ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ႏွင့္ ေကာ္မတီအဖြဲ႕ဝင္မ်ား၊ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၊ NCA လက္မွတ္ေရးထိုးထားျခင္းမရွိေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား စုစုေပါင္း (၉)ဖြဲ႕မွ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ား၊ ဗဟိုေကာ္မတီဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္၊ ညွိႏွိုင္းေရးေကာ္မတီဥကၠ႒က တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးေဆြးႏြေးရန္ ဖိတ္ေခၚထားမႈအေျခအေန၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးကိစၥမ်ား၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကိစၥမ်ား၊ ႏွစ္ဖက္ဆက္လက္ ေတြ႕ဆုံညွိႏွိုင္းေရးကိစၥမ်ား၊ ဆက္လက္ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းကိစၥမ်ားကို ရွင္းလင္းေျပာၾကားၿပီး တက္ေရာက္လာသည့္ တိုင္းရင္းသား လက္နက္ကိုင္ကိုယ္စားလွယ္မ်ားမွ တစ္ဖြဲ႕ခ်င္းစီ၏ သေဘာထားမ်ားကို အလြတ္သေဘာ ေဆြးႏြေးေျပာၾကားခဲ့သည္။
မြန္းလြဲပိုင္းတြင္ ညွိႏွိုင္းေရးေကာ္မတီသည္ တက္ေရာက္လာၾကေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလုံးအား သီးျခားစီေတြ႕ဆုံကာ နယ္ေျမတည္ၿငိမ္ ေအးခ်မ္းေရးကိစၥမ်ား၊ ေဒသဖြံ႕ၿဖိဳးေရး၊ က်န္းမာေရးႏွင့္ ေရွ႕ဆက္လက္ ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ေဆြးႏြေးခဲ့ၾကၿပီး လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
Recent Comments