အမေရိကန်နိုင်ငံဟာ မိမိတို့ နိုင်ငံကို ယူကရိန်းအရေးမှာ စစ်အတွင်းဆွဲသွင်းဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် က ပြောကြားလိုက်ပြီး အမေရိကန်ရဲ့ ရည်မှန်းချက်ဟာ အဲဒီထိပ်တိုက်တွေ့ဆုံမှုကို အကြောင်းပြပြီး ရုရှားအပေါ် တားဆီးပိတ်ဆို့မှုတွေ ပိုမိုချမှတ်ဖို့ ဖြစ်တယ်လို့ မစ္စတာ ပူတင် ကပြောပါတယ်။

ဥရောပမှာရှိတဲ့ နေတိုးမဟာမိတ်တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ ရုရှားရဲ့စိုးရိမ်မှုတွေကို လျစ်လျူ ရှုထားတယ်လို့လည်း သီတင်းပတ်များစွာအတွင်းက ပထမဆုံး ထဲထဲဝင်ဝင်ပြောတဲ့ မှတ်ချက်မှာ ပူတင်က ပြောဆိုထားပါသေးတယ်။

ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှား က သံချပ်ကာယာဥ်တွေကနေ လေကြောင်းအင်အားအထိ ပါဝင်တဲ့ တပ်ဖွဲ့တစ်သိန်းလောက်ကိုချထားပါတဲ့အပေါ်မှာ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေနဲ့ ယူကရိန်းတို့က တင်းမာမှုတွေ ရှိနေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ယူကရိန်းကို ကျူးကျော်ဖို့ လုပ်နေတယ်ဆိုတဲ့ အနောက်တိုင်းရဲ့ စွပ်စွဲမှုတွေကိုတော့ ရုရှားက ငြင်းဆိုထားပါတယ်။

“ကျွန်တော့်အတွက်တော့ အမေရိကန်က ယူကရိန်းရဲ့ လုံခြုံရေးကိုစိုးရိမ်တာ အဲလောက်မဟုတ်ပါဘူး။ ရုရှားနိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ က အဓိကလို့ ထင်ပါတယ်။ ဒါ့အတွက်ကြောင့်ပဲ ယူကရိန်းကို အသုံးချနေတာပါ။” လို့ မော်စကိုမှာ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် နဲ့ ဆွေးနွေးပွဲအပြီးမှာ မစ္စတာ ပူတင် ကပြောဆိုခဲ့ပါတယ်။

(Zawgyi)

“အေမရိကန္ဟာ ႐ုရွားကို စစ္အတြင္း ဆြဲသြင္းဖို႔ ႀကိဳးစားေနတယ္လို႔ ႐ုရွားသမၼတ ပူတင္ ေျပာဆို”

အေမရိကန္နိုင္ငံဟာ မိမိတို႔ နိုင္ငံကို ယူကရိန္းအေရးမွာ စစ္အတြင္းဆြဲသြင္းဖို႔ ႀကိဳးစားေနတယ္လို႔ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္ က ေျပာၾကားလိုက္ၿပီး အေမရိကန္ရဲ႕ ရည္မွန္းခ်က္ဟာ အဲဒီထိပ္တိုက္ေတြ႕ဆုံမႈကို အေၾကာင္းျပၿပီး ႐ုရွားအေပၚ တားဆီးပိတ္ဆို႔မႈေတြ ပိုမိုခ်မွတ္ဖို႔ ျဖစ္တယ္လို႔ မစၥတာ ပူတင္ ကေျပာပါတယ္။

ဥေရာပမွာရွိတဲ့ ေနတိုးမဟာမိတ္တပ္ဖြဲ႕ေတြနဲ႕ပတ္သက္တဲ့ ႐ုရွားရဲ႕စိုးရိမ္မႈေတြကို လ်စ္လ်ဴ ရႈထားတယ္လို႔လည္း သီတင္းပတ္မ်ားစြာအတြင္းက ပထမဆုံး ထဲထဲဝင္ဝင္ေျပာတဲ့ မွတ္ခ်က္မွာ ပူတင္က ေျပာဆိုထားပါေသးတယ္။

ယူကရိန္းနဲ႕ နယ္စပ္မွာ ႐ုရွား က သံခ်ပ္ကာယာဥ္ေတြကေန ေလေၾကာင္းအင္အားအထိ ပါဝင္တဲ့ တပ္ဖြဲ႕တစ္သိန္းေလာက္ကိုခ်ထားပါတဲ့အေပၚမွာ အေမရိကန္အပါအဝင္ အေနာက္အုပ္စုေတြနဲ႕ ယူကရိန္းတို႔က တင္းမာမႈေတြ ရွိေနတာျဖစ္ၿပီး ဒါနဲ႕ပတ္သက္လို႔ ယူကရိန္းကို က်ဴးေက်ာ္ဖို႔ လုပ္ေနတယ္ဆိုတဲ့ အေနာက္တိုင္းရဲ႕ စြပ္စြဲမႈေတြကိုေတာ့ ႐ုရွားက ျငင္းဆိုထားပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ အေမရိကန္က ယူကရိန္းရဲ႕ လုံၿခဳံေရးကိုစိုးရိမ္တာ အဲေလာက္မဟုတ္ပါဘူး။ ႐ုရွားနိုင္ငံရဲ႕ ဖြံ႕ ၿဖိဳးတိုးတက္မႈကို ထိန္းခ်ဳပ္ဖို႔ က အဓိကလို႔ ထင္ပါတယ္။ ဒါ့အတြက္ေၾကာင့္ပဲ ယူကရိန္းကို အသုံးခ်ေနတာပါ။” လို႔ ေမာ္စကိုမွာ ဟန္ေဂရီ ဝန္ႀကီးခ်ဳပ္ ဗစ္တာ ေအာ္ဘန္ နဲ႕ ေဆြးႏြေးပြဲအၿပီးမွာ မစၥတာ ပူတင္ ကေျပာဆိုခဲ့ပါတယ္။