အမေရိကန်အစိုးရရဲ့ အကူအညီပေးရေးအေဂျင်စီတခုဖြစ်တဲ့ Millennium Challenge Corportaion (MCC) ဟာ နီပေါမှာ လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းနဲ့ ၁၈၇ မိုင်အထိရှိမယ့် လျှပ်စစ်ဓာတ်အားလိုင်းအတွက် ထောက်ပံ့ငွေဒေါ်လာသန်း ၅၀၀ ပံ့ပိုးပေးမယ့်အစီအစဥ်ကို သဘောမတူတဲ့ ပြည်သူတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို နီပေါအာဏာပိုင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲနှိမ်နင်းခဲ့ရာက ဆန္ဒပြသူအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်အစိုးရရဲ့ ဖော်ပြပါ အကူအညီပေးရေးအေဂျင်စီဟာ နီပေါမှာ လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းနဲ့ ၁၈၇ မိုင်အထိရှိမယ့် လျှပ်စစ်ဓာတ်အားလိုင်းအတွက် ထောက်ပံ့ငွေဒေါ်လာသန်း ၅၀၀ ပံ့ပိုးပေးဖို့ ၂၀၁၇ မှာ သဘောတူညီခဲ့ပြီး လက်ရှိမှာ ပါလီမန်အတွင်း အတည်ပြုချက်ရယူဖို့ တင်ပြထားစဉ်မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါ။

အဆိုပါ ထောက်ပံ့ကြေးတွေဟာ ပြန်လည်ပေးဆပ်စရာမလိုအပ်သလို ပူးတွဲပါအခြေအနေတွေလည်းမရှိဘူးလို့ အစိုးရက ပြောဆိုခဲ့ပေမယ့် အတိုက်အခံတွေကတော့ ဒီသဘောတူညီချက်ဟာ နီပေါဥပဒေတွေနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပြီး အခြေခံအဆောက်အအုံစီမံကိန်းကို ညွှန်ကြားတဲ့ ဘုတ်အဖွဲ့ရဲ့ ကြီးကြပ်မှုမလုံလောက်ဘူးလို့လည်း ပြောဆိုခဲ့ကာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပေမယ့် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီး Gyanendra Bahadur Karki ကတော့ ပါလီမန်မှာ သဘောတူညီချက်ကို တင်ပြခဲ့ပြီး ဒီစီမံကိန်​ေးတွဟာ နီပေါလူဦးရေ သန်း ၃၀ ထဲက ၂၄ သန်းအတွက် အကျိုးဖြစ်ထွန်းစေနိုင်မယ်လို့ ပြောဆိုခဲ့ကြောင်း CNN က ဖော်ပြခဲ့ပါတယ်။

နီပေါမှာရှိတဲ့ အမေရိကန်သံရုံးကလည်း MCC ထောက်ပံ့ငွေ ဒေါ်လာသန်း ၅၀၀ ဟာ “အမေရိကန်ပြည်သူတွေဆီက လက်ဆောင်ဖြစ်ပြီး နီပေါအတွက် အလုပ်အကိုင်နဲ့ အခြေခံအဆောက်အအုံတွေကို ဆောင်ကျဉ်းပေးကာ နီပေါလူမျိုးတွေရဲ့ ဘ၀တိုးတက်ကောင်းမွန်စေလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

နီပေါနိုင်ငံဟာ နိုင်ငံခြားအကူအညီအပေါ် ကြီးကြီးမားမားမှီခိုနေရတဲ့ နိုင်ငံတစ်ခုဖြစ်သော်လည်း အမေရိကန်ရဲ့အထောက်အပံ့ကို မခံယူလိုတဲ့အတွက် ယခုလိုငြင်းဆန်နေတာပဲဖြစ်ပါတယ်။

(Zawgyi)

“အေမရိကန္ကေပးမယ့္ အေထာက္အပံ့ ေဒၚလာသန္း ၅၀၀ ကို လက္မခံဖို႔အတြက္ ဆႏၵျပတဲ့ နီေပါျပည္သူေတြကို ရဲတပ္ဖြဲ႕ကႏွိမ္နင္း”

အေမရိကန္အစိုးရရဲ႕ အကူအညီေပးေရးေအဂ်င္စီတခုျဖစ္တဲ့ Millennium Challenge Corportaion (MCC) ဟာ နီေပါမွာ လမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းနဲ႕ ၁၈၇ မိုင္အထိရွိမယ့္ လွ်ပ္စစ္ဓာတ္အားလိုင္းအတြက္ ေထာက္ပံ့ေငြေဒၚလာသန္း ၅၀၀ ပံ့ပိုးေပးမယ့္အစီအစဥ္ကို သေဘာမတူတဲ့ ျပည္သူေတြဟာ လမ္းေပၚထြက္ဆႏၵျပခဲ့ၾကတဲ့ ျပည္သူေတြကို နီေပါအာဏာပိုင္ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံး၊ မီးသတ္ပိုက္ေတြနဲ႕ လူစုခြဲႏွိမ္နင္းခဲ့ရာက ဆႏၵျပသူအနည္းငယ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြနဲ႕ တာဝန္ရွိသူေတြက ေျပာဆိုခဲ့ၾကပါတယ္။

အေမရိကန္အစိုးရရဲ႕ ေဖာ္ျပပါ အကူအညီေပးေရးေအဂ်င္စီဟာ နီေပါမွာ လမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းနဲ႕ ၁၈၇ မိုင္အထိရွိမယ့္ လွ်ပ္စစ္ဓာတ္အားလိုင္းအတြက္ ေထာက္ပံ့ေငြေဒၚလာသန္း ၅၀၀ ပံ့ပိုးေပးဖို႔ ၂၀၁၇ မွာ သေဘာတူညီခဲ့ၿပီး လက္ရွိမွာ ပါလီမန္အတြင္း အတည္ျပဳခ်က္ရယူဖို႔ တင္ျပထားစဥ္မွာ ဆႏၵျပမႈေတြျဖစ္ပြားခဲ့တာပါ။

အဆိုပါ ေထာက္ပံ့ေၾကးေတြဟာ ျပန္လည္ေပးဆပ္စရာမလိုအပ္သလို ပူးတြဲပါအေျခအေနေတြလည္းမရွိဘူးလို႔ အစိုးရက ေျပာဆိုခဲ့ေပမယ့္ အတိုက္အခံေတြကေတာ့ ဒီသေဘာတူညီခ်က္ဟာ နီေပါဥပေဒေတြနဲ႕ အခ်ဳပ္အျခာအာဏာကို ထိခိုက္ေစနိုင္ၿပီး အေျခခံအေဆာက္အအုံစီမံကိန္းကို ၫႊန္ၾကားတဲ့ ဘုတ္အဖြဲ႕ရဲ႕ ႀကီးၾကပ္မႈမလုံေလာက္ဘူးလို႔လည္း ေျပာဆိုခဲ့ကာ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

ဆႏၵျပမႈေတြ အႀကီးအက်ယ္ျဖစ္ပြားခဲ့ေပမယ့္ ဆက္သြယ္ေရးနဲ႕ သတင္းအခ်က္အလက္နည္းပညာဝန္ႀကီး Gyanendra Bahadur Karki ကေတာ့ ပါလီမန္မွာ သေဘာတူညီခ်က္ကို တင္ျပခဲ့ၿပီး ဒီစီမံကိန္ေးတွဟာ နီေပါလူဦးေရ သန္း ၃၀ ထဲက ၂၄ သန္းအတြက္ အက်ိဳးျဖစ္ထြန္းေစနိုင္မယ္လို႔ ေျပာဆိုခဲ့ေၾကာင္း CNN က ေဖာ္ျပခဲ့ပါတယ္။

နီေပါမွာရွိတဲ့ အေမရိကန္သံ႐ုံးကလည္း MCC ေထာက္ပံ့ေငြ ေဒၚလာသန္း ၅၀၀ ဟာ “အေမရိကန္ျပည္သူေတြဆီက လက္ေဆာင္ျဖစ္ၿပီး နီေပါအတြက္ အလုပ္အကိုင္နဲ႕ အေျခခံအေဆာက္အအုံေတြကို ေဆာင္က်ဥ္းေပးကာ နီေပါလူမ်ိဳးေတြရဲ႕ ဘ၀တိုးတက္ေကာင္းမြန္ေစလိမ့္မယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

နီေပါနိုင္ငံဟာ နိုင္ငံျခားအကူအညီအေပၚ ႀကီးႀကီးမားမားမွီခိုေနရတဲ့ နိုင္ငံတစ္ခုျဖစ္ေသာ္လည္း အေမရိကန္ရဲ႕အေထာက္အပံ့ကို မခံယူလိုတဲ့အတြက္ ယခုလိုျငင္းဆန္ေနတာပဲျဖစ္ပါတယ္။